( မုန်းစိတ်ဖြင့် မရည်ရွယ် )


သူမအမည် တော်တော်များများသိကြ၏ 
" ပန်ဆယ်လို " ဟုအမည်တွင်သည် ~
သူမ၏ဇာတိကား ဧရာဝတီတိုင်းဖြစ်၏ 
အမည်ရင်းမှာ ~အိမ့်ပိုးဥ ငယ်နာမည်ဖြစ်၏ 

လိုရင်းအနှစ်ချုပ်ကို မရေးသားမီ 
သူမနှင့် ပါတ်သက်သော အကြောင်းအရာအချို့ကို အနည်းငယ်မျှ ရေးသားရခြင်းဖြစ်သည် ~

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ အရပ်ရပ်မှန်သမျှ သူမ၏ ပါဝင်ပါတ်သက်မှုကြောင့် ယခုလို လူငယ်လူရွယ်များအတုယူမှားခြင်း အယူအဆလွဲခြင်း အစွန်းရောက်ခြင်းနှင့် ဆိုးသွမ်း လာရခြင်းသည် သူမ၏ ဥပဒေမဲ့လှုံ့ဆော်မှုများကတဆင့် အမြန်ဆုံး ကူးစက်ပျံ့နှံ့နေတော့၏ ~

ဒီလိုဆိုလျှင် 
" ပန်ဆယ်လို " ဆိုသောသူမသည် 
အပြစ်ကင်းပါရဲ့လား ?  
" ပန်ဆယ်လို " အမည်ဖြင့် 
Facebook.အသုံးပြုရာကနေ 
( အဆဲတလိုင်း သီးသန့်ဖြင့် နာမည်ရလာသူ ) ယခင်က အဆဲတလိုင်းဖြင့် 
သူကြည့်၍မရသော လူကိုသာရွဲ့ခြင်း 
စောင်းမြောင်းခြင်း ဆဲဆိုခြင်းဖြစ်သော်လည်း ~

ယခုအချိန်တွင် 
( ပုဂ္ဂိုလ်ရေးသက်သက်မဟုတ်တော့ပါ )

သူမ၏ လူသိများသော " ပန်ဆယ်လို " အမည်ဖြင့် ဖွင့်ထားသည့်  Fb Page မှတဆင့် အစွန်းရောက် ဝါဒများနှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို ဦးတည်ကာ စိတ်ဓါတ် တက်ကြွ လွယ်ကူသော လူငယ်အများစု၏ စိတ်ခံစားမှု မြင့်တက်လာအောင်
ထိုမှတဖန် အတွေးမှား အမြင်မှား 
အယူအဆမှား အသိမှားများ ဖြစ်ပေါ်လာစေပြီး( တောခိုကြ အကြမ်းဖက်ကြသည်ထိ )

ရိုင်းစိုင်းယုတ်မာလာကြတဲ့အပြင် 
ကျောင်းဆရာ ဆရာမ ကျောင်းသား ကျောင်းသူများကိုပင် ရန်မူ သတ်ဖြတ်သည်အထိ အတင့်ရဲလာကြ၏ 

အနန္တဂိုင်းဝင် ကျေးဇူးရှင်များဖြစ်သော 
ဆရာ ဆရာမများကိုပင် ခြိမ်းခြောက်ခြင်း ပါတီမတူသူ အယူအဆမတူသူ
NLD.အားမပေးသူ ပြည်သူလူထုကိုပင် ငဲ့ညှာစိတ် ကင်းမဲ့ကာ သူလျှိုဒလန် စစ်တပ် အားပေးဟုဆိုကာ
လက်နက်အားကိုး၍ အုပ်စုဖွဲ့ကာ 
မီးရှို့သတ်ဖြတ်ခြင်း ခေါင်းဖြတ်ခြင်း

သေနတ်ဖြင့် ပစ်သတ်ခြင်း 
အရှက်ခွဲခြင်း ကတုံးရိတ်ခြင်း တက်တူးထိုးခြင်းစသည် စသည်ဖြင့် 
မြန်မာဗုဒ္ဓဘာသာဟုပင် မထင်ရလောက်အောင် ရိုင်းပျစော်ကား ရက်စက်မှုအပေါင်း သရဖူဆောင်း ခဲ့ကြသည်မှာ
မိဘပြည်သူများ ကိုယ်တိုင် မြင်သိနေရသည်မှာ 

အနာဂါတ် မြန်မာပြည်အတွက်
အလွန်ကိုမှ ရတက်မအေးဖွယ် ပါတကား ~

NLD နှင့် Facebook. 
မည်သို့ပါတ်သတ်နေသနည်း ?

