အောင်ပွဲဆိုသည်မှာ လက်နက်ကိုင်တပ်၏အောင်ပွဲသက်သက်မျှမဟုတ်ပေ

အောင်ပွဲဆိုသည်မှာ လက်နက်ကိုင်တပ်၏
အောင်ပွဲသက်သက်မျှမဟုတ်ပေ။ 

အဆုံးစွန်သော နိုင်ငံရေးရည်မှန်းချက်များ၏
အောင်မြင်မှုဖြစ်ပြီး စစ်ရေးဆောင်ရွက်ချက်မှာ
လုံခြုံမှုရရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။

( လက်ရှိပုံဖော်နေတဲ့စစ်ရေးဆိုတာ သူတို့သွားမည့်
လမ်းကြောင်းအတွက် လုံခြုံရေးဆောင်ရွက်နေတယ်
ဆိုတာကို မြင်နိုင်တယ်။

ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ သူပုန်မွေးပြီး
သူသွားမည့်လမ်း အန္တရာယ်ကင်းအောင်
အစောင့်ချထားတဲ့သဘောပဲ။ )

စစ်မြေပြင်တွင် ရန်သူကို စိန်ခေါ်ခြင်းထက်များစွာ
ပိုကောင်းသော အရာမှာ ရန်သူ၏ စိတ်ဓာတ်ကိုလျော့ပါးစေခြင်း သို့မဟုတ် ရန်သူအားလွတ်မြောက်ဖို့မဖြစ်နိုင်သည့် မနှစ်မြို့ဖွယ်ရာ အနေအထားရောက်အောင် လှည့်စား
ပို့ဆောင်ခြင်းဖြစ်သည်။

( လောက်ကိုင်ကို အထက်ပါ သဘောတရားအတိုင်း
လုပ်သွားတယ်။ လားရှိုးကိုလဲ အဲဒိအတိုင်းလုပ်ဦးမှာပဲ) 

ဒီနေ့အရေးရဲ့ အလှည့်အပြောင်းက ၁၀၂၇ က စတယ်။

၂၀၂၃ ခုနှစ် ၁၁ လ ပိုင်းထဲမှာ တပ်ချုပ်ကြီး နေပြည်တော်စစ်ဆေးရုံကိုရောက်လာပြီး ဒဏ်ရာရ
စစ်သည်တွေနဲ့အတူ ကယား၊ အရှေ့မြောက်စစ်သည်
တွေကို တွေ့ဆုံရင်း၊

'' ငါတို့ပြန်တိုက်မယ်ဆိုပြီး '' အားပေးစကားပြောသွားတယ်။

တကယ့်တကယ်တမ်းကျတော့ သူမျှော်လင့်ထားသလို
မဖြစ်လာပဲ လောက်ကိုင်က အကြီးမားဆုံးလက်နက်ချမှု
ဖြစ်သွားတယ်။

အဲဒိအကျိုးဆက်က ရခိုင်နဲ့အတူ အခြားစစ်မြေပြင်က
စစ်သားတွေဆီ ကူးစက်သွားတယ်။ 

ဘာ့ကြောင့် ရှမ်းမြောက်မှာ လူထောင်နဲ့ချီပြီး
အလွယ်တကူ လက်နက်ချသွားသလဲ။

'' သူတို့၏မျက်စိများ အကျင့်ပျက်စေရန် ဝတ်ကောင်းစားလှများနှင့် ယာဥ်များပေးပါ။
သူတို့၏ ပါးစပ်များ အကျင့်ပျက်ရန် စားကောင်း
သောက်ဖွယ်များပေးပါ။ သူတို့၏နားများ အကျင့်
ပျက်ရန် တေးဂီတနှင့် အမျိုးသမီးများပေးပါ။
သူတို့၏ဝမ်းဗိုက်များ အကျင့်ပျက်ရန် အဆောက်အဦ
မြင့်များ၊ စပါးကျီများ စေခံများ ထောက်ပံ့ပါ။
လာရောက်အညံ့ခံသူများကိုကား သူတို့၏စိတ်ထားများ
ပျက်ပြားစေရန် ဧကရာဇ်သည် လက်ခံကြိုဆိုသည့်
ပါတီပွဲများကျင်းပပေးခြင်းဖြင့် ဂုဏ်ပြုရမည်။
ယင်းပါတီပွဲတွင် ဧကရာဇ်သည် ဝိုင်အရက်နှင့်
အစားအသောက်များကို ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံ
ပြုစုရမည်။ ''

