ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် လေးပေခန့်၊ ရွှေကူမြို့တွင် သုံးပေခန့်နှင့် ကသာမြို့တွင် တစ်ပေခန့် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေ

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် လေးပေခန့်၊ ရွှေကူမြို့တွင် သုံးပေခန့်နှင့် ကသာမြို့တွင် တစ်ပေခန့် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေ

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် လေးပေခန့်၊ ရွှေကူမြို့တွင် သုံးပေခန့်နှင့် ကသာမြို့တွင် တစ်ပေခန့် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း ဇူလိုင် ၄ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဇူလိုင် ၄ ရက် နေ့ လယ် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် စိုးရိမ် ရေမှတ်အထက်သို့ လေးပေခန့် ကျော်လွန် ရောက် ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင် ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် လည်း ကောင်း၊ ရွှေကူမြို့တွင် စိုးရိမ်ရေမှတ်အထက် သို့ သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆို ပါမြစ်ရေသည် လာမည့် တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ကသာ မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေ သည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ် အထက်လည်းကောင်း အသီးသီးဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။
4.Jul.2024;Thu

Post a Comment

Previous Post Next Post