NLD 5 နှစ် သတ်တမ်းကာလ၌ 
နိုင်ငံတော်ပိုင် ဖြစ်သော ( ပြည်သူ့ဘဏ္ဍာ ငွေကျပ် သန်းပေါင်း ၆၄၀၀ ကျော်ခန့် ) သုံးစွဲကာ လူမှု ကွန်ယက် စောင့်ကြည့်ရေး စင်တာဟု အမည်ပေး၍ ( ထိုငွေကျပ်သန်းပေါင်း ၆၄၀၀.ကျော် ) ကို အသုံးပြုခဲ့သည်မှာ မြန်မာ  ပြည်သူပြည်သား အားလုံးပင် သိရှိပြီးဖြစ်ပါ၏ ~

ထိုငွေများ ဘယ်သူ့ကိုပေးလိုက်သည်ဟု 
ပြည်သူများသိခွင့်မရှိကြပါ ~ 

သို့သော် ပညာဖြင့်တွေးကြည့်ကသိနိုင်ပါ၏ 

Facebook ပေါ်တွင် စမ်းသပ်ကြည့်လိုက်ပါ ထိုငွေများ ဘယ်သူ့ထံပေးလိုက်ရသလဲ ? 
ဘယ်သူရသွားသလဲ ? လွယ်ကူစွာသိနိုင်၏ ~

ဥပမာ ။ Facebook.ပေါ်၌ မဘသ ၊ ၉၆၉ ၊ မျိုးချစ်မှန်သမျှ တပ်မတော် ရဲတပ်ဖွဲ့ထိုအစုအဖွဲ့မှန်သမျှ စာရေး၍ လိုင်းပေါ်တင်ပါက တချို့သော အမှန်တရား အမှန်စကားများကိုပင် ( အမုန်စကား ပြောသည်ဆိုကာ ) ဖြုတ်ချဖျက်ချ Acc အပိတ်ခံရ သတိပေးခံရသည်က အကြိမ်ကြိမ် အခါခါ မကြုံရသူ မရှိတော့ပေ ~

ပန်ဆယ်လို အပါအဝင်၊ NLD CRPH NUG PDF နှင့် ~ NLD.လိုလားသူအစွန်းရောက်များအဖို့ သူတို့ပိုင်သော အမွေဆိုင် ( သို့မဟုတ်) ဇူကာဘတ်နှင့် အမျိုးတော်ကြသလားဟုပင် အခွင့်ထူးခံကာ ဆဲကြ ဆိုကြ ရိုင်းကြယုံမျှ မကဘဲ

အကြမ်းဖက် အားပေးသော အကြောင်းအရာများ နိုင်ငံ၏ ပျက်စီးရာ ပျက်စီးကြောင်း မှန်သမျှ မည်သို့ပင် လှုံ့ဆော် ရေးသားနေစေကာမူ Facebook သည်မမြင် မကြားမသိသလို တိုင်းဖျက် ပြည်ဖျက်များကို အားပေးနေသည်မှာ ငွေမျက်နှာကြောင့်ပင် မဟုတ်ပါလား ?

နိဂုံးချုပ်အနေနှင့် လိုတိုရှင်းပြောရရင် 
" ပန်ဆယ်လို "အပါအဝင် " ထားထက်ထက် " နှင့် NLD အစွန်းရောက်မှန်သမျှ 
ထိုလူအားလုံး၏ လေလှိုင်းပေါ်က အဆိပ်ခတ်သော ( ဝါဒမှိုင်း အဆိပ်အတောက်များကို
ယုံကြည်မိပါက ) မိမိဘဝလည်း 
အနာဂါတ်ပျောက်ရမှာ ဖြစ်သလို 
တိုင်းပြည် အပေါ်၌ သစ္စာဖေါက်အမည်တွင်ကာ သေရင်သေ မသေပါက ထောင်ကျ ထောင်မကျပါက ( ဘဝနွံနစ်ယုံသာ ) ရှိပါ၏

အားလုံးသော မြန်မာလူငယ်များ 
အသိမှန် အမြင်မှန်၍ လမ်းမှန် လျှောက်လှမ်းနိုင်ပါစေ ဟုသာ....
ဆန္ဒပြုမိပါတော့၏။

                      ‌ကျေးဇူးတင်ပါသည်

                      ~ Khit Bone Kha. ~ ။

Post a Comment

Previous Post Next Post