EAOs များစဥ်းစားပါလို့

Pdf တွေရဲ့  လက်ရှိ
အခြေအနေ က

ရှုံးနေပြီ ဆိုတာလည်း သိတယ်
NUG ဆိုတာ ပြည်ပြေးအုပ်စု
သူတို့ကို ခေါင်းပုံဖြတ်ပြီး 
တော်လှန်ရေးအမြတ်ထုတ်
အလှူခံစား နေတဲ့ နိုင်ငံရေးသမား
စားဖား လူတစ်စု ဆိုတာလည်း
သိတယ်။

သို့သော် ဒီအချိန်ကာလမှာ
နောက်ဆုတ်လို့ မရတော့ဘူးလို့
PDF တွေက မြင်တယ်။

နောက်ဆုတ်မရတဲ့ တူတူ လက်နက်ကိုင်ပြီး ငွေရှာဖို့ ဆုံးဖြတ်
လာကြတယ်။

ဗုံးတစ်လုံး ၂ သောင်းရလည်း
ခွဲတယ်၊ ၃ သောင်းရလည်းခွဲတယ်။

ပြည်သူ တစ်ယောက်ကို ၁သိန်းရ
လည်းသတ်တယ် ၅ သောင်း ရလည်း
သတ်တယ်။

ဒမြတိုက် လုယက် အားလုံးကို
ဒီလက်နက်နဲ့ လုပ်လို့ရတယ်ဆိုတဲ့
စိတ်ဓာတ်တွေ ဝင်လာတယ်။

တော်လှန်ရေးဆိုတာ လူကြားကောင်း
ယုံလောက် ပြောတဲ့ စကားဖြစ်ပြီး
အလှူခံ စားလို့ကောင်းအောင် 
ပြည်ပြေး အုပ်စုက ဖန်တီထားတာပါ။

တပ်မတော်ကိုနိုင်မယ်၊ နိုင်ငံတစ်ဝက်
ထိန်းချုပ်ထားပြီ။

ဟုတ်ပြီ ဇော်ဝေစိုးတို့ ပြည်ပြေး
အုပ်စု ပြောသလို နိုင်ငံတစ်ဝက်ကို
ထိန်းချုပ်ထားပြီဆိုရင် အဲ့ဒီနိုင်ငံ
တစ်ဝက်ကို ဇော်ဝေစိုးဦးဆောင်တဲ့
နိုင်ငံရေးစားဖား ပြည်ပြေးအုပ်စု
ပြန်လာပြီး အုပ်ချုပ်ကြလေ။

စဥ်းစားချင့်ချိန် တတ်ကြဖို့ ပြောတာ
ပါ။

မြေပြင်မှာ ပြန်ကြည့်

လွိုင်ကော် ကယားပြည်နယ် င​ြိမ်ကုတ်
သွားပြီ တပ်မ ၆၆ တပ်တွေက
ဗျင်းတာ PDf တွေ အလောင်းခြင်း
ထပ်အောင် သေကုန်ကြတာပါ။

လေးကေကော် ဒေသ တပ်မတော်က
ပဲ ယနေ့ အထိ ထိန်းချုပ်ထားတယ်။

ဒါက KNU တွေအနေနဲ့ PDF ကို
ကာကွယ်ရာက လေကေကော် ကိုပါ
တပ်မတော်က ထိန်းချုပ်ပြစ်လိုက်
တာပါ။

ဘာကြောင့် KNU တွေ pdfကို
ကာကွယ်နေသလဲ အလကား ဘယ်သူ
မှ မကာကွယ်ပါဘူး ပြည်ပကနေယပိုက်ဆံရနေလို့ပါ။

တည်င​ြိမ်သွားတဲ့ 
ဒေသ ၂ ခုကိုပဲ ပြောပြတာနော်

စစ်ကိုင်းတိုင်းဒေသကြီး ကို ပြန်ကြည့်
PDF ဆိုတာက လက်နက်မဲ့ ပြည်သူ
တွေကိုပဲ ပစ်ခတ် သတ်ဖြတ် နေကြ
တာပါ။

