ဥပဒေမရှိတဲ့ PDFအကြမ်းဖက်များ

pdf တွေ လက်နက်ကိုင်တွေ တိုက်နေတာက ဒီမိုကရေစီရရှိရေး၊ခင်ဗျားတို့ရဲ့ nld ပါတီ အာဏာပြန်လည်ရရှိရေး မဟုတ်ဘူးနော်။ pdf လက်နက်ကိုင်တွေ တိုက်နေတာ မြို့ပေါ်တက် ၊ အိမ်တွေဖောက် ၊ ပစ္စည်းခိုးနေတာပဲ။ တပ်က ပြန်မရချိန်အထိ လက်နက်ပြပြီး အခွန်ကောက် ဓားပြတိုက်နေကြမှာပဲ။ ဒီမိုကရေစီတွေ၊ ဥပဒေတွေ နားလည်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ အနီတွေကို လက်နက်ကိုင် အာဏာပြပြီး ဓားပြတိုက်မှာပဲ။ လက်နက်ကိုင် ထားတဲ့သူကို ခင်ဗျားတို့ရှင်းပြလို့ရမှာ မဟုတ်ဘူး။ သူတို့တောင်းတာ ပေးရမှာပဲ။ ခင်ဗျားတို့ကို လက်နက်ကိုင် အာဏာရှင်စနစ် အုပ်ချုပ်မှာပဲ။ 
တပ်မတော်က ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ဥပဒေနဲ့ အညီအုပ်ချုပ်တယ်။ ဒီမိုကရေစီ နည်းလမ်းအတိုင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောတယ်။ ပြည်သူရွေးချယ်တဲ့ အစိုးရက အာဏာလွှဲပေးမယ် ပြောထားတယ်။ အာဏာရှင် တိုက်ဖျက်ရေး တိုက်ပွဲဆိုပြီး ခင်ဗျားတို့ ကိုယ်တိုင် မြို့တွေရွာတွေမှာ ဥပဒေမဲ့ အုပ်ချုပ်တဲ့ လက်နက်ကိုင် အာဏာရှင်တွေကို အသက်သွင်းနေကြတာပဲ။ တပ်မတော်က နိုင်ငံတော် အာဏာကို ခဏ ကိုင်ထားပြီး ရွေးကောက်ပွဲ နည်းလမ်းအရ အာဏာလွှဲပေးဖို့ ကြိုးစားနေတာနော်။

ခင်ဗျားတို့အနီတွေ ဘယ်သူက အာဏာရှင်လဲကို မသိစိတ်ကနေပါတယ်။ ခင်ဗျားတို့ ကိုယ်တိုင် အာဏာရှင် အစစ်မှန်တွေကို သိပြီး တိုက်ဖျက်ဖို့ တပ်မတော်အစိုးရနဲ့ ပူးပေါင်းစေချင်တယ်။ ဒီမိုကရေစီ ပြန်လည်အသက်သွင်းပေးမယ့် ရွေးကောက်ပွဲကို ကူညီစေချင်တယ်။ ခင်ဗျားတို့ ရွေးကောက်ပွဲကိုဖျက်လို့ ပျက်မှ အာဏာရှင်အောက် တကယ်ကိုရောက်မှာနော်။

Post a Comment

Previous Post Next Post