ခုချိန် တိန်ရှောင်ဖိန်ပြောခဲ့တဲ့ဘယ်စနစ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ချုပ်ပြည်သူထမင်းဝနေရင် အဆင်ပြေတယ်ဆိုတဲ့စကားတစ်ခွန်းကိုပဲအမှတ်ရနေမိတယ်

■ ခုချိန် တိန်ရှောင်ဖိန်ပြောခဲ့တဲ့
ဘယ်စနစ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ချုပ်
ပြည်သူထမင်းဝနေရင် အဆင်ပြေတယ်ဆိုတဲ့
စကားတစ်ခွန်းကိုပဲအမှတ်ရနေမိတယ်။

■ အာဆီယံကလည်း  
သိပ်တော့ သဘောကျစရာကောင်းတဲ့
နိုင်ငံတွေနဲ့ဖွဲ့စည်းထားတာတွေ့ရတယ်…
လက်ရှိ မြန်မာ့နိုင်ငံအရေးကိစ္စမှာ 
ခပ်စွာစွာဖြစ်နေတဲ့ မလေးဆိုတာလည်း
နိုင်ငံမှာ ပြည်နယ် (၈)ခုရှိပြီး 
စော်ဘွား(၈)ယောက်က  (၄)နှစ်တကြိမ်
ဘုရင်ဆိုပြီးအုပ်ချုပ်တဲ့နိုင်ငံဖြစ်တယ်…..

■ လက်ရှိ မြန်မာ့အရေးက
ကျန်တဲ့ဒေသတွင်းနိုင်ငံတွေကို 
အကျိုးသက်ရောက်မှုရှိတယ်ဆိုပြီး 
အသံကောင်းဟစ်နေပေမဲ့လည်း…..
ကိုယ့်နိုင်ငံကျတော့
အကျင့်ပျက်ခြစားမှုတွေလုပ်ခဲ့တဲ့နာဂျစ်၊
မဟာမိတ်အချင်းချင်းအပေါ်သစ္စာဖောက်ခဲ့တဲ့
လက်ရှိအိမ်စောင့်အစိုးရဝန်ကြီးချုပ်
မူဟစ်ဒင်ရက်ဆင် တို့ဆိုတာ
သမိုင်းကောင်းခဲ့တဲ့သူတွေမဟုတ်ပြန်ဘူး။

■စင်ကာပူဆိုတာကလည်း
အတိုက်အခံ မထားဘဲ တပါတီတည်း
အုပ်ချုပ်တဲ့ နိုင်ငံ တစ်ခု….။
ထိုင်းဆိုတာကလည်း 
ဘုရင်ကိုအရုပ်လိုသဘောထားပြီး 
မကြာခဏ အာဏာသိမ်းပြီးအုပ်ချုပ်တဲ့နိုင်ငံ၊
အရှေ့တီမောဆိုတာကလည်း
အင်ဒိုဆီက လွတ်လပ်ရေးရတဲ့နိုင်ငံ၊
အင်ဒိုကြည့်ပြန်တော့လည်း 
လွှတ်တော်ထဲမှာ စစ်တပ်ထည့်ထားတဲ့
သူလိုလို ကိုယ်လိုလိုနိုင်ငံတစ်ခု
သိပ်တော့ ရီစရာတော့ကောင်းတယ်။

■လက်ရှိ အာဆီယံ အလှည့်ကျ
ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့
ဘရူနိုင်းဆိုတာကလည်း 
သူများနိုင်ငံကိုသာလူ့အခွင့်အရေးတွေ,
ပြောနေဆိုနေပေမဲ့ …သူ့နိုင်ငံကျတော့
ရှာရီယာဥပဒေကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခု။
လွှတ်တော်ရှိပြီး ရွေးကောက်ပွဲမကျင်းပတဲ့နိုင်ငံ။
ဘုရင်ဆိုသောသူက  ဝန်ကြီးချုပ်၊
နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနဲ့ကာကွယ်ရေးကို
ပူးတွဲကိုင်ထားတဲ့ နိုင်ငံ။

■ အာဆီယံအထူးသံဆိုပြီး 
မြန်မာကို ကိုယ်စားလှယ်လွှတ်ထားတဲ့
နိုင်ငံခြားရေးဝန်ကြီး (၂)ဆိုတာ…
အထက်မှာဆိုခဲ့သလို ဘုရင်က(၁)ဖြစ်နေလို့ပဲ။
အလားတူပုံစံက 
မြန်မာမှာလည်းဖြစ်ခဲ့သေးတယ်။
ဒေါ်စုက နိုင်ငံခြားရေးဝန်ကြီးယူထားတော့
ဒုဝန်ကြီးဖြစ်နေတဲ့ ဦးကျော်တင်က
နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာဘောင်မဝင်ဘူး။
ကာလုံဖွဲ့စည်းပုံမှာ 
နိုင်ငံခြားရေးနေရာကအရေးကြီးတော့
ဒီနေရာကိုလက်မလွှတ်ချင်တဲ့ဒေါ်စုက
ဦးကျော်တင်ကို ဝန်ကြီးဌာနအသစ်တစ်ခု
ဖွဲ့စည်းပေးလိုက်ရတဲ့ပုံစံမျိုးရှိခဲ့တယ်။

■ လက်ရှိအာဆီယံအရေးမှာလည်း
ရေနံကြောင့် ချမ်းသာတဲ့သူတို့နိုင်ငံက
OIC နဲ့ အနောက်အလိုကျ 
မြန်မာကိုနိုင်ငံရေးအရဖိတဲ့သဘောပဲ။
ပြောချင်တာက အာဆီယံနိုင်ငံဆိုတာ
မတူကွဲပြားတဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေနဲ့
စုစည်းထားတဲ့  အဖွဲ့အစည်းတစ်ခုပဲ။
သိပ်ကို သန့်ရှင်းတဲ့အစိုးရတွေ မဟုတ်သလို
ဒီမိုကရေစီအရမ်းကျနေတဲ့ 
နိုင်ငံတွေလည်းမဟုတ်ကြဘူးဆိုတာ
သတိပြုကြဖို့ပဲဖြစ်ပါတယ်….။

#ဖိုးစီ
#KT

Post a Comment

Previous Post Next Post