ဤအချက်များကို ငါးစာငါးမျိုး ဟု ခေါ်နိုင်သည်။

ရှမ်းမြောက်မှာ လက်နက်ချသွားတဲ့ သူတွေကို သတိပြုကြည့်ရင် အရက်ဝိုင်းနဲ့ ဧည့်ခံသွားတာတွေ့ရလိမ့်မည်။

စစ်တိုက်တာပဲဖြစ်ဖြစ်၊ အားကစားလုပ်တာပဲ ဖြစ်ဖြစ်၊
ဘဝနေထိုင်မှုအတွက် ရုန်းကန်လှုပ်ရှားတာပဲ ဖြစ်ဖြစ်၊
motivation speaker တွေ အောင်မြင်ဖို့ ဟောပြောတာပဲ ဖြစ်ဖြစ်၊ အောင်မြင်သူတွေရဲ့ပြောဆိုမှုတွေပဲဖြစ်ဖြစ်၊

joel osteen ဘုရားကျောင်းမှာ ပြောဆိုတာသည်လဲ စိတ်ကိုထားတတ်ဖို့ပဲ ဖြစ်သလို၊ 

ဆရာတော်ကြီးတွေ တရားဟောနေတာသည်လဲ ဒီစိတ်ကလေးအကြောင်းပဲ....

အနှစ်ချုပ်ရင် ဒီ စိတ်ဓာတ်က အရေးအကြီးဆုံးပဲ

တကယ်တော့ ကျနော်တို့ နေ့စဥ်လှုပ်ရှားသွားလာ
ရုန်းကန်နေတဲ့ ခန္ဓာကိုယ်ကြီးကို ခြေလက်တွေက သယ်ဆောင် ထားပေမယ့် မမြင်နိုင်တဲ့ ကျနော်တို့ရဲ့
စိတ်က မောင်းနှင်နေတာပဲ ဖြစ်သလို၊

အနှစ်ချုပ်ရင် စိတ်ဓာတ်ကအရေးအကြီးဆုံးပဲ မဟုတ်လား။

ဒီနေ့တပ်မတော်သားတွေသည် စိတ်ဓာတ်ရေးရာအရ
လွှမ်းမိုးခံလိုက်ရတာ

( ဥပမာ - လူတစ်ယောက်ကို မင်းကိုကြည့်ရတာ ဖျားနေသလိုပဲ နေမကောင်းဘူးလားဆိုပီး တစ်ယောက်က
မေးလိုက်၊ အဲဒိလိုပဲ အခြားတစ်ယောက်ကမေးလိုက်၊
တစ်ယောက်ပီး တစ်ယောက် မေးနေလိုက်

နောက်နေ့တွေကျရင် အဲဒိလူ တကယ်ဖျားသွားလိမ့်မယ်။

ဒါက ဆိုက်ကိုသဘော )

ဒီနေရာမှာ စဥ်းစားစရာက ရန်သူကရော ဘာသားနဲ့
ထုထားလို့လဲ...သူတို့လဲ လူတွေပဲ မဟုတ်လား။
( အင်အားတွေ အဆမတန်သုံး ဆေးချပြီး ၁၃ နှစ်အရွယ် မိန်းကလေးကအစ အသေခံတိုက်ခိုင်းနေတာ) 

ဒါ့ကြောင့် တပ်မတော်အနေနဲ့ ကြီးကြီးမားမား
အောင်မြင်မှုတစ်ခုကို တစ်နေရာရာက မဖြစ်
မနေရယူဖို့လိုတယ်။

လင်ကွန်းလဲ တောက်မြောက်စစ်ပွဲဖြစ်တော့
ဤစစ်သည် ကျွန်ုပ်ကို တဖြည်းဖြည်း သတ်လျက်
ရှိသည်လို့ ဆိုခဲ့ပေမယ့် သူကျော်လွှားနိုင်ခဲ့တယ်။

အာဆတ်လဲ ဆီရီးယားတစ်ဝက်လောက်သိမ်းထားတဲ့
အိုင်စစ်တွေကို ကျော်လွှားနိုင်ခဲ့တယ်။

ရုရှားတွေလဲ ချေချင်းညှာ ပထမ စစ်ပွဲမှာ မအောင်မြင်ဘူး။ ငြိမ်းချမ်းရေး ၃ နှစ်ယူလိုက်တော့ အနားပေး အစားကျွေးပီး အားမွေးခိုင်းသလိုဖြစ်ကာ မျှော်လင့်ချက်ပိုကြီး
သွားကာ ခွဲထွက်မယ်ဆိုပြီး ဒုတိယအကြိမ်တိုက်တဲ့အချိန်မှာ ပူတင်တက်လာကာ ရက်ရက်စက်စက် နှိမ်နင်းပစ်လိုက်မှ အောင်မြင်မှုရသွားတာ...

