ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ဖို့အတွက် အသင့်ဖြစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းများ


ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည် များသည် ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရေးတပ်နယ်သို့ ရောက်ရှိလာကြရာ တပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက အောင်သပြေခက်များ ဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

ထို့နောက် တပ်နယ်မှတာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များအား တေးသီချင်းများ၊ အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရ သည်။

Post a Comment

Previous Post Next Post