စစ်နိုင်ဖို့သာ အဓိက


ဘယ်လိုပဲ တိုက်တိုက်၊ ဘာလက်နက်ပဲ သုံးသုံး၊ ဘယ်လို သံခင်းတမန်ခင်းပဲ ကျင့်သုံးကျင့်သုံး အဓိက စစ်နိုင်ဖို့ပဲ လိုတယ်။

ကျန်တဲ့ စီးပွားရေးတွေက မူဝါဒ ဘယ်လောက်အားကောင်း အားကောင်း နယ်မြေတည်ငြိမ်မှု မရှိရင်၊ လုံခြုံရေးအရ အစိုးရက အကာအကွယ်မပေးနိုင်ရင် ဘယ်လုပ်ငန်းရှင်မှာ လာပြီး ရင်းနှီးမြုပ်နှံ့မှာ မဟုတ်ဘူး။  စစ်ပွဲ တွေ အဆုံးမသတ်နိုင်ရင် ဆေးရုံ၊ဆေးခန်းတွေလည်း ပိတ်ရတယ်။ ပညာရေးကျောင်းတွေလည်း ပိတ်ရတယ်။

အညာမှာ အနီအစိမ်းကွဲပြားမှုနဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတွေအများကြီး။ ဒလန်ခေါင်းစဉ်နဲ့အသတ်ခံရတဲ့ ဝန်ထမ်းတွေလည်း မနည်းဘူး။ စစ်ကြောင့်ပဲ ကုန်ထုတ်လုပ်မှုတွေကျသွားရပြီ။ အရွယ်ရောက်တဲ့ လူငယ်တွေ အများကြီး စတေးခံ ဖြစ်သွားရပြီ။ ဘယ်သူနာလဲ ပြောရင် တိုင်းပြည်နာတာပါပဲ။

စစ်ကြီးအဆုံးသတ်ဖို့ဆိုတာ အတော်ခက်ပါလိမ့်မယ်။ အထူးသဖြင့် လူမျိုးရေးနာမည်ခံတဲ့ စစ်ဟာ ဘယ်တော့မှ ပြီးဆုံးတယ်မရှိပါဘူး။ အရကန်နိုင်ငံတို့၊ တအောင်းပြည်နယ်တို့ ၊ ဝ ပြည်နယ်တို့ဆိုတဲ့ မျှော်လင့်ချက်တွေကပဲ ဒီစစ်ပွဲရဲ့ မျိုးစေ့တွေ ဖြစ်နေတာပါ။

ပြည်ထောင်စုကို သစ္စာမရှိတဲ့ ကိုးကန့် MNDAA တွေ၊ အင်အားကြီးရင် လူပါးဝတတ်တဲ့ တအောင်း TNLA တွေ နဲ့ ကွန်ဖက်ထရိတ်အိပ်မက်မက်နေတဲ့ AA တို့အပေါ်မှာ ဥပဒေနဲ့ NCA အကြောင်းပြောပြီး တရားချလို့ မရတော့ပါဘူး။ ဘယ်လိုပဲ တိုက်တိုက်၊ ဘာလက်နက်ပဲ သုံးသုံး၊ ဘယ်လို သံခင်းတမန်ခင်းပဲ ကျင့်သုံးကျင့်သုံး အဓိက စစ်နိုင်ဖို့ပဲ လိုတာ အဓိက ကျပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post