တပ် လာရင် အဝေးက မိုင်းခွဲပြီး
ပြေးရတာကြည့်ပဲ။ တပ်မတော်ကို
ရင်ဆိုင်တိုက်ပါတယ် ဆိုတာ 
ခေတ်သစ် တို့ ဒီဗွီဘီနို့က ဖော်ပြတဲ့
ဗွီဒီယို တစ်ဖက်လုပ် ဟန်ရေးပြ တိုက်ပွဲ 
ဝါဒဖြန့် တိုက်ပွဲ မှာပဲ ရှိတာပါ။

စစ်ကိုင်းတိုင်း
ဒေသကြီး အရေးမှာ KIA ဝင်ရှုတ်
နေတယ် ဆိုတာကို တော့ နိုင်ငံတော်အကြီးအကဲ များ တပ်မတော်ခေါင်း
ဆောင်များက လည်း မသိပဲ မနေ
ပါဘူး။

အစီအစဥ်တွေတော့ ရှိကို ရှိမှာပါ
ယခု င​ြိမ်းချမ်းရေး ဖိတ်ခေါ်နေသော
ကာလ ဖြစ်လို့ လွှတ်ထားတဲ့
သဘောမျိုးဖြစ်ပါလိမ့်မယ်။

တကယ်တမ်းကြတော့ အသိဥာဏ်
ခေါင်းပါးတဲ့ ပါတီစွဲ ဗမာလူတစ်စုကို
KIAက မီးထိုးပေးကြတာပါ။

ဗမာချင်းသတ်ပါစေ ဗမာတွေ  လူနည်း
သွားရင် သူ့အလိုလို ငါတို့ နေရာ
ဖြစ်လာမယ်ဆိုတဲ့ လုပ်ရပ်မျိုးပါ။

KIA ကတော့ သူပုန်လုပ်စက် တစ်ခု
လိုပါပဲ သူပုန်မွေးထုတ်ပြီး ယုတ်ကန်း
သော လုပ်ရပ်မှန်သမျှ လုပ်တဲ့နေရာ
မှာ KIA သည် လက်နက်ကိုင်တွေ
ထဲ မှာ အကောက်ကျစ်ဆုံးအဖွဲ့
အစည်းပါ။

ယနေ့ သတင်းစာရှင်းလင်းပွဲမှာ
ပြောတဲ့ င​ြိမ်းချမ်းရေးဖိတ်ခေါ်မှုကို
မသိချင်ယောင်ဆောင်နေတာ
မကြားချင်ယောင်ဆောင်နေတာ

ဆိုတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောခဲ့သော စကားစုဟာ အမှန်ပါပဲ။

ဒါဆိုရင် ကြားချင်လာအောင် သိချင်
လာအောင်တော့ လုပ်ကြရမှာပါ။

KIAဟာ င​ြိမ်းချမ်းရေးကို စိတ်ဝင်စား
တဲ့ အချိန်ကို ပြန်ကြည့်ကြပါ။

KIA ဌာနချုပ်လိုက်ဇာမုဒ်ဦးကို မြန်မာ့တပ်မတော် စစ်ကြောင်းတွေ ရောက်ချိန် ကြမှ
င​ြိမ်းချမ်းရေး ဆိုတဲ့ စကားကို KIAက
စပြောခဲ့တာပါ ၂၀၁၁ ခုနှစ် ကာလဗျာ
ခင်ဗျားတို့ ကျုပ်တို့ မှီကြပါတယ်။

ဒါကြောင့် မကြားချင်ယောင်ဆောင်
သူတွေ မသိချင်ယောင်ဆောင်သော
အဖွဲ့တွေကို သိချင်လာအောင်
ကြားချင်လာအောင် လုပ်ဖို့ နည်းက
အထက်မှာ ဖော်ပြထားခဲ့ သော
၂၀၁၀/၁၁ ခုနှစ် ရွှေလင်းယုန် စစ်ဆင်ရေး
ကို ပြန်သတိရလာအောင် လုပ်ဖို့
ပါပဲ။

