ဆီးရီးယားရှိ အမေရိကန် စစ်စခန်းတစ်ခုကို ရုရှားတပ်ဖွဲ့ဝင်တွေက လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့

ဆီးရီးယားရှိ အမေရိကန် စစ်စခန်းတစ်ခုကို ရုရှားတပ်ဖွဲ့ဝင်တွေက လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့။

နိုင်ငံတကာ၊ ဇွန် ၂၀

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ အမေရိကန်ကြား တင်းမာမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေချိန်မှာပဲ ဆီးရီးယားရှိ အမေရိကန် စစ်စခန်းတစ်ခုကို အခု ရက်သတ္တပတ်အတွင်းမှာပဲ ရုရှားတပ်ဖွဲ့ဝင်တွေက လေ
ကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဆီးရီးယားခေါင်း
ဆောင် ဘာရှာအယ်လ်အာဆတ်ကို ဆန့်
ကျင်တဲ့ အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ ပြည်တွင်းတိုက်ခိုက်ရေးသမားတွေကို ပစ်
မှတ်ထား တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်လို့ မော်စကိုက ပြောပါတယ်။

ဒါပေမယ့် ရုရှားက တိုက်ခိုက်မှုနဲ့ ပတ်သက်
ပြီး  အမေရိကန်ကို ကြိုတင်သတိပေးခဲ့ပြီး အမေရိကန်က သူ့ရဲ့ စစ်သားတွေကို လျင်
မြန်စွာ ပြောင်းရွှေ့ဖို့ သတိပေးနိုင်ခဲ့တာကြောင့် ပစ္စည်းတွေ အပျက်အစီးရှိခဲ့ပေမယ့် al-Tanf မြို့စောင့်တပ်တွင်မှာ  အသေအပျောက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဂျော်ဒန်နယ်စပ်အနီး al-Tanf မြို့စောင့်တပ်ဟာ အိုင်အက်စ်အဖွဲ့တွေကို တိုက်ဖျက်ရေးအတွက် ကာ့ဒ်တပ်ဖွဲ့ဝင်တွေကို အမေရိကန်က လေ့ကျင့်ပေးနေတဲ့  အခြေစိုက်စခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့  ကွာခြားချက်ကတော့  ရုရှားက  ဆီးရီးယားအစိုးရရဲ့  ဖိတ်ကြားချက်အရ တရားဝင် ဝင်ရောက်နေတာဖြစ်ပြီး  အမေရိကန်ကတော့  ခွင့်ပြု
ချက်မတောင်းဘဲ ဆီးရီးယားနိုင်ငံအတွင်းမှာ သူ့ရဲ့တပ်တွေကို စေလွှတ်ထားတာဖြစ်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဆီးရီးယားနိုင်ငံထဲက လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့ဝင်တွေကို  ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် ရုရှားက အခုလို လေကြောင်းကနေ တန်ပြန်တိုက်ခိုက်ခဲ့တာလို့ ရုရှားဘက်က ပြောပါတယ်။

Source  CNN

#PeopleMedia

Post a Comment

Previous Post Next Post