NUG ၏ ပသုံးလုံးအဖွဲများကြီးစိုးရာ ဝက်လက်နယ်တွင် အသက် ၁၆ နှစ်အရွယ် ဗကသကျောင်းသား လည်လှီးသတ်ဖြတ်ခံရ


NUG ၏ ပသုံးလုံးအဖွဲများကြီးစိုးရာ ဝက်လက်နယ်တွင် အသက် ၁၆ နှစ်အရွယ် ဗကသကျောင်းသားရဲဘော်မြင့်မြတ်ဦး လည်လှီးသတ်ဖြတ်ခံရသည့်ဖြစ်ရပ်အပေါ် NUG လက်အောက်ခံများ၏ ဖိနှိပ်မှုနှင့် အာဏာရှင်ဆန်မှုကို ဗကသများအဖွဲချုပ်က မေးခွန်းထုတ်ရုံသာမက အမြန်ဆုံးဖြေရှင်းပေးရန်ပါ အိတ်ဖွင့်ပေးစာကို ယနေ့ ပေးပိုလိုက်ပါတယ်။

ဇူလိုင် ၈ ရက် ည ၉ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် နေထိုင်သော ဝက်လက်မြိုနယ်ကျောင်းသားများသမဂ္ဂအဖွဲဝင် G-11 ကျောင်းသား ရဲဘော်မြင့်မြတ်ဦး (အသက် ၁၆ နှစ်)သည် ရွာပြင် သုသာန်မှ အင်တာနက်သုံးပြီး အိမ်အပြန်လမ်းတွင် လည်ပင်းကို လှီးဖြတ်၍ အသတ်ခံလိုက်ရပြီး ထိုရဲဘော်သည် ရွာထဲတွင် မည်သူနှင့်မျှ ရန်ငြိုးရန်စမရှိသူဖြစ်သည်ဟု ဆိုပါတယ်။

Post a Comment

Previous Post Next Post