တော်လှန်ရေးအစ_တော်လှန်ရေးအဆုံး

နိုင်ငံရေး အပြောင်းအလဲတွေ 
ဖြစ်ပြီးနောက်ပိုင်းမှာ ဒီနိုင်ငံက လူတွေမှာ 
အရောင်တွေကွဲလာတယ် ဘက်ကွဲလာတယ်
စိတ်ဓာတ်တွေ အောက်တန်းကျလာတယ်။
လူယုတ်မာနိုင်ငံရေးသမားတွေရဲ့ 
မြှောက်ထိုးပင့်ကော် စကားလုံးတွေကို
နားယောင်ပြီး နိုင်ငံရေးခံယူချက်တွေ မတူရင် 

သားသမီးက မိဘကို စော်ကားဖို့လည်း 
ဝန်မလေးတော့သလို တပည့်က ဆရာကို 
စော်ကားဖို့လည်း ဝန်မလေးတော့ဘူး။

ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်ဖြစ်တဲ့
ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကိုလည်း
စော်ကားဖို့ ဝန်မလေးကြတော့ဘူး။

တစ်ခါမှ မကြားဖူးခဲ့တဲ့ သားသမီးကနေ 
မိဘကို နိုင်ငံရေးရပ်တည်ချက်မတူတာနဲ့ 
မိဘအဖြစ်မှစွန့်လွှတ်ခြင်းဆိုတဲ့ ကိစ္စတွေ....

" Tiktok ပေါ်မှာလည်း  ငါ့မိဘ ဒလံဖြစ်နေရင်တောင် 
tတ်သွား ငါဟိုဘက်လှည့်ပေးမယ်"
ဆိုတဲ့ စကားတွေနဲ့ Tiktok ဆော့လာကြတယ်။

ဒါတွေဟာ တချိန်ကြရင် ပြုလုပ်ခဲ့တဲ့သူတွေကိုယ်တိုင်
ကံကြီးထိုက်ပြီး ပေးဆပ်ရမယ့်အရာတွေ။

သူများတွေ  ထိုင်ခုံရဖို့အရေးကို 
ကိုယ့်ရဲ့အသက်တွေကိုရင်း မိဘစော်ကား 
ဆရာစော်ကား ၊ ဘာသာသာသနာ စော်ကားနဲ့

စော်ကားချင်တိုင်း စော်ကားပြီး 
တဖြည်းဖြည်းလက်ရှိဘဝကော သံသရာမှာပါ 
အရှုံးကြီးရှုံးနေတာကို မသိကြဘူး။

စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်
ဆရာကြီး တောင်တွင်းအောင်သင်း ရေးတာထင်တယ် သေချာတော့ မမှတ်မိတော့ဘူး။

အဲ့စာအုပ်ထဲမှာ အကြိုက်ဆုံး စာပိုဒ်က ...

" ငါက နိုင်ငံရေး ဘယ်တော့မှ မလုပ်ဖူးကွ "

" နိုင်ငံရေးဆိုတာ ခံယူချက်နဲ့ တကယ်လုပ်နေတဲ့ 
သူတွေကို မလုပ်တဲ့သူတွေက အသုံးချနေတာ "

ငါက သူများအသုံးချခံ အဖြစ်မခံဘူးဆိုတဲ့ 
စာပိုဒ်လေးကို အကြိုက်ဆုံးပဲ။

အခုချိန်အထိလည်း မှန်နေတုံးပဲ
အသုံးချတဲ့ လူတစ်စုက သပ်သပ်
အသုံးချခံနေရတဲ့ လူတန်းစားကသပ်သပ်။

အသုံးချခံ လူတန်းစားတွေကတော့
အခုထိ ကိုယ့်ကို သူများတကာတွေက
အသုံးချနေမှန်း မသိကြသေးဘူး။

- Ar Yi

Post a Comment

Previous Post Next Post