ကျောက်ဖြူမြို့၌ တည်ဆောက်လျက်ရှိသည့် သ ဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးစက်ရုံလုပ်ငန်း စ တင်လည်ပတ်ပါက ၁၃၅ MW ဓာတ်အားထွက်ရှိမည်ဖြစ်၍ ဒေသအတွက်များစွာအကျိုးရှိနိုင်ဟု နစက ဒု-ဥက္ကဋ္ဌပြော

ကျောက်ဖြူမြို့၌ တည်ဆောက်လျက်ရှိသည့် သ ဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးစက်ရုံလုပ်ငန်း စ တင်လည်ပတ်ပါက ၁၃၅ MW ဓာတ်အားထွက်ရှိမည်ဖြစ်၍ ဒေသအတွက်များစွာအကျိုးရှိနိုင်ဟု နစက ဒု-ဥက္ကဋ္ဌပြော

နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှုးကြီးစိုးဝင်းမှကျောက်ဖြူမြို့၌ တည်ဆောက်လျက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းသို့ ဇွန် ၁၄ ရက်က သွားရောက်ကြည့်ရှုစဥ် တာဝန်ရှိသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဒု-ဥက္ကဋ္ဌအား စီမံကိန်းနှင့်ပတ်သက်၍ စီမံ ကိန်းတာဝန်ခံဦးအောင်ကိုလတ်နှင့်ဒု-မန်နေဂျာဦးမင်းသွင်ခန့် တို့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခဲ့ကြသည်။

"စက်ရုံလုပ်ငန်းစတင်လည်ပတ်ရင် ၁၃၅ MW ဓာတ်အားထွက်ရှိမှာဖြစ်ပြီး ၁ ယူနစ်ကို ၈ ဒသမ ၅၉ ဆင့်နှုန်းနဲ့ ဖြန့်ချိနိုင်မှာဖြစ်တာကြောင့် ဒေသအတွက်များစွာအကျိုးရှိနိုင်မှာဖြစ်ပါတယ်"ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။ 

ထို့ပြင် စက်ရုံစီမံကိန်းအကောင်အထည်ဖော်မှု၊စက်ရုံလည်ပတ်ချိန်၌ သဘာဝပတ်ဝန်းကျင် ထိ ခိုက်မှုမရှိစေရေးအတွက်ဆောင်ရွက်ရန်၊စက်ရုံပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအတွက် ကျန်းမာရေး၊ပညာရေးနှင့်ပတ်သက်သည့်  Corporate Social Responsibility(CSR)လုပ်ငန်းဆောင်ရွက်နိုင်မှုတို့အား ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ  စီမံကိန်းဆောင်ရွက်မှုအား သတ်မှတ်စံချိန်စံနှုန်းများပြည့်မီစွာ ရည်မှန်းကာလအတွင်းပြီးစီးဆောင်ရွက်ရန်၊စီမံကိန်းအကောင်အထည် ဖော်မှုသတ်မှတ်ကာလအတွင်း၌ ရုပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လေ့လာလိုသည့် ပညာရှင်များရှိပါက လာရောက်လေ့လာနိုင်မည့် အခြေအနေများအား နစက ဒု-ဥက္ကဋ္ဌမှပြောကြားခဲ့သည်။

တည်ဆောက်လျက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း စက်ရုံ၌ မြန်မာနိုင်ငံ၌ ပထမဆုံးအသုံးပြုမည့် ဂျာ မနီနိုင်ငံမှထုတ် စွမ်းအားအမြင့်ဆုံးနှင့်သဘာဝ ဓာတ်ငွေ့သုံးစွဲမှုအသက်သာဆုံး SGT-800 Gas Turbine အနည်းငယ်ဖြင့် လည်ပတ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စက်ရုံလည်ပတ်စဉ်ကာလ ၂၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးလုပ်ငန်း (EPGE)မှ အင်ဂျင်နီယာများအား စက်ရုံသို့ခေါ်ယူတာဝန်ပေး၍ စက်ရုံလည်ပတ်မှု၊ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာနည်းပညာများအား လွှဲပြောင်းဆောင် ရွက်ပေးသွားမည်ဖြစ်သည်။

Website တွင်ဖတ်ရန် >>https://wp.me/paRxJm-k0u

Telegram တွင်ဖတ်ရန်>>https://t.me/popularjournal

Post a Comment

Previous Post Next Post