ပညာရေးဝန်ထမ်း(၂) ဦးကို ပြန်ပေးဆွဲခြင်းသည် လူအဖွဲ့အစည်းနှစ်ခုကြား ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို လျှော့ပါးစေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

ပညာရေးဝန်ထမ်း(၂) ဦးကို ပြန်ပေးဆွဲခြင်းသည် လူအဖွဲ့အစည်းနှစ်ခုကြား ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို လျှော့ပါးစေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော


မောင်တော ဒေသခံ ကျောင်းဆရာ(၂) ဦးကို ARSA အဖွဲ့မှ ပြန်ပေးဆွဲထားခြင်းသည် ရခိုင်ပြည်နယ်အတွင်းမှ မတူ ညီသည့် လူမှုအသိုင်းအဝိုင်းကြား ယုံကြည်မှုနှင့် စည်း လုံးညီညွတ်မှုကို လျှော့ပါစေကြောင်း ရက္ခိုင့်တပ်တော် ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောကြားလိုက်သည်။


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သင်္ဘောလှ မူလွန်ကျောင်း မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမတစ်ဦးကို ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။


ယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြန်မာငွေကျပ် သိန်းတစ်ထောင်နှင့် ညီမျှသော ဘင်္ဂလားဒေ့ရှ်ငွေ တာကာသိန်း(၅၀) နှင့် ပြန်ရွေးရန် မြို့နယ် ပညာရေးမှူးထံ အ ကြောင်းကြားခဲ့ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ် ထွန်မြတ်နိုင်က ဇွန်လ (၂၀) ရက် ညနေပိုင်းတွင် သူ၏ တွစ်တာအကောင့်မှတဆင့်  ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။


"ကျောင်းဆရာ (၂)ယောက်ကို ARSA က ပြန်ပေးဆွဲတာဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မွတ်စ လင် များအတွက်သာမကဘဲ ရခိုင်ပြည်တွင်းက မတူညီသော လူမှုအသိုင်းအဝိုင်းကြား ယုံကြည်မှုနှင့် လူမှုစည်း လုံးညီညွတ်မှုကို လျော့ပါးစေရန် အားထုတ်မှု ဖြစ်တယ်" ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။


အဆိုပါ ကျောင်းဆရာ(၂) ဦး ပြန်ပေးဆွဲခံရမှုအတွက် ပြန်လည်တွေ့ရှိရန် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနှင့် လိုက်လံ ရှာဖွေ‌မှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည် တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။


ဇွန်လ (၁၉) ရက်ကလည်း ပျောက်ဆုံးနေသူ (၂) ဦးကို ရှာ ဖွေသည့်အဖွဲ့အား မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ မဲဒီကျေးရွာအနီးတွင်  သေနတ်နှင့် ပစ်ခတ်ခြင်း ခံခဲ့ရကာ ရွာသားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ရှာဖွေမှုကို ယနေ့ ဇွန်လ (၂၀) ရက်မှ စတင်ကာ ရပ်နားခဲ့ကြောင်းလည်း သိရသည်။


အဆိုပါ မောင်တောဒေသခံ ပညာရေးဝန်ထမ်း (၂) ဦး ပျောက်ဆုံး နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း AA အပါအဝင် ရခိုင်လူမှုအသိုင်းအသိုင်းကြားတွင် ARSA အဖွဲ့မှ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ပြန်လည်လက်ခံနိုင်ရေး အ တွက် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများအကြား တွေ့ ဆုံဆွေးနွေးမှုးများ လုပ်ဆောင်နေချိန်တွင် ယခုဖြစ်စဉ်ပေါ် ပေါက်လာခြင်းအပေါ် နှစ်ဘက်လူ့အဖွဲ့အစည်းကြား ယုံ ကြည်မှု ပျက်ပြားစေသည်ဟု  သုံးသပ်မှုများလည်းရှိနေခြင်းဖြစ်သည်။


ယခု ဖြစ်စဉ်သည် ဒုစရိုက်မှုသာဖြစ်ပြီး လူမျိုးရေးကို အခြေခံမစဉ်းသင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေ သည်။


" ဒုစရိုက်မှုက လူမျိုးရေးနဲ့ မဆိုင်ပါဘူး။ လက်နက်ကိုင်တွေရဲ့ လုပ်ရပ်ကြောင့် လူမျိုးရေး ၊ ဘာသာရေးကို ပြေးမြင်ပါနဲ့" ဟု ရိုကျော်မြင့်ဆိုသူက ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ ပြောကြားချက်အောက်တွင် မှတ်ချက်ပြု ရေးသားထားသည်။


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှ မူလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဆရာကြီး ဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော်တို့ သည် ဇွန်လ ၁၆ ရက်‌တွင် မြို့နယ်ပညာရေးမှူးရုံးသို့ သွား ရောက်စဉ် မောင်တော-တောင်ပြိုကားလမ်း၊ဇီးပင်ချော င်းကျေးရွာအနီးတွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

Post a Comment

Previous Post Next Post