AA က ခိုင်သုခဆိုတာ ဘယ်လို လူစားမျိုးလဲ...?


တကယ်တော့ AA အဖွဲ့က ခိုင်သုခဆိုတဲ့သူက အခုမှ AA ဘက်ကနေပြီး စားကောင်းသောက် ကောင်းအောင်၊ အနေအစားချောင်အောင် ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာပါ… သူ့ရဲ့ မူလအဖွဲ့အစည်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကပဲ…။
ဦးသိန်းစိန် အစိုးရလက်ထက် အစိုးရနဲ့ ALP တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လက်ရှိ ALP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့အတူ အမြဲပါဝင်တက်ရောက်ခဲ့တယ်…။ အဲဒီလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ရောက်ပြီး အစိုးရဆီကနေ ကားပါမစ်တွေနဲ့ တခြားလုပ်ပိုင် ခွင့်တွေကို ကိုယ်ကျိုးအတွက် အရှက်မရှိ တောင်းဆိုရယူခဲ့တယ်…။ 
၂၀၁၅ ခုနှစ်မှာတော့ ALP ပါတီအတွက် အသုံးပြုဖို့ပေးထားတဲ့ ကားတွေကို ရောင်းစားပြီး ရလာတဲ့ သိန်းသုံးထောင်ကျော်နဲ့ ပါတီရန်ပုံငွေ သိန်းတစ်ထောင်ကျော်ကို အလွဲသုံးစားလုပ်ပြီး မရှင်းနိုင်တော့လို့ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်…။ အဲဒီနောက်မှာတော့ လိုင်ဇာ မှာရှိတဲ့ ထွန်းမြတ်နိုင်နဲ့ ချိတ်ဆက်မိပြီး AA အဖွဲ့ထဲကို ဝင်ရောက်သွားခဲ့သူဖြစ်ပါတယ်…။ AA အဖွဲ့ထဲရောက်သွားတော့လည်း အနေအစားချောင်အောင် ကြီးကြီးကျယ်ကျယ်တွေပြောကာ အထက်ဖားအောက်ဖိလုပ်ပြီး အကျင့်စာရိတ္တပျက်ပြားနေတာကြောင့် သူ့ကိုအမြင်မကြည်တဲ့သူ တွေ အများကြီးဆိုပဲ…? ပြီးတော့ သူက လောင်းကစားနဲ့ မိန်းမလိုက်စားသူ တစ်ယောက်ဖြစ် ပြီး ပြည်တွင်းမှာ နေထိုင်ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံမှာပဲ အခြေချနေထိုင်နေသူ တစ်ဦးဖြစ်ပါ တယ်…။
ပြောရမယ်ဆိုရင် ခိုင်သုခဆိုတာ ပါတီရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး မရှင်းနိုင်လို့ ထွက် ပြေးသွားတဲ့ အချောင်နေအချောင်စား ဝရမ်းပြေး တစ်ယောက်ပါပဲ…။
ထွန်းလူ

Post a Comment

Previous Post Next Post