ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်
လာသော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်း
ပေးအပ်ခြင်းကို ဇွန် ၂၀ ရက်နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်စီမံ
အုပ်ချုပ်ရေးကောင်စီ ရုံးနှင့် ပဲခူးတိုင်း
ဒေသကြီး၊ တောင်ငူမြို့ရှိ ခရိုင်အထွေထွေ
အုပ်ချုပ်ရေးမှူးရုံးခန်းမတို့၌ ပြုလုပ်ခဲ့ကြောင်း
သိရသည်။ 

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်း
ဆွေးနွေး ပြောကြားသည်။ထို့နောက် ဉပဒေ
ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စလင်းမြို့နယ်
အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် တောင်ငူမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၆ ဦးတို့ကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများ
ထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း
သိရသည်။

 PDF အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ၅ ဦး၊ မန္တလေး
တိုင်းဒေသကြီးအတွင်းမှ ၂၄ ဦး၊ မကွေးတိုင်း
ဒေသကြီး အတွင်းမှ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသ
ကြီးအတွင်းမှ ၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှ ၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၆ ဦး၊ စုစုပေါင်း ၆၆ ဦး ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်း
သူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
#SQ

Post a Comment

Previous Post Next Post