ဉကရစ်ထ စစ်ဆင်ရေး ခြေကုတ်စခန်း တိုက်ပွဲသတင်း အပိုင်း(၁)



ထိုင်းနယ်စပ်တွင် KNDO အထူး ကွန်မင်ဒို
အထူး စစ်ကြောင်း ကဦးဆောင်တဲ့KNDO
နဲ့   PDF အင်အား (၃၀၀). ကျော်ခန့်  က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဥကရစ်ထ
တပ်မတော် မဆုတ်တမ်း  ခံစစ်စခန်း ကို
တိုက်ခိုက်ဖို့ စုဖွဲ့ခဲ့ပါသည်

ထိုနေ့  မှာပင် ရွာများမှ ထော်လာဂျီများ
တုန်ဖုန်းကားများဖြင် လက်နက်ကြီး များ
လူများတင်ပြီး ဉကရစ်ထ စခန်းရဲ့ကိုက်
(၅၀၀)အကွာ သို့ချည်းကပ်နေရာယူခဲ့ပါ
သည်

ဥကရစ်ထ စခန်းသည် တပ်မတော်မှအရာ
ရှိအဆင့်ဦးစီး အင်အား(၃၀)ခန့်သာရှိသော
စခန်းငယ်တစ်ခုဖြစ်ပြီး ရန်သူလာရောက်
မည်လမ်းကြောင်းအား အပြောင်ရှင်းထား
ပြီး   ကြီးကြပ်မိုင်းများ ရှေ့ထွက်မိုင်း များ
ထောင်ထားသည့်စခန်းလည်းဖြစ်ပါသည်

ရန်သူKNDO +PDF များသည် အင်အား
နည်းသည့်စခန်းဖြစ်သည်နှင့်အညီအလွယ်
တကူသိမ်းပိုက် ရရှိနိုင်မည်ဟုအထင် ဖြင့်
လက်နက်ကြီးများစတင်ပစ်ခတ်တိုက်ခိုက်
ခဲ့ပြီး ကျား ထိုးတက်ပါသည်

စတက်သည့်အချိန်တွင်ပင် KNDO ဌာနချုပ်
သို့ စခန်းရရှိပြီဖြစ်ကြောင်း အစီရင်ခံထားပြီးဖြစ်ပါသည်

ထို့ကြောင့် KNDOဌာနချုပ်ရဲ့သတင်းပေး
ပို့မှုကြောင့် ပန်ဆယ်လိုက ဉကရစ်ထ စခန်း
အားရရှိပြီးဖြစ်ကြောင်း FB ပေါ်သို့ သတင်း
တင်ခဲ့ပါတော့သည်

သို့သော် ထင်သလိုမဟုတ်ခဲ့ပါ တပ်မတော်
မဆုတ်တမ်းခံစစ်ဖြစ်သည်နှင့်အညီ တက်
လာသောရန်သူများကို စခန်းတွင်းရှိတပ်မ
တော်သားများက အပိုင်ပစ်ခတ်ခြင်း လက်
နက်ကြီးများဖြင့် တိုက်စစ်အဟုတ်ဖွင့်ပြီး
ပြန်လည်ပစ်ခတ်သောကြောင့် ရန်သူတိုက်
စစ်အဟုန်ရပ်တံ့ခဲ့ပါသည်

KNDO အထူးတပ်က တက်တိုက်ခဲ့တဲ့သူ
ထဲက နှစ်ဦး တပ်မတော်စနိုက်ပါကျည်ထိ
ပြီး လန်ကျလာခဲ့ပါသည်

စခန်းနားကပ်လာတာနဲ့ စခန်းပေါ်က ပစ်
လိုက်တဲ့ ၄၀မမဗုံးသီးတွေ အတွဲလိုက်ပစ်
ခတ်နေတဲ့  စက်လတ်  ကျည်တွေ ကြောင့်
စခန်းနားကိုမကပ်နိုင်ပဲရှိနေပါသည်

ညနေပိုင်း တစ်ခါကျားထိုး တက်ပြီးရန်သူ
များ အထိနာသဖြင့် စုဖွဲ့ရာနေရာသို့ ပြန်
လည်ဆုတ်ခွာခဲ့ပါသည် ညပိုင်းတွင်အကြိမ်
ကြိမ်ကျားထိုး တိုက်ခိုက်ခဲ့သော်လည်းတပ်
စခန်းမှ ပြန်လည်ခုခံမှုကြောင့်စခန်း သိမ်း
နိုင်ခဲ့ခြင်းမရှိခဲ့ပါ

ထို့ကြောင့် ရန်သူသည် သေဆုံး ဒဏ်ရာ
ရလူနာများကို ထိုင်းနိုင်ငံ နယ်စပ် ဆေးရုံ
သို့ ထော်လာဂျီများ တုန်ဟုန်းကားများဖြင့်
ချောင်းစပ်သို့ ပို့ဆောင်ခြင်းများလုပ်ဆောင်
ခဲ့ရပါသည်

ထိုင်းဘက်မှ လူနာတင် ကားများ  အသင့်
စောင့်ဆိုင်းနေခဲ့ပြီး ဆေးရုံသို့သယ်ဆောင်
ကြပါသည်

တိုက်ပွဲသတင်းအပိုင်း(၂)ဆက်ရေးပါမည်

#သားစစ်ကြီး
#SaiHlyan
၂၇-၆-၂၀၂၂...

Post a Comment

Previous Post Next Post