နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး ရထားသပိတ်ကြီး ဗြိတိန်တွင် စတင်တော့မည်

နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး ရထားသပိတ်ကြီး ဗြိတိန်တွင် စတင်တော့မည်
သောင်းနှင့်ချီသော ရထားဝန်ထမ်းများပါ၀င်သည့် နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး ရထားသပိတ်ကြီး ဗြိတိန်တွင် စတင်ရန် ဦးတည်နေပြီဖြစ်သည်။

အလုပ်သမား သမဂ္ဂများက သတိပေးထားသည့် လစာကိစ္စဆိုင်ရာ အငြင်းပွားမှုများညှိနှိုင်းမှုများအဆင်မပြေသဖြင့် ရထားလုပ်ငန်း အော်ပရေတာ ၁၃ခု တို့မှ ၀န်ထမ်းများသည် ယနေ့တွင် လမ်းလျှောက်သပိတ်မှောက်ကြမည်ဖြစ်သဖြင့် အဓိကကျသော ရထားလိုင်းများကို ထိခိုက်စေသည်။

ရထားလမ်းသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး Mick Lynch က အစိုးရအပေါ် အပြစ်တင်ခဲ့ပြီး၊ ၀န်ကြီးများသည် အလုပ်ရှင်များအား လွတ်လပ်စွာ ညှိနှိုင်းဆွေးနွေးခွင့်မပြုခဲ့ကြောင်း ပြောသည်။

ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အတွင်းဝန်ကမူ ယင်းတို့သည် ခေတ်မမီတော့သော သမဂ္ဂများဖြစ်ကြပြီး၊ တိုင်းပြည်တိုးတက်မှုကို ဆန့်ကျင်နေကြခြင်းဖြစ်ကြောင်းဆိုပြန်သည်။

အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့များတွင် သပိတ်များစတင်မည်ဖြစ်ပြီး အရေးကြီး အဓိကကျသော သယ်ယူပို့ဆောင်ရေးရထားလမ်းကြောင်းများတွင် အဓိကလုပ်ဆောင်ရန်မျှော်လင့်ထားကြောင်း  ရထားလမ်းသမဂ္ဂကပြောသည်။

Ref: Rail strikes: Biggest strike in 30 years to go

Post a Comment

Previous Post Next Post