SSPP ဘာလဲ ဘယ်လဲ


ကျောက်မဲကို SSPP တွေ ချီတက်သွားပြီ။ SSPP က TNLA နဲ့ အမှန်တကယ်တိုက်မှာလား ၊ ၀တပ်ဖွဲ့လို အချိုးမျိုး ချိုးနေသလားဆိုတာ မသိနိုင်ပါ။

၀တပ်ဖွဲ့ဟာ လောက်ကိုင်နယ် အနီးဝန်းကျင်ကို လုံခြုံရေး ကွက်ပြည့်နင်းလျက် စောင့်ရှောက် ပေးနေတာ တွေ့ရပါတယ်။  ကိုးကန့်က လားရှိုးကို ထိုးစစ်ဆင်နေချိန်မှာ ၀က လောက်ကိုင်နယ်ကို အိမ်စောင့်ခွေး လုပ်ပေးနေတဲ့ သဘောပါပဲ။

ယခုလည်း ထောင်နဲ့ချီတဲ့ SSPP တပ်ဖွဲတွေဟာ ကျောက်မဲမြို့မှာ ရောက်နေပါတယ်။ SSPP က ပလောင်ကို ကာကွယ်ဖို့လား ၊ တပ်မတော်ကို ပိတ်စို့ဖို့လားဆိုတာ ဝေခွဲရ ခက်စေပါတယ်။

အကယ်၍ စေတနာ မမှန်ခဲ့ပါက SSPP အနေနဲ့ ရှင်းထုတ်ခံရမှာပါပဲ။

SSPP အနေနဲ့ တောင်ပိုင်းက PNO ကို အတုယူပါ။ တပ်မတော်နဲ့ လက်တွဲပြီး ပူးပေါင်းတိုက်ထုတ်ရင် အင်းအားပြုန်းတီးမှု သက်သာမယ့်အပြင် "မင်းလိမ္မာရင် မင်းအတွက်ပဲ" ဖြစ်လာမှာပါ။ နိုင်ငံရေးဆိုတာ ပါးနပ်ဖို့ လိုပါတယ်။

ဒီအချိန်က SSPP အတွက် အခွင့်ကောင်းပဲ ။ တောင်ပိုင်းမှာ PNO က ပြိုင်ဘက်မရှိ နယ်မြေ စိုးမိုးနိုင်သွားပြီ၊ ဒါက ပါးနပ်လို့ပါ။ ရှမ်းတွေ အတုယူသင့်ပါတယ်။

MyanmarNews

Post a Comment

Previous Post Next Post