ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA အဖွဲ့က သိမ်းယူပြီးနောက် နေအိမ်များချိပ်ပိတ်ရာ၌ ရှမ်းနှင့် ဗမာလူမျိုးအများစု၏ နေအိမ်များဖြစ်


ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့တွင် TNLA အဖွဲ့က သိမ်းယူပြီးနောက် နေအိမ်များချိပ်ပိတ်ရာ၌  ရှမ်းနှင့် ဗမာလူမျိုး အများစု၏ နေအိမ်များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
လတ်တလောတွင် တအာင်းတပ်မတော်(TNLA)က နောင်ချိုမြို့အား ဝင်ရောက်တိုက်ခိုက်ပြီးနောက် နောင်ချိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှိ ပါတီဝင်အင်အားစာရင်းကို TNLA အဖွဲ့က ယူဆောင်သွားပြီး စာရင်းပါသူများကို လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်းနှင့် စာရင်းပါ လူမရှိပါက ၎င်း၏မိသားစုရှိလျှင်  မိသားစုတစ်ဦးကို ဖမ်းဆီးသွားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Post a Comment

Previous Post Next Post