ငွေကြေးပြဿနာကြောင့် NLD, PDF များ ကိုယ့်ရုံးကိုယ် မိုင်းခွဲဖျက်ဆီး

ငွေကြေးပြဿနာကြောင့် NLD, PDF များ ကိုယ့်ရုံးကိုယ် မိုင်းခွဲဖျက်ဆီး
ထားဝယ်၊ အောက်တိုဘာ ၂၁
ထားဝယ်မြို့တွင် NLD ပါတီအတွင်း ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်ပြီး ထားဝယ်မြို့၊ ကရပ်ပြင်(မြောက်) ရပ်ကွက်ရှိ NLD ပါတီ တိုင်း/ခရိုင်/မြို့နယ်ရုံးကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

ထားဝယ်မြို့ပေါ်တွင် NLD ရုံးမိုင်းခွဲဖျက်ဆီးမှုနှင့် ပတ်သက်၍ သတင်းမှန်ပြန်ကြားရေးအား မေးမြန်းရာ "ထားဝယ်မြို့၊ ကရပ်ပြင်(မြောက်) ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ လူနေထိုင်ခြင်းမရှိသည့် NLDပါတီ တိုင်း/ခရိုင်/မြို့နယ်ရုံး၌ အောက်တိုဘာလ ၂၁ရက် ယနေ့နံနက် ၆နာရီခွဲခန့်တွင် လက်လုပ်ချိန်ကိုက်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် နှစ်ထပ်အဆောက်အဦးတစ်လုံး ပြိုကျပျက်စီးကာ လူထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါအဆောက်အဦး ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ မိုင်းရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်သည် NLD ထောက်ခံသူများဖြစ်သည့် အကြမ်းဖက်သမားများမှ NLDပါတီအတွင်း ငွေကြေး အရှုပ်အရှင်းများ ရှင်းလင်းခြင်း မပြုလုပ်သဖြင့် အချင်းချင်း မသင့်မြတ်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း" ထုတ်ပြန်ထားသည်။
NLD ပါတီသည် အကြမ်းဖက်အဖွဲ့အစည်းများကို ဖွဲ့စည်းကာ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်လျက်ရှိပြီး ယခုဖြစ်စဉ်သည် NLD အကြမ်းဖက်သမားများက ပထမဆုံးအကြိမ် ကိုယ့်ရုံးကိုယ် မိုင်းခွဲဖျက်ဆီးလိုက်ကြခြင်း ဖြစ်သည်။

https://t.me/MyanmarNationalPost
www.mnpnewsagency.com

Post a Comment

Previous Post Next Post