ရေရှည်တွေးတတ်ဖို့လိုတယ်

လူတွေဟာ
ရှည်ရှည်ဝေးဝေး
သေသေခြာခြာ မစဉ်းကြလို့
ဟိုမြို့ သိမ်းတယ်
ဒီမြို့သိမ်းတယ် လုပ်နေကြတာဟာ
နိုင်ငံပျက်ပြီး
ပြည်သူတွေ မေတ္တာပို့တာပဲ ခံကြရလိမ့်မယ်၊
-
ရေရှည်မှာ
- အုပ်ချုပ်ရေးကိစ္စရပ်
- ပညာရေး၊ ကျန်းမာရေး 
- နိုင်ငံတကာဆက်ဆံရေး
- စီးပွားရေးနဲ့ ထုတ်ကုန်
- တည်ဆောက်ရေး

စသဖြင်ဘယ်လိုလုပ်ကြမှာလဲ ?
-
အရှည်ခံမယ်ထင်ရင်
ဉာဏ်နည်းရာ အလွန်ရောက်တယ်၊
-
လက်နက်ကိုင် အဖွဲ့ပေါင်းများစွာမှာ
တကယ် အစိုးရနဲ့ညှိနှိုင်းပြီး
ရှင်သန်နိုင်တာ လက် (၃) ချောင်းမပြည့်ဘူး
မပြောချင်ဘူး
တိုင်းပြည်နာလွန်းနေပြီး
လူ့အရင်းအမြစ်တွေ ဆုံးရှုံးနေလွန်းလို့
ရေးလိုက်ရတာ၊
-
မမျှော်လင့်တဲ့ မြင်ကွင်းသစ်တွေကို
(၃-၄) နှစ်နဲ့ပုံဖေါ်ပြီး
လုပ်သင့်လုပ်ထိုက်တာတွေ လုပ်လို့ရတယ်
Strategic thinking ကိုနားလည်ဖို့သင့်တယ်၊

Dr.NZL

Post a Comment

Previous Post Next Post