ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား အား လက်ခံတွေ့ဆုံ

Jun 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ
သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား အား လက်ခံတွေ့ဆုံ
~~~~~~
~~~~~~
 ဇွန် ၁၅၊၂၀၂၂ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြား
ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား အား ဇွန်လ ၁၄ ရက်၊ နံနက်၁၁ နာရီတွင်နေပြည်တော်
ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု
ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့စဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း
ဆောင်ရွက်မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသောစီမံကိန်းများ၊ 
ဒေသတွင်းနှင့် နိုင်ငံတကာ စာမျက်နှာများတွင် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်
သွားရေးကိစ္စရပ်များ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ
နေထိုင်ရေးမူကြီး (၅) ရပ်နှင့် အာဆီယံနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါမူများ လေးစား
လိုက်နာသွားရေး တို့နှင့် စပ်လျဉ်း၍ ခင်မင်
ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့
ကြောင်း သိရသည်။
#TFM
https://t.me/snowqueen1245

Post a Comment

Previous Post Next Post