ဥပမာ မြန်မာနိုင်ငံမှာ ဝ တို့ kia knu တို့က ဒီနေ့
အခင်းအကျင်းမှာ အဓိကဆောင်ရွက်သွားတာ

ရှင်းရှင်းလေးပဲ ရန်သူကို ကိုယ်က အလုပ်မပေးရင်
ရန်သူက ကိုယ့်ကိုယ်အလုပ်ပေးမှာပဲ...

တကယ်လို့ ပူတင်သာ အဲဒိအချိန် မလုပ်နိုင်ရင်
ရုရှားက ယနေ့လိုအခြေအနေရှိမှာ မဟုတ်ဘူး။

အမေရိကန်တွေဟာ ဆိုဗီယက်ပြိုကွဲပီးတာတောင်
မကျေနပ်သေးဘူး။ 

ရုရှားနိုင်ငံကို အနှစ် ၂၀ အတွင်း ထပ်ပီးခွဲသေးတယ်။

လက်ရှိချေချင်းညှာခေါင်းဆောင် ပူတင်နဲ့လာတွေ့ရင်
သတိပြုကြည့်လိုက် ဝပ်နေတာပဲ...

ဒီလိုပဲ တချိန်က kia ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန် ဦးခင်ညွန့်တို့နဲ့ တွေ့တဲ့အချိန်မှာ ဘာအဝတ်အစားနဲ့ထင်ပါသလဲ....

ပုဆိုးနဲ့ တိုက်ပုံနဲ့ပါ။ သူပုန် ယူနီဖောင်းနဲ့ မဟုတ်ဘူး။

ဆိုလိုချင်တာက သူပုန်ဆိုတာ သူ့ကိုယ်သူ သူပုန်လို့
သိတယ်။ 

ဦးခင်ညွန့်စာအုပ်တွေထဲမှာ မြင်နိုင်တယ်။

ဦးခင်ညွန့်နဲ့ ဖထီးစောဘိုမြနဲ့တွေ့တဲ့ ဗီဒီယိုဖိုင်မှာလဲ
ကရင်အမျိုးသားအဝတ်အစားကြီးနဲ့...

NCA ဇာတ်လမ်းကနေ သူပုန်က သူပုန်လို့မထင်တော့ပဲ
ယူနီဖောင်းတွေဝတ် မြို့ပေါ်တွေတက်ပြီး တန်းလာညှိသွားတာ

ထာဝရငြိမ်းချမ်းရေးသည် နည်းလမ်း ၂ ခုအနက်
တစ်ခုဖြစ်လာလိမ့်မည် ဟု ဒဿနပညာရှင် အီမန်
နျူရယ်ကန့်က ဆိုတယ်။

ပထမနည်းလမ်းမှာ လူ့ထိုးထွင်းဥာဏ်နှင့်
ဒုတိယနည်းလမ်းမှာ လူသားများကို တခြားရွေးချယ်စရာ
ချန်မထားသည့် ပဋိပက္ခနှင့် ကပ်ဘေး ဖြစ်သည်။

ကျွန်တော်တို့နိုင်ငံက ဒုတိယနည်းလမ်းမှာရှိနေတယ်။

အသက် ၄၇ နှစ်လောက်နဲ့ ယဲ့ဆင်မလုပ်နိုင်တော့တဲ့
ရုရှားနိုင်ငံကြီးကို ပြန်တည်ဆောက်ပြီး ယနေ့လိုနိုင်ငံ
ပေါင်း ၃၀ ကျော်အထောက်အပံ့နဲ့ စစ်တိုက်နိုင်ဖို့ သူ
သည် ချေချင်းညှာအရေးကို သင်ခန်းစာယူပြီး ရုရှားတပ်မတော်ကို ပြန်သုံးသပ်ပြီး တည်ဆောက်နိုင်ခဲ့လို့ပဲ
ဆိုတာကို လေ့လာကြည့်ရင် မြင်နိုင်တယ်။

