သံဃာတွေကို လမ်းပေါ်ထွက်စေချင်တဲ့ ပြည်ဖျက်NUGရဲ့အစီအစဥ် မအောင်မြင်ပါ

နိုင်ငံရေးလုပ်စား အကြမ်းဖက်အုပ်စု NUG နဲ့ အကြမ်းဖက်အားပေး မီဒီညာဆိုတဲ့ကောင်တွေက သံဃာသင်းခွဲတဲ့လုပ်ရပ်တွေ၊ သံဃာတော်တွေကို နိုင်ငံရေးမှာ အသုံးချနေတဲ့လုပ်ရပ်တွေကို စဉ်ဆက်မပြတ်လုပ်နေကြတယ်။ အထူးသဖြင့် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနီကြောင်သံဃာတွေ၊ အကြမ်းဖက်အားပေး သံဃာတွေနဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ကြဖို့ နည်းမျိုးစုံပြီးတော့ လှုံ့ဆော်နေကြတာတွေ့ရတယ်။ ရွှေဝါရောင်လို ဖြစ်လာမလားဆိုပြီး စိတ်ကူးယဉ်ပြီး လှုံ့ဆော်နေကြတယ်။
ဒီလို လှုံ့ဆော်မှလည်း ဒီကောင်တွေအတွက် ဝင်ငွေကောင်းကောင်းရမှာလေ...ဒါကိုမသိနားမလည်ဘဲ ပညာဉာဏ်နည်းပါးတဲ့သူတွေက အကြမ်းဖက် သမားတွေ လှုံ့ဆော်တဲ့အတိုင်း လျှောက်လုပ်နေကြတယ်။ နိုင်ငံရေးဖြစ်စဉ်ဖြစ်တဲ့အချိန်ကနေပြီး အခုချိန်ထိ သံဃာတော် အပါး ၁၀၀ နီးပါး အကြမ်းဖက် PDF တွေရဲ့ လက်ချက်ကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။ အဲဒီသံဃာတော်တွေအတွက် ဘယ်သံဃာကမှ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ကြတာ မတွေ့ရတာကလည်း အတော်လေးစိတ်မကောင်းစရာကောင်းတယ်။ အခု ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်တော်မူသွားတာကို အကြောင်းပြုပြီး နိုင်ငံရေးမှာ သံဃာတော်တွေကို အသုံးချနေတယ်ဆိုတာ အရမ်းကိုသိသာလွန်းတယ်။ ဟိုးအရင်တုန်းက ရွှေဝါရောင်လိုများဖြစ်လာလေမလားဆိုပြီး စိတ်ကူးရင်မနေကြနဲ့....မင်းတို့အကွက်တွေက အရမ်းကို ရိုးလွန်းတယ်...ဒီထက် ဆန်းကြယ်တဲ့ နိုင်ငံရေးအသုံးချတဲ့ အကွက်တွေ မရှိတော့ဘူးလား...

Post a Comment

Previous Post Next Post