သူပုန်နဲ့နေရဲသလား


ကိုသန်းလွင်ထွန်း ရဲ့ မှတ်ချက်ကို သဘောကျမိတယ်။
ဟုတ်တယ်၊လူတွေ က စစ်တပ်ကိုမုန်းတယ်သာ
ပြောတယ်။ဒုက္ခ ရောက်လာရင်တော့
စစ်တပ်ရှိတဲ့ နေရာကို ခိုဝင်/ ခိုလှုံ မှသာ လုံခြုံတယ်လို့
ခံစားကြရပါတယ်။ ဒုက္ခရောက်နေတဲ့ ဘယ်ပြည်သူ
မှ တော့ သူပုန်ထဲ သွားမနေရဲပါဘူး။စစ်တပ်ရှိတဲ့
နေရာမှာ နေရဲကြပါတယ်။

စစ်တပ်ကို မုန်းတယ်ဆိုတဲ့ သူတွေ ဟာလည်း
မီဒီယာရဲ့ လစ်ဘရယ်ဝါဒ မှိုင်းမိသူတွေပါ။ အဲဒီလို
ပြောတဲ့ သူတွေရော သူပုန်နဲ့ နေရဲသလား ဆိုတော့
မနေရဲပါဘူး။

ပြည်သူတွေ မေးကြည့်လည်း ရပါတယ်။ စစ်တပ်ရှိတဲ့
ဘက်မှာ နေမလား၊ သူပုန်ရှိတဲ့ ဘက်မှာ နေမလားလို့။
ဘယ်ပြည်သူမှ တော့ သူပုန်နဲ့ မနေရဲပါဘူး။

အခုပဲကြည့်လေ ၊
TNLA ထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ ဆိုင်ခန်းဖွင့်
ပြီး ဈေးရောင်းရင် ဆိုင်ခန်း တစ်ခန်း ကို တစ်လ ၁၂၀
ကနေ သိန်း ၂၀၀ အထိ အခွန်ဆောင်ခိုင်းတယ်။
ကျူရှင် ဆရာမ တောင် တစ်လ သိန်း ၁၂၀ လောက်
အခွန်မဆောင်ရင် စာပြခွင့်မပေးဘူးတဲ့။နမ့်ခမ်း မှာ
မြေ တစ်ဧက လုပ်ရင်  တစ်လ သိန်း၃၀ လောက်
တောင်းသတဲ့။

Non CDM ဝန်ထမ်းတွေကို အန္တရာယ်ပြုတယ်။
အငြိမ်းစားဝန်ထမ်းတွေ ဗမာလူမျိုး ရှမ်းလူမျိုးတွေ
ကို မောင်းထုတ်တယ်။ ​ဒီလိုနေရာမျိုးမှာ ပြည်သူ
တွေ မနေရဲတာ ဆန်းသလား။

အောင်နိုင်သူ

photo credit

Post a Comment

Previous Post Next Post