သူတာဝန်ထမ်းဆောင်စဥ်ကာလတစ်လျှောက်လုံး
ရုရှားနိုင်ငံအတွက် ဘယ်လောက်စိတ်နှစ်ပီး ရေရှည်မျှော်တွေးကာ အလုပ်လုပ်ခဲ့သလဲဆိုတာ ယူကရိန်းစစ်
မှာ မြင်နိုင်တယ်။

အရာအားလုံးကို ကြိုတင်မျှော်တွေး ထားလို့သာ
ဒီနေ့စစ်ကို သူတိုက်နိုင်တာ

ယဲ့ဆင် အကြောင်းကိုလေ့လာကြည့်ရင် ဆိုဗီယက်ပြိုကွဲပြီး ရုရှားနိုင်ငံကို သူစတင်ကိုင်တွယ်ခဲ့ရပေမယ့်၊ သူတာဝန်ယူခဲ့တဲ့ ၈ နှစ်လုံး ပြဿနာတွေချည်းပဲ ဖြစ်သလို၊
ဒါတွေကို မကိုင်တွယ်နိုင်တဲ့အတွက် တောင်းပန်ပြီး နှုတ်ထွက်သွားတာကို မြင်နိုင်တယ်။

သူ့သမီးကို အကြံပေးခန့်တယ်။ သူနဲ့အတူ သူ့လူတွေ
အားလုံးသည် အကျိုးစီးပွားတွေ အရမ်းရှုပ်ထွေးတယ်။

ပူတင်တက်ပီး လပိုင်းအကြာမှာပဲ သူ့သမီးကို
ဖြုတ်ပစ်လိုက်တယ်။

ယဲ့ဆင်လက်ထက် လုပ်ဆောင်ခဲ့တာတွေကို အကုန်ပြောင်းပြန်လှန်ပစ်လို့ စီးပွားရေးသမားတွေ ထွက်ပြေးရတယ်။

ရုရှားစီးပွားရေး ပြန်တက်လာတယ်။

အိမ်တအိမ်မှာ အိမ်ထောင်ဦးစီးက အရေးကြီးသလို
နိုင်ငံတစ်နိုင်ငံမှာလဲ ဦးဆောင်သူကောင်းတစ်ယောက်
ရရင် ဘယ်လောက်ထိပြောင်းလဲတယ်ဆိုတာကို 
ယဲ့ဆင်လက်ထက်နဲ့တခြားစီပဲဆိုတာ
google မှာ ရှာကြည့်နိုင်တယ်။

 
ရှုထောင့်တစ်ခုအရ ကြည့်မယ်ဆိုရင်တော့
နောင်တချိန်မှာ တပ်မတော်ဟာ ပိုမိုကောင်းမွန်တဲ့
တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပိုမိုကောင်းမွန်တဲ့
တပ်မတော်ဖြစ်လာမယ်။

ဘာ​ကြောင့် အဲဒိလိုပြောရသလဲဆိုရင်

အရင်ခေတ်က လူကြီးတွေ ရေးထားတဲ့
စာအုပ်တွေထဲကနေ ပြန်ရှာကြည့်ရင်
စစ်သားတွေကို မြင်ရတယ်။

ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ရေး ပထမ၊ ဒုတိယ၊
တတိယနဲ့ တပ်မတော်ထဲဝင်လာခဲ့သူတွေကိုး

တိုက်ပွဲပြီး တိုက်ပွဲကို ကြုံခဲ့ရတာက
အသက် ၉၀ တန်း ၁၀၀ တန်းမျိုးဆက်တွေ

သူတို့က ဒုဗိုလ်ကနေ  ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အထိ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမျိူးဆက်

ဘာ့ကြောင့်လဲဆိုတော့ မော်စီတုန်းလွန်မှ တိန့်ရှောင်ဖိန်
တက်ပြီးပြုပြင်ပြောင်းလဲရေးလုပ်မှ တော်လှန်ရေးတင်ပို့
တာကြီးရပ်တန့်သွားကာ ၁၉၈၅ ဦးနေဝင်းနဲ့ တိန်ရှောင်ဖိန်တွေ့ပြီးမှ ယုံကြည်ရသူလို့ သတ်မှတ်ပြီး စစ်ပွဲတွေက
ရပ်သွားတာ

ဦးခင်ညွန့် ငြိမ်းချမ်းရေးလုပ်လို့ရတာ အဲဒါကြောင့်

စစ်ဆင်ရေးပြီး စစ်ဆင်ရေးမျိုးဆက်ရဲ့
အမွေကို ဘယ်သူတွေရသလဲဆိုတော့
အသက် ၇၀ တန်းနဲ့ ရှစ်ဆယ်တန်း

