ကလေးတို့ရေ

ကလေးတို့ရေ
သမိုင်းထဲမှာ
ဦးနု ဆိုတဲ့လူကြီး
နိုင်ငံခြားကိုထွက်ပြေးပြီး
စင်ပြိုင်အစိုးရထောင်ဖူးတယ် ။
ဦးစိန်ဝင်း ဆိုတဲ့လူကြီးလည်း
နိုင်ငံခြားကိုထွက်
ပြေးပြီး စင်ပြိုင်အစိုးရ
ထောင် ဖူးတယ် ကွယ့်။

ဘယ် စင်ပြိုင်အစိုးရမှ
အစိုးရအဖြစ်နဲ့
မြန်မာပြည် ပြန်ရောက်မလာ
ကြပါဘူးကွယ် ။

အဲဒီ နဖူးပြောင်နဲ့လူကြီး
နိုင်ငံခြားထွက်ပြေးပြီး
စင်ပြိုင်အစိုးရထောင်တယ် ။
ဘယ်တော့မှတရားဝင်အစိုးရ
ဖြစ်လာမှာမဟုတ်ဘူး ။
သမိုင်းသက်သေရှိတယ်ကွယ်။

အဲဒီလူကြီး
ရူးကြောင်ကြောင်ပြောတဲ့စကား
တွေမယုံကြနဲ့ ကွယ့် ။
အဲဒီလူကြီးတွေအုပ်စုက
အာဏာရူးနေကြတာ ။

ဥစ္စာရူး ၊ မယားတရူးထက်
အာဏာရူးက ပိုကြောင်တယ် ။
သူတို့က အရက်သမားတွေလိုပဲ
သူတို့စိတ်ထဲကထင်ရောင်
ထင်မှားတွေကိုတကယ်မှတ်နေ
ကြတာ ။

ကလေးတို့စဉ်းစားကြည့်ပါဦး၊
အခုကလေးတို့စာမေးပွဲအောင်
တာကို အသိမအမှတ်မပြုဘူးတဲ့။ ဘယ်မှာနေမှန်းတောင်မသိ
တဲ့လူတွေက ။
ရီစရာမကောင်းဘူးလား ။

အဲဒီ လူကြီးပြောတာမှတ်မိ
သေးလား။
ကျောင်းမတက်နဲ့ ၊ ကျောင်း
တက်ရင် ဗုံးခွဲပြီး
လက်ပြတ်၊ ခြေပြတ်ဖြစ်အောင်
လုပ်မယ် ဆိုတဲ့စကား ။ ဒုစရိုက်သမားကြီး ။

အဲဒီနဖူးပြောင်နဲ့လူကြီးက
၁၀ တန်းသင်တဲ့စာတွေအားလုံး
ကိုအသစ်ရေးနိုင်မယ်လို့ရော 
ထင်လား ။ အပလာကြီးပါ
ကလေးတို့ရာ ။ 

တစ်ချို့ကအသက်သာကြီးတာ
လူပေါကြီးတွေအများကြီး
ကေလးတို့ရဲ့ ။
တစ်ချို့ကအသက်သာကြီးတာ
လူပေါကြီးတွေအများကြီး ။

စင်ပြိုင်အစိုးရဆိုတာ
မြင်သာအောင်ပြောရရင်
ကလေးတို့ငယ်ငယ်ကဆော့တဲ့ 
ဆပ်ပြာဗူဗောင်းနဲ့တူတယ် ။
ဆပ်ပြာဗူဗောင်းဆိုတာ
ဗူဗောင်းအစစ်လည်းမဟုတ်
ဘူး ။ ဘေးမှာရှိတဲ့အရောင်တွေ
ဟတ်ပြီး အရောင်ရှိတယ်ထင်ရပေမယ့် ဘာရောင်မှလည်းမရှိ
ဘူး ။ တာရှည်လည်းမခံဘူး ။

ဖိုးဖိုးကြီးကတော့
ကလေးတို့စာမေးပွဲအောင်တာကို
ဝမ်းသာဂုဏ်ယူတယ် ။
စာမေးပွဲအောင်တဲ့ ပိုစ့်တွေ
အားလုံးတစ်နေကုန် Like
တွေချည်းလိုက်ပေးနေတာ ။

လူ့ဘဝမှာ ပညာသင်ချိန်ဆိုတာ
တစ်ချိန်ပဲရတာ ။ ပညာဆက်
သင်ကြ ။ ကလေးတို့လမ်းကြောင်းမှန်ပေါ်မှာ ။
ကလေးတို့ဘဝတွေကို
ကွဲပြားသွားစေမှာပညာပဲဗျ ။

ဖိုးဖိုးကြီး
မောင်ချိုဝေ

Post a Comment

Previous Post Next Post