ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်နဲ့ လုပ်ပိုင်ခွင့် အာဏာတွေ ပိုပေးတဲ့ရဲတပ်ဖွဲ့ ဥပဒေ

ရဲတပ်ဖွဲ့ကို အခွင့်အာဏာတွေ ပိုပေးထားတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေကို နစက ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပါတယ်။ 

ဒီဥပဒေအရ ရဲချုပ် ခန့်အပ်မှုနဲ့ပတ်သက်လို့လည်း အပြောင်းအလဲတွေ ဖြစ်သွားခဲ့ပါတယ်။ရဲချုပ်ခန့်အပ်လိုပါက သမ္မတဟာ တပ်/ချုပ် ဆီကနေ အမည်စာရင်းတောင်းခံရမယ်လို့ပါရှိပါတယ်။ ယခင် နယ်စပ်ရေးရာဝန်ကြီးနေရာတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကနေ အမည်စာရင်းတောင်း ခန့်အပ်ရတဲ့ ပုံစံမျိုးနဲ့ဆင်တူပါတယ်။

တခါ ဒီဥပဒေမှာ ရဲတပ်ဖွဲ့ကို ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ကိုပါ ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုလိုက်တာကိုလည်း တွေ့ရတာဖြစ်ပါတယ်။ 

ယခင်က ရဲအရေးပိုင်တဲ့ အမှုမဟုတ်ရင် ရဲကဝင်ဖမ်းခွင့်မရှိသော်လည်း ယခုအခါ ရဲတပ်ဖွဲ့၏ အရေးပိုင်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နေအိမ်အဆောက်အဦးတွေကို ဖမ်းဝရမ်း မလိုပဲ လုံခြုံရေးအရ ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးခွင့် ရှိလာမှာဖြစ်ပါတယ်။

ဒါ့အပြင် နေအိမ်၊ဈေးနဲ့ အခြားသော အများနဲ့ ဆိုင်တဲ့ အဆောက်အဦးများဆောက်လုပ်လိုပါကလည်း ရဲတပ်ဖွဲ့ထံဆောက်လုပ်ခွင့် တင်ပြတောင်းခံရမည်ဖြစ်ပြီး ရဲတပ်ဖွဲ့၏ခွင့်ပြုချက်ပါမှ တည်ဆောက်ခွင့်ရရှိတော့မည်ဖြစ်ပါသည်။ 

ယခင်ကအဆောက်အဦးများရဲ့ Site plan နဲ့ ပတ်သက်လို့  စည်ပင်သာယာရေး ဦးစီးဌာနကိုသာ တင်ပြလျှောက်ထားခဲ့ရသော်လည်း ယခုအခါတွင်တော့ ရဲတပ်ဖွဲ့ထံသို့ပါ တင်ပြလျှောက်ထားရတော့မှာဖြစ်ပါတယ်။

ဒါကလည်း လုံခြုံရေးအရ ဝင်ရောက်စီးနင်းရှာဖွေရာမှာ အဆောက်အဦးတည်ဆောက်ပုံအား အခြားဌာနဆိုင်ရာထံတင်ပြတောင်းခံရန်မလိုတော့ဘဲ ၎င်းတို့ဆီတွင် အရံသင့်ရှိနေစေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။

Crd;

Post a Comment

Previous Post Next Post