ဥပမာ ဗိုလ်ချုပ်ကြီးကျော်ဘက စစ်ဆင်ရေး g 1
သမ္မတကြီး ဦးသိန်းစိန်က g 3 

သူတို့ကလဲ ငယ်ဘဝထဲက တောက်လျှောက်စစ်တိုက်ခဲ့ပြီး၊ သူတို့ကြီးလာတော့ စျေးကွက်စီးပွားရေးကျင့်သုံးတာကို ကြုံခဲ့ရတယ်။

၁၉၉၂ မှ ငြိမ်းချမ်းရေးနဲ့ တည်ဆောက်ရေးကာလကို
သွားတာကိုး၊ 

သူပုန်က အရင် တပ်မတော် နှစ် ၂၀ ကျော်
ငြိမ်းချမ်းရေးခြေရာကို လိုက်နင်းနေတာ

မယုံရင်ကြည့်နေ သူတို့ပျက်စီးသွားလိမ့်မယ်။

ဘာ့ကြောင့်လဲဆိုတော့ တရုတ်က ငါးစာငါးမျိုးနဲ့
ထိန်းကျောင်းသွားဦးမှာ

စာအုပ်တွေလိုက်ဖတ်ကြည့်၊ ဖတ်ရင်းစဥ်းစားကြည့်
သူတို့ရေးထားတာတွေက သူတို့ဘဝ အတွေ့အကြုံတွေကို အခြေခံပြီးရေးထားတာဖြစ်သလို တိုက်ပွဲတွေနဲ့ စစ်သားဘဝကို မြင်ရတယ်။

ဥပမာ နိုင်ငံခြားက စာအုပ်တွေလို 
နိုင်ငံရေးနောက်ခံတွေနဲ့ တိုက်ပွဲဖြစ်စေတဲ့ အကြောင်းတရားတွေကို ယှက်နွယ်ပြီးရေး
ထားတာ မဟုတ်ဘူး။

စာရေးဆရာ မြတ်ထန်၊ ဖျာပုံတင့်ဆွေတို့ ၊ ဖြတ်လေးဖြတ် ဗိုလ်မှူးချုပ် သန်းတင်၊ နပိုလီယံ၊ ကဒူးမှမော်ဖသို့ အစရှိသဖြင့် အဲဒိခေတ်က လူကြီးတွေရဲ့ စိတ်နေစိတ်ထား၊ စစ်သားစိတ်၊ ရဲဘော်ရဲဘက် သံယောဇဥ်တရား၊ လုပ်ကိုင်ဆောင်ရွက်ပုံ ဘဝအငြိမ်းစားယူတဲ့အချိန်မှာ ဘယ်လိုနေထိုင်တယ် ။

အဲဒိစိတ်နေစိတ်ထားမျိုးကို ၇၀ ၈၀ တန်းက ရလိုက်တယ်။ ရဲဘော်ရဲဘက် သံယောဇဥ်တရား စစ်သားစိတ်

လက်ရှိတပ်မတော်မှာ စစ်ရေအဝဆုံးမျိုးဆက်က
၄၀ တန်းမျိုးဆက်၊ ၃၀ တန်းမျိုးဆက်က ၂၀၁၈ ရခိုင် ၂၀၂၁ နဲ့ စကြုံရမယ်။ 

အဲဒိမျိုးဆက်က ၉၀ တန်း ၁၀၀ တန်းမျိုးဆက်နဲ့
သွားတူသလို၊ ၇၀ တန်း ၈၀ တန်းရဲ့ ငယ်ဘဝပုံစံမျိုးနဲ့သွားတူတယ်။

 ဘာ့ကြောင့်လဲဆိုတော့ သူတို့က ဒီမိုအစ
၂၀၁၁ ကချင်၊ ၂၀၁၅ လောက်ကိုင်၊ ၂၀၁၈
ရခိုင်၊ ၂၀၂၁ တိုက်ပွဲပြီး တိုက်ပွဲ ခြေလျင်
ခြေမြန်အဆင့်မှာချည်းပဲ ကြုံတွေ့နေရတာ၊

သူတို့က တိုက်ပွဲကို တနေရာလောက်မှာပဲ ခြေလျင်
ခြေမြန်တပ်ရင်းမှာနေပြီး ကြုံတွေ့ခဲ့တာမျိုးမဟုတ်ပဲ၊
ဒီ ၁၅ နှစ်အတွင်း ခြေလျင်ခြေမြန်ဝဲဂယက်ထဲမှာပဲ
ရှိနေပြီး တိုက်ပွဲပြီး တိုက်ပွဲကြုံနေရတာ

အဲဒိကြားထဲ မသေတဲ့လူကတော့ ကံအကောင်းဆုံး
လူသားပေါ့....

