လိုင်ဇာတွင် သင်တန်းတက်ကာ ရန်ကုန်၌ ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့သည့် လူငယ်များကို ဖမ်းဆီးရမိဟု နစကထုတ်ပြန်

လိုင်ဇာတွင် သင်တန်းတက်ကာ ရန်ကုန်၌ ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့သည့် လူငယ်များကို ဖမ်းဆီးရမိဟု နစကထုတ်ပြန်

ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်တွင်သင်တန်းတက်ကာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့သည့် BFRAFအဖွဲ့ဝင် လူငယ်(၇) ဦးကို ဖမ်းဆီးရမိကြောင်း နစက ဖက်မှ သတင်း ထုတ်ပြန် သည်။

အဆိုပါ ဖမ်းဆီး ရမိသူများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူပိုင်နေရာများနှင့် ဌာနဆိုင်ရာများအား (၉) ကြိမ်တိုင်တိုင် အကြမ်းဖက်ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ ကျူးလွန်ခဲ့ရာတွင် အကြမ်းဖက်မှု မလိုလားသည့် ပြည်သူများ၏ သတင်း ပေးမှုအရ ဧပြီလ (၈) ရက်တွင် ဗိုလ်တထောင်မြို့နယ် ၊မဟာဗန္ဓုလ လမ်းပေါ်တွင် BFRAF အဖွဲ့ဝင် ရဲနောင်ထွန်း(ခ) Demon နှင့် ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ ပုလဲလမ်းသွယ်(၁) ၊ တိုက်အမှတ် (၃၄) တွင် ရဲမင်းဟိန်း(ခ) ရဲဖြိုးအောင်(ခ)  ရဲကြီး နှင့် ကျော်စွာထက်(ခ) ပေါ်လာတို့အား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရမိသူ ရဲနောင်ထွန်း(ခ) Demon ၏ ဖော်ထုတ်ချက်အရ ထန်းတပင်မြို့နယ် ရေတလိကျေးရွာတွင် ရန်နိုင်ထူး(ခ) နဂါးလေးကို ဇွန်လ (၂၅) ရက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်နိုင်ထူး(ခ) နဂါးလေး၏ ဖော်ထုတ်ချက်အရ ဇွန်လ (၂၆) ရက်တွင်  လှိုင်သာမြို့နယ်၊ အမှတ်(၅) ရပ် ကွက် ရတနာ အဆောင်(၂) ၌ BFRAF အဖွဲ့ဝင် ဇင်ကိုဦး၊ ချစ်မိုး(ခ) ကျော်သက်‌ေဝနှင့် စန်းလွင်တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် BFRAF အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်သာယာရေးရုံး၊ အခေါက်ခွန်ရုံး၊ လျှပ်စစ်ရုံးအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦများနှင့် အများပြည်သူပိုင် နေရာများတွင်  ဖောက်ခွဲမှု (၉) ကြိမ် ကျူး လွန်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေပြီး အကြမ်းဖက်မှု ကျူးလွန်သူများ ဖမ်းဆီးရမိရေး ပြည်သူများအနေဖြင့် သတင်းပေးကြရန်လည်း တိုက်တွန်းထားသည်။

Post a Comment

Previous Post Next Post