PDF လူငယ်တွေ အမြင်မှန်ရဖို့


ပြည်တွင်းလက်နက်ကိုင်တော်လှန်ပုန်ကန်မှုမှာ EAO များ 
တော်လှန်မှုနဲ့၊ PDF ဆိုပြီး နှစ်မျိုးရှိပါတယ်။PDF နဲ့ 
ပူးပေါင်းနေတဲ့ KIA, KNU, KNPP နဲ့ CNF ဆိုတဲ့ 
(PDF+EAO) တွေလည်းရှိပါတယ်။

EAO များကို နစက က ၂၀၂၂ ငြိမ်းချမ်းရေးနှစ်အဖြစ်
သတ်မှတ်ပြီး နှစ်ကုန်အထိတစ်ဖက်သတ်အပစ်ရပ် ပေး
ထားပြီး PDF ကိုအကြမ်းဖက်အဖွဲ့အဖြစ် ချေမှုန်းသွား
မယ်ဆိုပေမယ့် (PDF+EAO)တွေက စတင်တိုက်ခိုက်လာ
မှသာ ပြန်လည်ခုခံတိုက်ခိုက်တဲ့အနေအထား တွေ တွေ့
မြင်ရတာများနေတဲ့အတွက် တပ်မတော်ဘက်က ထိုးစစ်
ကြီးအဖြစ်စတင်ထိုးစစ်ဆင်တိုက်ခိုက်တာမတွေ့ရသေး 
ပါဘူး။ 

အခု နစက တပ်မတော်သားတွေ CDM လုပ်ကုန်ပြီ၊ပြည်
သူ့ရင်ခွင်ခိုလှုံကုန်ပြီ၊ အရှင်ဖမ်းမိပြီ၊စခန်းတွေကျကုန်ပြီ 
ဆိုပြီး မနက်ဖန်သဘက်ခါပဲ တစ်နိုင်ငံလုံးသိမ်းတော့မလို 
ပြည်ဖျက်မီဒီယာ ပေါင်းစုံက ဝိုင်း အော် ဝါဒဖြန့် ပေးနေ
တာတွေဟာ လက်တွေ့ ဖြစ်နိုင်မဖြစ်နိုင် စဥ်းစားကြဖို့လို
ပါတယ်။

တပ်မတော်သမိုင်းမှာ တပ်ရင်းလိုက် တောခိုသွားတာတွေ
ရှိခဲ့ဖူးသလို ရန်ကုန်မြို့ကွက်ကွက်လေးကလွဲ ပြီးတစ်နိုင်
ငံလုံးနီးပါး ရောင်စုံသူပုန်တွေအောက်ကျရောက်ခဲ့တာ
လည်းကြုံခဲ့ဖူးပြီးဖြစ်ပါတယ်။တောင်ပိုင်းတိုင်းနဲ့ မြောက်
ပိုင်းတိုင်း စစ်တိုင်း(၂ )တိုင်းပဲရှိတဲ့အချိန်မှာ မြောက်ပိုင်း
တိုင်း တိုင်းမှုးကို သူပုန်တွေဖမ်းမိသွားတဲ့အထိ ကြုံခဲ့ရဖူး
သလို တိုင်းမှုးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်
မှုးချုပ်ဟောင်း တောခိုခဲ့ဖူးတာလည်းရှိခဲ့ပါတယ်။

ဒီလိုအခြေအနေတွေမှာတောင် လူလက်နက် ထောက်ပံ့မှု
အစစအရာရာသာလွန်တဲ့ ရောင်စုံသူပုန်တွေကို နယ်စပ်
အထိပြန်မောင်းထုတ်နိုင်ခဲ့တာဖြစ်လို့ အခု ဘယ်အဆင့်နဲ့
ဘယ်နှစ်ယောက် CDM လုပ်လာပြီ၊(တပ်မတော်မှာ ခွင့်မဲ့
ပျက်ကွက် သာရှိပြီး CDM မရှိပါ။ခွင့်မဲ့၂၁ရက်ကျော်ရင် 
စစ်ပြေးကြေငြာပြီး ကာလစည်းကမ်းသတ်မရှိ တဲ့ပြစ်မှု
ဖြစ်လို့ စစ်ပြေးကာလနဲ့ညီမျှတဲ့ ပြစ်ဒဏ်ချရတဲ့အတွက်
အချို့စစ်ပြေးတွေအသက် ၇၀၊ ၈၀မှ ဖမ်းမိ ထောင်ချရ
တာတွေလည်းရှိပါတယ်)ဘယ်အဆင့်တွေဖမ်းမိပြီ၊ဘယ်
စခန်းတွေကျကုန်ပြီဆိုတာ နဲ့ တော်လှန်ရေးကြီးအောင်တော့မယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် နှိုင်းယှဥ် စဥ်းစားတတ်
ဖို့လိုပါတယ်။ 

တပ်မတော်က အမှန်တကယ် ဖိဖိစီးစီး အပြတ်ရှင်းမယ်
ဆိုရင် အမေရိကန်နောက်ခံတရုပ်ဖြူလည်းမခံနိုင်၊တရုပ်
ကွန်မြူနစ်နောက်ခံဗကပလည်းမခံနိုင်၊အနောက် အုပ်စု
က ထောက်ပံ့မှုနဲ့ဘယ်တော့မှ တိုက်လို့မရနိုင်ဘူးလို့
ကြွေးကြော်ထားတဲ့ ကရင်ပြည်နယ်နယ်စပ်တလျှောက်က 
KNU စခန်းအားလုံးလည်း မခံနိုင် တဲ့အတွက် အခု PDF 
တွေကို တပ်မတော်ကမနှိမ်နင်းနိုင်တာလား ၊ပြတ်ပြတ်
သားသား ရက်ရက်စက်စက် စစ်ကိုစစ်နဲ့တူအောင်မတိုက်
သေးတာလား ဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုပါ
တယ်။

အမေရိကန်က သူ့နိုင်ငံသားတစ်ယောက်မှသေတဲ့ကိစ္စ
မဟုတ်လို့ PDF သေတဲ့ကိစ္စခေါင်းထဲထည့်မှာ မဟုတ်
သလို NUGကလည်း ကျည်လွတ်မြေကနေ အနေအစား
မပျက် မြှောက်ပေးနေမှာဖြစ်လို့ အသက်နဲ့ရင်းရတဲ့ PDF 
များ စဥ်းစားကြဖို့ လိုပါတယ်။

တပ်မတော်ဘက်က ပြင်းပြင်းထန်ထန်တန်ပြန် ထိုးစစ်
မဆင်ဘဲအနည်းဆုံးအင်အားအနိမ့်ဆုံးအဆင့်နဲ့ ထိန်းနေ
တာတောင် တော်လှန်ရေးတစ်နှစ်ကျော်လာတဲ့အထိ မြို့
တစ်မြို့ကို မသိမ်းပိုက်နိုင်သေးတဲ့ (PDF+EAOအချို့)ရဲ့ 
အခြေအနေမှန်အရ လက်နက်ကိုင်တော် လှန်ရေးလမ်း 
ကြောင်းနဲ့ အာဏာမရနိုင်တဲ့ လမ်းကြောင်းပေါ်မှာ နေ့စဥ်
အသက်စွန့်နေရတဲ့ PDF လူငယ်တွေ အမြင်မှန်ရဖို့လိုပါ
တယ်။

#TLH

Post a Comment

Previous Post Next Post