Rock ဆိုတာ


ကိုလေးဖြူဆိုတာမြန်မာနိုင်ငံရော့ခ်ဂီတလောကမှာ မှန်ကန်တဲ့ အရည်အချင်းနဲ့ တည်မြဲနေတဲ့ Brand ရှိတဲ့ အဆိုတော်။ အဖေက ရင်ဂိုမှလို့ အဖေက ဦးညီထွဋ်မှလို့ ဆိုပြီးတက်လာတဲ့ လူမဟုတ်ဘူး။ မန္တလေး တက္ကသိုလ်ရဲ့ အဆောင်ရှေ့ကပလက်ဖောင်းတီးဝိုင်းလေးတွေကတည်းက အင်္ဂလိပ်သီချင်းတွေကို အာဘောင်အာရင်းသန်သန်နဲ့ ဂစ်တာကို ကြမ်းကြမ်းတီးပြီး ဆိုလာကတည်းက ဒိတ်ဒိတ်ကျဲ နံမည်ကြီးပြီးတက်လာတဲ့သူ။
သီချင်းတွေရေးပြီး ကိုလေးဆိုမှကျွန်တော်နံမည်ကြီးရမှာ တစ်ပုဒ်လောက်ဆိုပေးပါတောင်းပန်ပါတယ်ဆိုပြီး ကိုလေးဖြူအတွက် သီချင်းတွေရေးပေး သူရေးတဲ့ သီချင်းတွေကို ကိုလေးဖြူကဆိုပြီးနံမည်ထွက်လာတော့ မှ သူ့ဟာသူဆို ပြီးမှ အဆိုတော်ဆိုတာဖြစ်လာတဲ့သူ။ ထွေးလ/င်းကိုဆိုတာကနေလ/င်းလ/င်း ဆိုတာဖြစ်လာတဲ့ သူက သူ့ရဲ့နောက်က တက်လာတဲ့ လှေကားနဲ့ Background က လေးဖြူရဲ့ Image ဆိုတဲ့ ကျေးဇူးရှင်ကိုမေ့ပြီး ငါနဲ့မတူငါ့ရန်သူဆိုတဲ့ အတွေးနဲ့ ရော့ခ်ဆိုတာ ဘာညာနဲ့ အကြီးကြီးတွေပြော‌နေ‌တော့ ရီချင်တာပေါ့ဗျာ။
နေပြည်တော်မှာ Show ဆိုတယ်လေသူ့အနုပညာသူ့အသက်မွေးဝမ်းကြောင်း သူ့ Pro သူ့လမ်းကြောင်းသူသွားတယ်။ သူ့image နဲ့တက်လာတဲ့လူတွေက ပြောတာဖြစ်တဲ့အတွက် ကိုလေးဖြူအနေနဲ့ အပင်မြင့်လို့ လေတိုက်ခံရတယ်ပဲ မှတ်လိုက်ပါတော့ဗျာ။

Post a Comment

Previous Post Next Post