တ႐ုတ္က ပါကစၥတန္ကို ေခ်းေငွ ေဒၚလာ ၂ ဘီလီယံေက်ာ္ ထုတ္ေပး

တ႐ုတ္က ပါကစၥတန္ကို ေခ်းေငြ ေဒၚလာ ၂ ဘီလီယံေက်ာ္ ထုတ္ေပး
………………………………

ႏိုင္ငံတကာ၊ ဇြန္ ၃၀

ႏိုင္ငံျခား အရန္ေငြေလ်ာ့နည္းလာတဲ့ ပါကစၥတန္ဟာ တ႐ုတ္ႏိုင္ငံကေန ေဒၚလာ ၂ ဒသမ ၃ ဘီလီယံ ေခ်းေငြ ရယူလိုက္ပါတယ္။

ႏိုင္ငံျခားေငြေဈးကြက္ တည္ၿငိမ္ေစဖို႔အတြက္ ေဒၚလာ ၂ ဒသမ ၃ ဘီလီယံရွိတဲ့ တ႐ုတ္လုပ္ငန္းစုေခ်းေငြကို လက္ခံရရွိခဲ့တယ္လို႔ ဘ႑ာေရးဝန္ႀကီး ဆူေမးလ္က ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

"တ႐ုတ္လုပ္ငန္းစုေခ်းေငြ ယြမ္ ၁၅ ဘီလီယံ (အၾကမ္းဖ်င္း ေဒၚလာ ၂.၃  ဘီလီယံ) ကို ပါကစၥတန္ႏိုင္ငံေတာ္ ဘဏ္အေကာင့္ထဲကို ယေန႔ထည့္သြင္းလႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။” လို႔ ဝန္ႀကီး ဆူေမးလ္က တြစ္တာမွာ ေဖာ္ျပခဲ့တာပါ။

ယခုလအေစာပိုင္းကတည္းက တ႐ုတ္ႏိုင္ငံက ပါကစၥတန္ႏိုင္ငံရဲ႕ ႏိုင္ငံျခားဝင္ေငြက်ဆင္းေနမႈကို ကူညီဖို႔ အတြက္ အေမရိကန္ေဒၚလာ ၂.၃ ဘီလီယံတန္ဖိုးရွိ ရန္ပုံေငြေတြကို ျပန္လည္ထုတ္ေပးဖို႔  သေဘာတူညီခဲ့ တယ္လို႔ ဆိုပါတယ္။

ပါကစၥတန္ဟာ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕(IMF) ကေန ရန္ပုံေငြ ေဒၚလာ ၆ ဘီလီယံ ရယူဖို႔ ႀကိဳးပမ္း ေနခ်ိန္မွာပဲ တ႐ုတ္ႏိုင္ငံက အခုလို ေငြထုတ္ေခ်းေပးခဲ့တာပါ။

ပါကစၥတန္ဟာ ေဆာ္ဒီအာေရးဗီးယားက ေဒၚလာ သန္း ၁၀၀ အပါအဝင္ ၿပီးခဲ့တဲ့ ဧၿပီလအတြင္း ႏိုင္ငံျခားေခ်း ေငြ ကန္ေဒၚလာ ၂၄၈ သန္းရယူခဲ့တဲ့အတြက္ ႏိုင္ငံဟာ ႏိုင္ငံျခားေခ်းေငြအေပၚ အလြန္အမင္း မွီခိုေနရတယ္လို႔ ဆိုပါတယ္။

Source - ခါမာ

#PeopleMedia #ႏိုင္ငံတကာ 

(unicode)
တရုတ်က ပါကစ္စတန်ကို ချေးငွေ ဒေါ်လာ ၂ ဘီလီယံကျော် ထုတ်ပေး
………………………………

နိုင်ငံတကာ၊ ဇွန် ၃၀

နိုင်ငံခြား အရန်ငွေလျော့နည်းလာတဲ့ ပါကစ္စတန်ဟာ တရုတ်နိုင်ငံကနေ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ချေးငွေ ရယူလိုက်ပါတယ်။

နိုင်ငံခြားငွေဈေးကွက် တည်ငြိမ်စေဖို့အတွက် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရှိတဲ့ တရုတ်လုပ်ငန်းစုချေးငွေကို လက်ခံရရှိခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဆူမေးလ်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

"တရုတ်လုပ်ငန်းစုချေးငွေ ယွမ် ၁၅ ဘီလီယံ (အကြမ်းဖျင်း ဒေါ်လာ ၂.၃  ဘီလီယံ) ကို ပါကစ္စတန်နိုင်ငံတော် ဘဏ်အကောင့်ထဲကို ယနေ့ထည့်သွင်းလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။” လို့ ဝန်ကြီး ဆူမေးလ်က တွစ်တာမှာ ဖော်ပြခဲ့တာပါ။

ယခုလအစောပိုင်းကတည်းက တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေကျဆင်းနေမှုကို ကူညီဖို့ အတွက် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံတန်ဖိုးရှိ ရန်ပုံငွေတွေကို ပြန်လည်ထုတ်ပေးဖို့  သဘောတူညီခဲ့ တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ကနေ ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံ ရယူဖို့ ကြိုးပမ်း နေချိန်မှာပဲ တရုတ်နိုင်ငံက အခုလို ငွေထုတ်ချေးပေးခဲ့တာပါ။

ပါကစ္စတန်ဟာ ဆော်ဒီအာရေးဗီးယားက ဒေါ်လာ သန်း ၁၀၀ အပါအဝင် ပြီးခဲ့တဲ့ ဧပြီလအတွင်း နိုင်ငံခြားချေး ငွေ ကန်ဒေါ်လာ ၂၄၈ သန်းရယူခဲ့တဲ့အတွက် နိုင်ငံဟာ နိုင်ငံခြားချေးငွေအပေါ် အလွန်အမင်း မှီခိုနေရတယ်လို့ ဆိုပါတယ်။

Source - ခါမာ

#PeopleMedia #နိုင်ငံတကာ

Post a Comment

Previous Post Next Post