အသေအပျောက် ဆုံးရှုံးမှုအများဆုံးသည်လဲ
တပ်မတော်ထဲမှာ ၄၀ တန်းနဲ့ ၃၀ တန်းမျိုးဆက်
အများဆုံး ဖြစ်နေလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့
 သူတို့က တိုက်ပွဲတွေအကုန်လုံးကို မှီနေတာ....

အထူးသဖြင့် ၄၀ တန်းတွေ

လက်ရှိတပ်မတော်ကို အခက်အခဲတွေ ကျဥ်းထဲကြပ်ထဲကနေ မြေပြင်မှာ ဦးဆောင် ထိန်းကျောင်းပြီး ခေါ်နေတာ အဲဒိ ၄၀ တန်းမျိုးဆက်တွေ 

ကျနော်ပြောတာ မယုံရင် ဆန်းစစ်ကြည့်။

တပ်မတော်သားတွေရဲ့အသက်အပိုင်းအခြား
ကာလတွေနဲ့အတူ ဘယ်အပိုင်းအခြားက တိုက်ပွဲ
တွေနဲ့ လွတ်တယ်ဆိုတာကိုပါ မြင်ရလိမ့်မယ်။

ဒါ့ကြောင့် ကျနော့်အမြင်အရ နောင်တချိန်တပ်မတော်သည် ပိုမိုကောင်းမွန်တဲ့ တပ်မတော်နဲ့ တပ်မတော်သား
တွေကို ပိုင်ဆိုင်လိမ့်မယ်လို့ ယုံကြည်တယ်။

ရုရှားက ချေချင်းညှာစစ်ပွဲကိုသုံးသပ်ပြီး ပြန်တည်ဆောက်ခဲ့တယ်။

တရုတ်တွေသည် ဆွန်ဇူးတို့ ကွန်ဖြူးရှပ်တို့ကို အလွန်အလေးထားသည့်အတွက် သူတို့ ဘယ်လိုစဥ်းစားသလဲ တွေးကြည့်တာ

သူတို့က ရန်သူကို စိတ်ဓာတ်ရေးရာအရ လွှမ်းမိုးဖို့
ကြိုးစားတာ...

မိုဒီက အရှေ့ကိုလဲ မျှော် အနောက်ကိုလဲ ချိတ်ဆက်တဲ့

လက်ရှိလဲ အရှေ့ကိုတိုက်ပြီး အနောက်ဘက် 
ရခိုင်ကိုပါပုံဖော်သွားမှာလား။

မော်စီတုန်းရဲ့ ဆရာဝန်က ၁၉၆၉ ခုနှစ်က မော် နဲ့
စကားပြောခဲ့ပုံကို ပြန်ပြောခဲ့သည်မှာ

မင်းစဥ်းစားကြည့်စမ်း- တစ်နေ့မှာ ဆိုဗီယက်ယူနီယံက
မြောက်နဲ့ အနောက်မှာရှိတယ်။ အိန္ဒိယက တောင်ဘက်မှာ
ဂျပန်က အရှေ့ဘက်မှာ တို့ရန်သူအားလုံး စုစည်းမိပြီး
တို့ကို အရှေ့အနောက်တောင်မြောက်ကနေပြီး ဝိုင်းတိုက်ရင် တို့ဘာလုပ်သင့်တယ် မင်းထင်သလဲ။

မော်ရဲ့ဆွေးနွေးဘက် ဆရာဝန်က စိတ်ရှုပ်သွားတဲ့အခါ
မော် က ထပ်စဥ်းစားစမ်းကွ၊ ဂျပန်ရဲ့ဟိုဘက်မှာ အမေရိကန်ပြည်ထောင်စုရှိတယ်။

'' တို့ရဲ့ဘိုးဘေးတွေက အနီးကလူတွေနဲ့တိုက်ခိုက်နေတဲ့
အချိန်မှာ အဝေးက နိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းရမယ်လို့
အကြံပေးခဲ့တယ် မဟုတ်လား။ ''

Post a Comment

Previous Post Next Post