Drone(ဒရုန်း)ကို ဘယ်လို အနိုင်ယူလို့ရလဲ?

ခေတ်သစ်စစ်ပွဲမှာ ဒရုန်းဟာအရေးကြီးတဲ့
အခန်းကပါပြီး အန္တရာယ်ရှိလာတာကို
ဟိုးအရင်ကတည်းက နိုင်ငံတကာ
Army တွေက ကြိုတင်မှန်းဆထားကြလို့
ဒရုန်းကို ပစ်ခတ်ဖျက်ဆီးနိုင်မယ့် လက်နက်
ထွင်ခဲ့ကြတာပါ

ဒီနေရာမှာ ဒရုန်းကို ရိုင်ဖယ်သေနတ်နဲ့
ပစ်ခတ်ဖျက်ချလို့ရမလား ဆိုတဲ့ အယူအဆ
ရှိနေရင်တော့ ပစ်ခတ်မယ့် ရိုင်ဖယ်ရဲ့
ထိရောက်မှုအကွာအဝေး မီတာ 1000
ရှိတဲ့ ရိုင်ဖယ်သေနတ်ဟာ
အမြင့် မီတာ 2000 ကပျံလာတဲ့
ဒရုန်းကို ကျည်ဆံလက်လှမ်းမီပစ်ခတ်နိုင်မှာ
မဟုတ်တာကြောင့် ဒီလက်နက်ကို
တီထွင်ခဲ့ခြင်းဖြစ်တယ်လို့ ဖြည့်စွက်ပြောချင်
ပါတယ်

ဒါကြောင့် ဒရုန်းကို ပစ်ခတ်ဖို့ထွင်ထားတဲ့
ဒီထူးခြားတဲ့ လက်နက်ကိုတော့
Anti Drone Mini missile / Micro missile
လို့ခေါ်ပါတယ်

အရှင်းလင်းဆုံးလေ့လာလိုတယ်ဆိုရင်တော့
Pike Missile ကို လေ့လာနိုင်ပါတယ်
ဒီ Pike missile ဟာ အမေရိကန်စစ်လက်နက်
Company တစ်ခုကနေ တီထွင်ထားတာပါ

Pike missile ဟာ 40mm အရွယ်အစား
ရှိပြီး တစ်ပေဝန်းကျင်လောက်အရှည်ရှိတဲ့
Missile ဒုံးသီးအသေးစားလေးဖြစ်ပြီး
ထူးခြားချက်က 40 mm ဗုံးပစ် Pading
ပခုံးထောက်လောင်ချာလက်နက်
အသေးလေးနဲ့ ပေါ့ပေါ့ပါးပါး
ကိုင်တယ် အသုံးပြုရတာပါ

အလုပ်လုပ်ပုံကတော့ Javlin နဲ့ တူပါတယ်
ဒါပေမယ့် ပေါက်ကွဲအားနဲ့ စွမ်းရည်ကို
လျော့ချထားတဲ့သဘောပါ ဒါပေမယ့်
ဒရုန်းတစ်စီးကိုပစ်ခတ်ဖျက်ချဖို့အတွက်တော့
စွမ်းရည်အပြည့်အဝရှိပါတယ် ပြီးတော့ ဒီ
Missile က Guided စနစ် ဖြစ်ပါတယ်
ဈေးနှုန်းအနေနဲ့ကတော့ RPG ထက်
ဈေးပိုကြီးတယ်လို့လဲ ဆိုပါတယ်

အလားတူမျိုး missile တွေလည်း
ရှိပါသေးတယ်
ဥပမာ တူကီရဲနိုင်ငံထုတ် YATAĞAN
တရုတ်နိုင်ငံထုတ် QN 202 ဆိုပြီး ရှိပါတယ်

India ကာကွယ်ရေးဘက်ကတော့
သူတို့နိုင်ငံမှာ micro missile နည်းပညာ
တိုးတက်နေပြီလို့ ထုတ်ဖော်ပြောကြား
ထားပါ‌သေးတယ်

ဒါကြောင့် Drone နဲ့ ပတ်သက်ရင်
Jammer နဲ့ ရေဒါ ကိုဘဲ အသုံးပြုပြီး
ကာကွယ်မယ်ဆိုတဲ့ အမြင်ကို ကျော်လွန်ပြီး
ပစ်ခတ်နိုင်မယ့် လက်နက်တွေရယ်
Drone ကို suicide drone အသုံးပြုပြီး
ဖျက်ချနိုင်တာရယ် စသဖြင့်
Drone ရန် ရှာဖွေ ကာကွယ် ချေမှုန်း‌ရေး
စနစ်တွေ အများကြီးရှိပါကြောင်း
တင်ပြလိုက်ရပါတယ် ခင်ဗျား

#AntiDroneMicroMissile

Post a Comment

Previous Post Next Post