SSPP/SSA နှင့် TNLA တို နေရာ (၃)နေရာတွင် တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိဟု SSPP/SSA ထုတ်ပြန်


ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အခြေချတပ်စွဲထားသည့် စခန်းများကို တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ (၅) ရက်တွင် ဝင်ရောက် တိုက်ခိုက်ရာမှ အပြန်လှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့ကြောင်း SSPP/SSA က ယနေ့ ဇူလိုင်(၆)ရက်တွင် ထုတ်ပြန်ထားပါတယ်။

အဆိုပါ အသိပေးထုတ်ပြန်ချက်တွင် ပြည်ထောင်စုလမ်းမကြီး တောင်ဘက် (၇) မိုင်အကွာ လုပ်ပါကျေးရွာ၊ ခေးနင်းကျေးရွာအုပ်စု၌ တပ်စွဲထားသည့် SSPP/SSA တပ်စခန်းနှင့် ကြံခင်းရွာ တပ်စခန်းတိုကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ ယခုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါတယ်။

ထိုပြင် TNLA မှ အင်အား (၇၀) ကျော်သည် နေ့လယ် (၁၁) နာရီ (၄၅) မိနစ်ခန့် အချိန်၌ ပြည်ထောင်စုလမ်းမကြီး မြောက်ဘက်မှ တောင်ဘက်ကိုကျော်ပြီး လုပ်ပါကျေးရွာအတွင်းကို ဝင်ရောက်လာရာမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

Post a Comment

Previous Post Next Post