အလုံးစုံပျက်သုဥ်းရေး ဦးတည်နေကြသူများ

ပြည်ဖျက်မိစ္ဆာတွေဖန်တီးတဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နှင့် နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှုများ

၂၀၂၀ ရွေးကောက်ပွဲကြီးမှာ မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဟာ မအောင်မြင်ခဲ့ပါဘူး။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တဲ့ ၂၀၂၁ ကစလို့ တိုင်းဖျက် ပြည်ဆူ ဖြစ်အောင် ဖန်တီးလုပ်ဆောင်ခဲ့ကြတာ ယနေ့ထိအောင်ပဲ မဟုတ်ပါလား။
NLD ပါတီလို့ အမည်ခံထားတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို အများပြည်သူ သိမြင်လွယ်အောင် လိုတိုရှင်းပဲ ဖော်ပြသွားပါမယ်။ အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်နေတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေအတွက် တိုင်းပြည်နစ်နာဆုံးရှုံးသမျှ သူတို့ရဲ့ အမြတ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုကတော့ တွက်ဆပြမလို့ မရနိုင်တဲ့ ပမာဏဖြစ်လာပါတယ်။ လမ်းတံတားတွေ ဖျက်ဆီးတယ်၊ အဆောက်အဦးတွေ မီးရှို့တယ်၊ ပြည်သူပိုင်တွေ ဖျက်ဆီးတယ်။ အကြမ်းဖက်တွေရဲ့လုပ်ရပ်ကြောင့် နိုင်ငံတစ်ဝှမ်း ဆုံးရှုံးမှုတွေ မြင်နေရတာ နေ့စဥ်နဲ့အမျှပဲဖြစ်ပါတယ်။

Post a Comment

Previous Post Next Post