အရင်းလှဲ အဖျားထင်းဖြစ်


တရုတ်မြန်မာစစ်လေးကြိမ်ဖြစ်ခဲ့တဲ့
ကုန်းဘောင်ခေတ်ဆင်ဖြူရှင်မင်းလက်ထက် ၊တရုတ်တပ်တွေ အင်းဝနေပြည်တော်နားအထိ ရောက်လာတဲ့ တတိယအကြိမ်စစ်မှာ သိန္နီဘက်မှာတိုက်နေတဲ့ စစ်သူကြီးမဟာသီဟသူရကို အင်းဝနေပြည်တော်ဘက်ပြန်ကပ်ဖို့လက်အောက်ခံတပ်မှုးတွေကတင်ပြကြပါတယ်။

စစ်သူကြီးမဟာသီဟသူရက အင်းဝနေပြည်တော်နားအထိ လိုက်တိုက်စရာမလို၊နောက် က ထောက်ပံ့ရေးလမ်းကြောင်းကိုဖြတ်တောက်တိုက်ခိုက် ရင် အရင်းလှဲအဖျားထင်းဖြစ် ဆိုသလိုတရုတ်တပ်တွေ ပြန်ဆုတ်လာကြရလိမ့်မယ်
"စစ်တို့သဘောသည် နောက်တပ်မနှင့်မျိုးရိက္ခာအမြစ်အရင်းဖြစ်သည်။စစ်ဦးစစ်ဖျားဆိုသည်မှာအခက်အလက်မျှသာဖြစ်သည်။ အမြစ်အရင်းဖြစ်သော မျိုးရိက္ခာ၊နောက်တပ်မကို ဖြတ်ပိုင်းတူးပစ်လျှင်အခက်အလက်ဖြစ်သောစစ်ဖျားစစ်ဦးနွမ်းနွယ်သွေ့ခြောက်၍ ထင်းမီးအစာတို့ ဖြစ်ရသကဲ့သို့သာရှိလိမ့်မည်"
လို့ စစ်သမိုင်းမှာ ရာဇဝင်တွင်မယ့် စကားပြောဆိုခဲ့ပြီးထောက်ပံ့ရေးလမ်းကြောင်း တွေကိုဖြတ်တောက်တိုက်ခိုက်တဲ့အတွက် တရုတ်တပ်တွေ လက်နက်ခဲယမ်း စားနပ်ရိက္ခါပြတ်ပြီးပြန်ဆုတ်ခွာကြရပါတယ်။

ရှေ့မှာလူအင်အားများပြားလေနောက်က ထောက်ပံ့ပို့ဆောင်ရေးတွေ ပိုလိုအပ်လေဖြစ်လို့ ရန်သူ့ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်တိုက်ခိုက်ရေးဟာမဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။

ရှေ့မှာလိုအပ်တဲ့လူလက်နက်ခဲယမ်းအင်အားဆေးဝါးဖြည့်တင်းရေး၊လူနာပြန်သယ်ထုတ်ရေးဆိုတဲ့ ရန်သူ့ထောက်ပံ့ရေးလမ်းကြောင်း ဟာတောထဲတောင်ထဲ လူအထမ်းနဲ့မဟုတ်ဘဲ ကားလမ်းတွေအတိုင်းယာဥ်တန်းနဲ့ လုပ်နေတာဖြစ်လို့ ခြေလျင် က မဖြတ်တောက်နိုင်ရင်တောင်မှ မိမိလေကြောင်းအရေးသာမှုနဲ့ ထိထိမိမိဖြတ်တောက်ချေမှုန်းနိုင်ဖို့ လိုပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post