“ရိုဟင်ဂျာ” အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း နစက ထုတ်ပြန်

“ရိုဟင်ဂျာ” အသုံးအနှုန်းကို အသိအမှတ်မပြုဘဲ အဲ့ဒီလိုသုံးစွဲမှုတွေကို ပြင်းထန်စွာ ကန့်ကွက်တယ်လို နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ဇူလိုင်လ ၈ ရက်ထိ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှုတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီမှာတင်သွင်းခဲ့တဲ့ “မြန်မာမာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ပါ ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆို တစ်ရပ်ကို ဇူလိုင်လ ၇ ရက်က အတည်ပြုလိုက်တဲ့အပေါ် နစက အနေနဲ့ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီဆုံးဖြတ်ချက်ဟာ သက်ဆိုင်ရာ နိုင်ငံတွေမပါဝင်ဘဲ ဆုံးဖြတ်ခဲ့တာဖြစ်ပြီးတော့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ အသုံးအနှုန်းတွေပါဝင်တဲ့ အဲ့ဒီအဆို(မူကြမ်း) တစ်ခုလုံးကိုလည်း ကန့်ကွက်ပယ်ချတယ်လို ထုတ်ပြန်ခဲ့တာပါ။

Post a Comment

Previous Post Next Post