ရှမ်းမြောက်ရဲ့ နောက်ဆုံးခံတပ်

လားရှိုးဟာ ရှမ်းမြောက်အတွက် နောက်ဆုံး ခံတပ်ပါ။ ဒီနေရာကို ခံစစ်သေချာမပြင်နိုင်ရင် ရှမ်းအရှေ့က ဆင်းလာမယ့် လက်နက်ကိုင်တပ်ဖွဲ့ အတွက်ပါ ဝေစားမျှစား ဖြစ်သွားမယ့် အခြေအနေ ရှိပါတယ်။ 


ရန်သူကတော့ အကြောက်တရားနဲ့ မြို့နေလူထု ကင်းအောင် Drop Bomb တွေ၊ ရှော့တိုက်ဒုံးတွေနဲ့ စစ်ပြင်နေတာ တွေ့ရတယ်။ လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတာကလည်း လာရှိုးကို ကာတဲ့ ကာကင်းအဆင့်တွေနဲ့ တွေ့တယ်ဆိုတဲ့ သဘောပါပဲ။ လုံခြုံရေး သဘောတရား အရတော့ မြို့ကနေ ထွက်နေတဲ့ ပြည်သူတွေနဲ့ ဘယ်လို ဖြစ်ဖြစ် ဆက်နေမယ်ဆိုတဲ့ အခြေအနေကြားမှာ ရန်သူသာ မြို့တွင်း စိမ့်ဝင်လာနိုင်ခဲ့ရင် တပ်အတွက် ပိုပြီး လုပ်ရကိုင်ရ ခက်ခဲစေတော့မှာပါ။ ဒီလို ဖြစ်အောင်လည်း ရန်သူက ဒီအခင်းအကျင်းပုံဖော်နေတာပါ။ 

အတည်မပြုနိုင်တဲ့ သတင်းတွေမှာ ဒုချုပ်ကြီး တရုတ်သွားမယ်ဆိုတဲ့ သတင်းတွေလည်း တွေ့နေရတယ်။ ပြည်တွင်းလက်နက်ကိုင် အချင်းချင်း တိုက်တာ ဆိုပေမယ့် ပြည်ပအထောက်အပံ့သာ မပါရင် ချက်ချင်းတန့်သွားနိုင်တာလည်း သတိပြုရပါ့မယ်။ ဒါပေမယ့် စစ်ပွဲရပ်စေချင်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ လိုလားချက်ကို ပြန်ဖြည့်ပေးရတဲ့ အပေးအယူမျိုး ရှိလာရင်တော့ မဟန်ပါဘူး။ ဖြစ်သင့်တာက ခင်ဗျားမပါနဲ့၊ ကျုပ်တို့ဖာသာ ရှင်းမယ်ဆိုတဲ့ အနေအထားမျိုး ဆွေးနွေးနိုင်ရင်တော့ မဆိုးပါဘူး။ 

ခုချိန်ထိတော့ မိုးကုတ်အနောက်ခြမ်းနဲ့ လားရှိုး ၉ မိုင်အထိ ရန်သူတွေက တဖြည်းဖြည်း ချဥ်းကပ်လာပုံပါပဲ။ မြို့ထဲ အဝင်မခံဖို့ အရေးကြီးပါတယ်။ မြို့ထဲ စိမ့်ဝင်လာတာနဲ့အမျှ လက်နက်ကြီးနဲ့ပါ ရှင်းလို့ မရတဲ့ အခြေအနေမျိုး ဖြစ်သွားတော့မှာပါ။ 


(နရီမိုး)

Post a Comment

Previous Post Next Post