အ မျှော် အ မြင် နည်း တာ လား

ရှမ်း မြောက် က စာ သင် ကျောင်း တွေ ဖွင့် ရင် ပစ် ခတ် ရှင်း လင်း မယ် လို့ TNLA က စာ ထုတ် ထား တယ် လို့ ရေး ထား တာ ဖတ် လိုက် ရ တယ် ။ 

KPDF က လည်း အ စိုး ရ ကျောင်း တွေ မှာ ကျောင်း ထား တဲ့ က လေး တွေ ရဲ့ မိ ဘ တွေ ကို ကြိမ် ဒဏ် ငွေ ဒဏ် ချ တယ် လို့ ဆို တယ် ။ ဆက် ကျူး လွန် ရင် ပိုင် ဆိုင် မှု သိမ်း မယ်ဆို လား ပဲ ။ 

စစ် ကိုင်း ဖက် မြို့ တ ချို့ မှာ အ စိုး ရ ကျောင်း တက် ရင် အိမ် ကို ချိတ် ပိတ် မယ် လို့ အ မိန့် ထုတ် ထား တယ် လို့ အဲ့ ဒီ ဖက် က လူ တစ် ယောက် ပြော ပြ တယ် ။ 
တ နေ့ က followers ကျ မှာ စိုး လို့ ကျောင်း မ တက် ဘူး ဆို တဲ့ က လေး တစ် ယောက် ကို တွေ့ လိုက် ရ တယ် ။ သူ အ သက် ၁၂ နှစ် လောက် ရှိ ပြီ နှစ် တန်း ဆက် မ တက် တော့ တာ တဲ့ ။ ဒီ နှစ် တော့ ပြန် တက် မယ် ဆို လား ပဲ ။ 

ကိုယ့် မိတ် ဆွေ တစ် ယောက် ရဲ့ က လေး တွေ လည်း ပြ ဿ နာ စ ဖြစ် က တည်း က ကျောင်း မ ထား တော့ တာ အ ခု နှစ် မှ ပြန် ထား တယ် ။ သူ နဲ့ ရွယ် တူ တွေ အ တန်း ၃ တန်း ကြီး သွား ပြီ ။ 

မြန် မာ နိုင် ငံ မှာ စာ မ သင် တဲ့ က လေး တွေ လေး နှစ် ရှိ တဲ့ သူ အ ထိ ရှိ လာ ပြီ ။ စိတ် မ ပူ ပါ နဲ့ စာ မ သင် ကျောင်း မ တက် တဲ့ က လေး တွေ ကို သူ တို့ အ စိုး ရ ဖြစ် ရင် ဌာ န ဆိုင် ရာ တွေ မှာ ရာ ထူး ကြီး ကြီး ပေး မယ် လို့ ပြည် ပ နေ တစ် ယောက် ပြော တယ် လို့ ဖတ် လိုက် ရ တယ် ။ 

ကျောင်း ဆက် တက် လို့ ဆယ် တန်း အောင် သွား တဲ့ က လေး တွေ အ ပါ အ ဝင် ကို အ စိုး ရ ကျောင်း က အောင် တာ ဖြစ် လို့ အ သိ အ မှတ် မ ပြု ဘူး သူ တို့ ကျောင်း ကို လွန် ခဲ့ တဲ့ ပြ ဿ နာ စ တဲ့ အ ချိန် အ တန်း က စ တက် ရ မယ် လို့ အ မိန့် ထုတ် တဲ့ စာ လည်း တွေ့ လိုက် ရ တယ် ။ 

သ တိ ထား ကြည့် ရင် မြန် မာ လူ ငယ် တွေ ကို ကျောင်း မ တက် စာ မ သင် ပ ညာ မ တတ် အောင် သေ ချာ စ နစ် တ ကျ နဲ့ လုပ် သ လို မျိုး ဖြစ် နေ တယ် ဆို တာ ကို မြင် နိုင် တယ် ။ 

နောင် နှစ် နှစ် ဆယ် လောက် ကြာ လို့ အဲ့ ဒီ စာ မ တတ် တဲ့ က လေး တွေ ကြီး လာ ရင် ပြော သ မျှ ယုံ ပြီး ခိုင်း သ မျှ လုပ် ပေး နေ မယ့် ကျွန် လို လူ တန်း စား တွေ အ များ ကြီး ထွက် လာ တော့ မယ် ။ 

တ ခါ ရေး ဖူး တယ် ။ NLD အ စိုး ရ လက် ထက် ထိုင်း နယ် စပ် ဒု က္ခ သည် စ ခန်း ကို ကု လ သ မ ဂ္ဂ တာ ဝန် ရှိ တစ် ယောက် သွား စစ် ဆေး ပြီး အ စီ ရင် ခံ စာ တင် တဲ့ အ ကြောင်း ။ သူ ရေး တင် တာ မ ကြာ ခင် ထိုင်း နယ် စပ် မှာ ဒု က္ခ သည် အ မည် ခံ အ လုပ် မ လုပ် ချင် တဲ့ တောင်း စား တဲ့ လူ တန်း စား တစ် ရပ် ပေါ် လာ တော့ မယ် လို့ ရေး တင် ခဲ့ တယ် ။ 