PDF ဆိုတာက သူခိုး ဒမြအဆင့်
သာ ရှိသော အကြမ်းဖက်အဖွဲ့ပါ
ပြည်သူကို သတ်ဖြတ်အကြမ်းဖက်တာကလွဲရင်ဘာစစ်ဆင်ရေးမှ အကောင်
အထည်ဖော်ဆောင်နိုင်သောအဖွဲ့
အစည်း မဟုတ်ပါဘူး။

EAOs များအနေနဲ့ PDF ကြောင့်
တနေ့ ဒုက္ခရောက်ကြ ပါ
တော့မယ်။

နိုင်ငံရေး သူပုန် ဆိုတာက ဗကပ/
ဦးနု ပြည်ပြေးအုပ်စု
ကစလို့ ယနေ့ PDF အထိ ဘယ်တိုင်း
ရင်းသား ပြည်သူအပေါ်ကိုမှ 
ကောင်းကျိုးပေးခဲ့တာ မရှိဘူးဆိုတာ
အတိတ်သမိုင်းက ရှိခဲ့ပြီးသားပါ။

ဖက်ဒရယ်ဆိုတာထက် NLD ပါတီက
ပြည်ဖျက် သူခိုးတွေ နေရာပြန်ရဖို့
PDF ဆိုတဲ့ ပါတီစွဲ လူတစ်စုက 
ပြည်သူတွေကို သတ်ဖြတ်အကြမ်းဖက်
နေကြတာပါ။

နိဂုံးအနေနဲ့ ပြောရရင် ဒီမိုကရေစီ
ကိုသွားနိုင်ဖို့ ၂၀၀၈ ခြေ/ဥ ဆိုတာကို
လည်း တပ်မတော်ကပဲ လမ်းခင်း
ပေးခဲ့တာပါ။

ယနေ့ ဖက်ဒရယ်ကိုသွားဖို့ လမ်းခင်း
ပေးနေတာကလည်း တပ်မတော် ပဲ
ဖြစ်ပါတယ်။

NUG ဆိုတာလည်း NLD က လူ
တွေပဲ PDF ဆိုတာလည်း NLDပါတီက လူတစ်စု ပဲ ဒီလို သူခိုးဒမြ ပြည်ပြေး တွေနဲ့ ပေါင်းလို့ ဖက်ဒရယ်
ကိုရနိုင်မလား။

တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်ပြီး
င​ြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်
ကြမှ ဖက်ဒရယ် ကိုရ နိုင်မလား
EAO ခေါင်းဆောင်တွေ ထမင်းစား
တယ် ဆိုရင်တော့ သိရမှာပါ။နိုင်ငံတစ်ခုမှာ ပါတီနိုင်ငံရေးအရ 
တော့ ပြည်သူက အရေးကြီးပါတယ်။
သို့သော်
စနစ်တစ်ခုကိုသွားကြမယ်ဆိုရင်တော့အဲ့ဒီစနစ် ကို အဲ့ဒီနိုင်ငံက တပ်မတော်
ကလက်ခံ မှသာ ဖြစ်နိုင်တယ် အစဥ်
ပြေချောမွေ့တယ် ဆိုတဲ့ အချက်ကို
မမေ့သင့်ကြပါဘူး။

ယနေ့တပ်မတော်က ဖက်ဒရယ်ကို
သွားဖို့ လမ်းတွေ ဖွင့်ထားပြီ ငါတို့
ဘာကြောင့် ဘာကြောင့်မလာနိုင်သလဲ
EAOs များစဥ်းစားပါလို့ ပြောရင်း
နိဂုံးချုပ်ပါတယ်။

Kyaw Swar

Post a Comment

Previous Post Next Post