အောင်ပန်းမြို့ KTV တွင် အပျော်မယ်နှင့်ပျော်ပါးနေသည့် PDF ခေါင်းဆောင်အား အရှင်ဖမ်းမိရမိ


အကြမ်းဖက်မှုကိုမလိုလားတဲ့ အောင်ပန်းမြို့မှ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF) အဖွဲ့ခေါင်းဆောင် နေဝင်းထွန်းး ခေါ် ကိုပြူးဆိုသူ အောင်ပန်းမြို့ရှိ KTV တစ်ခုတွင် သူ၏ အပျော်မယ်နှင့် လာရောက်တွေ့ဆုံ​​ နေကြောင်း သတင်း​​အတိအ​ကျ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၈ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်..
-
ထိုသို့ဖမ်းဆီးစဥ် ကိုပြူးနှင့် ၎င်း၏ အပျော်မယ်တို့ KTV အခန်းအတွင်း မြူးထူးပျော်ပါးနေသည်ကို လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့ရာ ကိုပြူးမှ ပစ္စတို သေနတ်ဖြင့် စတင်ခုခံပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ..
-
အကြမ်းဖက်သမား ကိုပြူးအား ဒဏ်ရာများဖြင့်အရှင်ဖမ်းဆီးရမိခဲ့
-
တရားခံနှင့်အတူ အီတလီနိုင်ငံထုတ် Beretta 92FS ၉ မမ ပစ္စတို ၁ လက်၊ ၎င်း ကျည် ၅တောင့်၊ မှတ်ပုံတင် ၁ ခု၊ JPRF လည်ဆွဲ ၁ ခု၊ ဆက်ကြေးကောက်ခံထားတဲ့ ငွေစာရင်းနှင့် NUG မှ ထောက်ပံ့ထားသည့် ငွေစာရင်းများ သိမ်းဆည်း ရမိခဲ့။
-
JPRF အဖွဲ့မှ ကိုပြူးဟာ NUG မှ ထောက်ပံ့ထားသည့် အလှူငွေများဖြင့် မိန်းမ ရှုပ်ပွေခြင်း၊ သောက်စားမူးယစ်ပျော်ပါးခြင်းတို့ဖြင့် နာမည်ကြော်ကြားသူတစ်ဦးဖြစ်ပြီး KTV တွင် ၎င်း နှင့်အတူ တွေ့ရှိရသည့် အပျော်မယ်ကိုလည်း တရားမဝင် ပေါင်းသင်းနေထိုင်လျက်ရှိကြောင်း သိရှိရပါတယ်။

#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post