အ ခု တ ကယ် ဖြစ် နေ ပြီ ။ စာ မ တတ် တဲ့ က လေး တွေ ကြီး လာ ရင် လည်း ဘာ မှ မှန် မှန် ကန် ကန် မ ဆုံး ဖြတ် တတ် ဘဲ ပြော သ မျှ ယုံ ခိုင်း သ မျှ လုပ် ဆို တဲ့ နောက် လိုက် လူ တန်း စား ပဲ ဖြစ် လာ လိမ့် မယ် ။ 

ကိုယ် စာ မ တတ် ပ ညာ မ တတ် ရင် ကိုယ် ထိ ခိုက် မှာ လား သူ များ ထိ ခိုက် မှာ လား ဆို တာ ကို မ စဉ်း စား တတ် ကြ တော့ ဘူး ။ ငယ် သေး တဲ့ က လေး တွေ မ စဉ်း စား တတ် တာ ထား တော့ မိ ဘ တွေ မ စဉ်း စား တတ် တာ ကို အံ့ ဩ မိ တယ် ။ 

မိ ဘ တွေ မှာ လည်း မ ရှိ နား မ လည် ဆင်း ရဲ သား ပ ညာ မ တတ် သူ တွေ မ စဉ်း စား တတ် တာ ကို ထား အုံး ၊ ပ ညာ တတ် ဘွဲ့ ရ ချောင် လည် တဲ့ လူ လတ် တန်း စား မိ ဘ တွေ မ စဉ်း စား တတ် တာ ကို ပို အံ့ ဩ တယ် ။ 

သူ ဌေး မိ ဘ တွေ က သူ တို့ သား သ မီး ကို ပ ညာ မဲ့ အ ဖြစ် မ ခံ ကြ ဘူး ။ လို အပ် ရင် နိုင် ငံ ခြား ထိ ပ ညာ သင် လွှတ် ကြ တယ် ။ 

ကိုယ့် အ သိ ထဲ ဒေါင် ဒေါင် မြည် တွေ ရှိ ပါ တယ် ။ တ ချို့ သူ တို့ တ က္က သိုလ် တက် နေ တဲ့ သား သ မီး တွေ ကို ကျောင်း ထုတ် ပြီး နိုင် ငံ ခြား မှာ ဘွဲ့ သွား ယူ ခိုင်း တယ် ။ ဘွဲ့ ရ တော့ တ ချို့ မြန် မာ နိုင် ငံ ထဲ ပြန် လာ အ လုပ် လုပ် နေ တယ် ။ ခု ထိ လည်း ဒေါင် ဒေါင် မြည် ပြ နေ တယ် ။ 

လူ လည် တွေ လို့ ပြော ရ မယ် ။ 

ကိုယ် တိုင် စာ တတ် တဲ့ မိ ဘ တွေ က ပ ညာ တန် ဖိုး နား လည် သင့် တယ် ။ 

စာ မ တတ် ပေ မ တတ် ဆင်း ရဲ တဲ့ မိ ဘ တွေ က ငါ တို့ ပ ညာ မ တတ် လို့ ဆင်း ရဲ အောက် ကျ လူ့ နောက် ရောက် ရ တယ် ။ ငါ တို့ သား သ မီး တွေ ကို မ ဖြစ် စေ ချင် ဘူး လို့ စိတ် ထား သင့် တယ် ။ 

ဘယ် လို ယှဉ် ယှဉ် ၊ ဘယ် နိုင် ငံ သွား သွား ၊ ဘယ် နေ ရာ ရောက် ရောက် ပ ညာ မ တတ် သူ နဲ့ ပ ညာ တတ် ကွာ ပါ တယ် ။ 

ပ ညာ မဲ့ တဲ့ နိုင် ငံ ရေး သ မား ပြော သ လို စာ မ သင် နဲ့ ပ ညာ မ တတ် တဲ့ လူ တွေ ကို ဌာ န ဆိုင် ရာ မှာ ရာ ထူး ကြီး ခန့် မယ် ဆို တာ မိုက် မဲ ညံ့ ဖျင်း လွန်း တဲ့ အ ကုန် ပျက် စီး စေ မယ့် နိုင် ငံ ရေး မဲ ဆွယ် စ ကား ပါ ။ ဘာ မှ နား မ လည် ဘဲ လေ သံ ဖမ်း တ ရား နာ ဆို တဲ့ စ ကား မျိုး ပဲ ။ 

ငါ အာ ဏာ ရ ပြီး ရော ဘာ ဖြစ် ဖြစ် ဆို တဲ့ စ ကား မျိုး ဖြစ် နေ တယ် ။ 

ပ ညာ ရေး က ရှင် သန် ရေး အ တွက် အ ထောက် အ ကူ ပဲ ဆို တာ နား လည် ထား ဖို့ လို တယ် ။ ပ ညာ ရေး ကို ဖျက် ဆီး တာ ရှင် သန် ရေး ကို ဖျက် ဆီး တာ ပဲ ။ 

သိ သိ နဲ့ ဆက် လုပ် နေ ကြ တယ် ဆို ရင် တော့ အ မျှော် အ မြင် နည်း တာ လား ယုတ် မာ တာ လား တစ် ခု ခု ပဲ ပေါ့ ။

Post a Comment

Previous Post Next Post