နေရာဖယ်ပေးရတော့မဲ့အမေရိကန်

.
         
1986 မှာ အမေရိကန်ဟာ
ကမ္ဘာ့ GDP  34+ % နဲ့ကမ္ဘာကြီးကို
ပြတ်ပြတ်သားသား ဦးဆောင်ခဲ့တယ်၊
ဒုတိယလိုက်တဲ့ ဂျပန်တောင်မှ 
ကမ္ဘာ့ GDP ရဲ့  11+% ပဲရှိလို့
အမေရိကန်ဟာ ဂျပန်ထက် (၃) ဆ
ပိုကြီးခဲ့ပါတယ်၊

အဲ့ဒီအချိန်တွေဟာ အမေရိကန်ရဲ့
မွန်းတည့်ချိန်ဖြစ်ပြီး အမေရိကန်ရဲ့
စကားဟာ အမိန့်တခုလောက်နီးပါး
အားကောင်းခဲ့တယ်၊

အခုပုံအရ
2028 လောက်မှာ
တရုတ်က ကမ္ဘာ့ GDP ရဲ့ 34+% ကို
ရရှိတော့မှာဖြစ်ပြီး၊ အမေရိကန်က
17% လောက်သာ ပိုင်ဆိုင်တော့မှာဖြစ်လို့
တရုတ်က အမေရိကန်ထက် (၂) ဆ
ဖြစ်သွားပါလိမ့်မယ်၊

တချို့ ထုတ်ပြန်တဲ့ Source တွေအရ
GDP PPP မှာ တရုတ်က အမေရိကန်ကို
ကျော်နေပြီလို့ ဆိုပါတယ်၊
( တွက်ချက်ခန့်မှန်းတဲ့နည်းကွာလို့ပါ )

ကမ္ဘာ့အဆင့် (၁) ကနေရာဖယ်ပေးရတော့မှာမို့
တရုတ်ကို အမေရိကန်က ဒီနေ့မြင်တွေ့နေရသလို
သဲသဲမဲမဲ ချစ်ပြနေခြင်းပဲဖြစ်ပါတယ်၊

ဘာကြောင့် အမေရိကန်နဲ့တရုတ်ဟာ
ဆယ်စုနှစ် (၄) ခုလောက်အတွင်း အပြောင်းအလဲ
ကြီးကြီးမားမားဖြစ်သွားရပါသလဲ ?
ကျွန်တော့ လေ့လာချက်အရ 
(၄) ခုရှိတာတွေ့ရပါတယ်၊

Brain storming အနေနဲ့ စဉ်းစားကြည့်ကြပါလား ?

#NayZinLatt  (20.6.22 )🤓

Post a Comment

Previous Post Next Post