အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုအကြား ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှု စတင်


အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးမှာ ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်ပေးချေမှုကို စတင်ဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကုန်သွယ်ရေးငွေပေးချေမှုမှာ ပထမဆုံးအကြိမ် ရူပီးနဲ့ကျပ် တိုက်ရိုက်ငွေပေးချေမှုအဖြစ် ပဲမျိုးစုံတင်ပို့မှုအတွက် ရူပီး ၁ ကုဋေကျော်ကို ပန်ဂျပ်အမျိုးသားဘဏ်(ရန်ကုန်ရုံး)က ဇူလိုင် ၃ ရက်နေ့မှာ အောင်မြင်စွာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

အဆိုပါ ရူပီး/ကျပ် ပေးချေမှုမှာ ဆောင်ရွက်ခွင့်ရတဲ့ဘဏ် (Designated Bank) အဖြစ်  မြန်မာဘက်က UAB ဘဏ်နဲ့ CB ဘဏ်တို့ကို ရွေးချယ်ထားသလို အိန္ဒိယဘက်က ပန်ဂျပ်အမျိုးသားဘဏ်ကို ရွေးချယ်ထားတာပါ။

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်မှုမှာ ယွမ်/ကျပ် နဲ့ ဘတ်/ကျပ် ငွေကြေးတိုက်ရိုက်အသုံးပြုပေးချေရေးစနစ်တွေကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎

Post a Comment

Previous Post Next Post