အဆိပ်ပင်ရဲ့ အသီးအပွင့်များ

         တချိန်တုန်းက ဓမ္မစကူး များနဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေဆီကို လူငယ်လေးတွေ လာပြီး လှူဒါန်းကြတယ် ။ 

    ဆရာတော်တွေကလည်း လူငယ်တွေရဲ့ တက်ကြွတဲ့ လှုပ်ရှားမှုတွေကို ကြည်နူးပိတိစိတ်တွေနဲ့ လှိုက်လှဲစွာ ကြိုဆိုကြပါတယ် ။ လူငယ်လေးတွေဟာ သင်တန်းတွေမှာ ကလေးတွေကို ဟောပြောမှုတွေ ပြုလုပ်ချင်တယ်လို့ ခွင့်တောင်းကြပြန်တယ် ။ 

      ဆရာတော်ကြီးတွေကလည်း ခွင့်ပြုကြပါတယ် ။ ကလေးသူငယ် အခွင့်အရေး ၊ ကျောင်းသားအခွင့်အရေးတွေ စပြီး ဟောပြောကြပါတယ် ။ နောက်တော့ လူလူချင်း ကန်တော့တာ သံဃာတွေကို ကန်တော့တာ မကောင်းကြောင်း လူချင်းအတူတူမို့ ကန်တော့ဖို့ မလိုကြောင်း ဟောပြောလာကြပါတယ် ။ 

   ဆရာ မိဘ တွေ ပြောတိုင်း လုပ်စရာမလိုကြောင်း ၊ မိမိကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဆုံးဖြတ်ဆောင်ရွက်နိုင်ကြောင်း အစရှိတဲ့ မိမဆုံးမ ဖမဆုံးမ အတွေးအခေါ်တွေကို နုနယ်တဲ့ ကလေးတွေ ရင်ထဲကို သွတ်သွင်းလာကြပါတယ် ။

     ဒီတော့ကြမှ ဆရာတော်ကြီးတွေ မျက်လုံးပြူးသွားကြရပါတယ် ။ ဖြူစင်တယ်လိူ့ ယူဆထားတဲ့ လူငယ်တွေ ရဲ့ ရင်ထဲကို ဒီလို ဘာသာမဲ့ အတွေးအခေါ်တွေ ဘယ်ကနေ စီးဝင်လာသလဲ လမ်းစပြန်ရှာကြရပါတယ် ။
    
   အဲဒီမှာ အဓိကတရားခံကို တွေ့ရပါပြီ ။ သူကတော့ ပေါင်းကူး Drကျော်သူ (သုဘရာဇာ မဟုတ်ပါ)ပါပဲ ။ နိုင်ငံတကာက အထောက်အပံ့တွေနဲ့ စနစ်တကျ INGO လူပ်နေတဲ့ Dr ကျော်သူဟာ အပေါ်ယံပဲ ကြည့်ရင်တော့ ရေမြွေသဖွယ် မြင်တွေ့ရပါတယ် ။ 

          သူဟာ လှည်းတန်းဂုံးကျော် မရောက်မှီ စံရိပ်ငြိမ်ဟိုတယ်ရှေ့ ဗဟိုလမ်း ထဲမှာ အင်မတန်ကျယ်သော ခြံဝန်းကြီးတခုမှာ ရုံးခန်းဖွင့်ထားပါတယ် ။ ခြံငှားခကတော့ တလ သိန်း ၁၅၀ ရှိပါသတဲ့ ။ 

      ပြည်တွင်းက NGO တွေဟာ မိမိလုပ်ကိုင်ဆောင်ရွက်မှုတွေကို စနစ်တကျ တင်ပြပြီး Dr ကျော်သူ့ထံကနေ ထောက်ပံ့ကြေးတောင်းကြလေ့ ရှိပါတယ် ။ ပမာဏအနည်း အများပဲ ကွာကြပါလိမ့်မယ် သူ့ဆီကထောက်ပံ့ကြေး မတောင်းသူ ခပ်ရှားရှားပါပဲ ။ သူ့ရုံးဝန်ထမ်းအများစုကို ခရစ်ယန်တွေကိုပဲ ခန့်ထားပါတယ် ။

    လူသားအကျိုးပြု ပညာရပ်တွေ သင်ကြားပေးနေသကဲ့သို့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာ့ ယဉ်ကျေးမှုစံများ ၊ ဓလေ့ထုံးစံများ နဲ့ စိတ်နေစိတ်ထား ဘာသာရေး အလုံးစုံပျက်ဆီးရေးအတွက် မြန်မာလူငယ်တွေကို အဆိပ်ခပ်တဲ့ အလုပ်ကို ပညာသားပါပါဆောင်ရွက်နေတာပါပဲ ။

      ဒေါ်စုကြည် လက်ထက်မှာ အရှိန်အဟုန်ပြင်းစွာနဲ့ မြန်မာလူငယ်တွေရဲ့ နုညံ့တဲ့ နှလုံးသားဆီသို့ ဘာသာမဲ့ အတွေးအခေါ်များ ၊ အနောက်တိုင်းယဉ်ကျေးမှုများကို အားပါးတရ သွတ်သွင်းပြီး တချိန်တည်းမှာပဲ မိမိအမျိုးသားရေး လက္ခဏာများအား သေးသိမ်အောင်ပြုလုပ်ခြင်း ၊ အမျိုးသားရေးစိတ်ဓာတ်အားရ်ုက်ချိုးခြင်း ၊ ဘာသာရေးမှိုင်းထည့်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ် ။

       ဒီလို အားပါးတရ စိုက်ပျိုးခဲ့တဲ့ ပြည်ဖျက်အဆိပ်သီးတွေဟာ ၂၀၂၁ မှာ အသီးအပွင့်တွေ မြင်တွေ့နေကြရပါပြီ ။ 

     သံဃာတော်များအား စော်ကား ဆဲဆိုနေမှုများ ၊ ဆရာများအား ကျေးဇူးကန်းနေသော အပြောအဆို အပြုအမူများ ၊ မိဘများကိုပင် သားသမီးက တပြန်စီး စွန့်လွှတ်ခြင်းပြုလုပ်ပြီး စော်ကားရဲကခြင်း ၊ ယုတ်ဆွအဆုံး သံဃာရတနာကိုပင် အလွန်ယုတ်ညံ့သော ထမီစုတ်တွေမှာပုံတော်များ တွဲကပ်ချိတ်ဆွဲလာတဲ့ အထိ အဆုံးစွန်ဆုံးတိုင်အောင် ယုတ်မာ အောက်တန်းကျလာတဲ့ အထိ ဖြစ်လာပါတယ် ။

     ကျနော်တို့အတွက် အဆိပ်သီးတွေကို ဖယ်ရှားရပါ့မယ် ။ အရေးကြီးဆုံးဖြစ်တဲ့ အဆိပ်ပင် စိုက်ပျိုးရေးလုပ်နေတဲ့ INGO တွေ နဲ့ လက်ဝေခံ NGO တွေကို အမြစ်လှန်ပစ်ရပါ့မယ် ။ 

      ကျနော်လေ့လာမှု အားနည်းပါတယ် ။ ဒါကြောင့် ကျနော်မသိနိုင်သေးသော အခြား INGO များ ရှိနိုင်ပါသေးတယ် ။ Dr ကျော်သူကတော့ နမူနာအဖြစ် လေ့လာမိသလောက် တင်ပြလိုက်ရပါ့တယ် ။ 

         မျိုးဝင်း

Post a Comment

Previous Post Next Post