နေချင်ရင်နေ မနေချင်ရင်ထွက်သွား ဘယ်သူမှဆွဲမထား

မျိုးစောင့်ဥပဒေဆိုတာ မြန်မာနိုင်ငံသားမြန်မာလူမျိုးတိုအတွက် မြန်မာယဉ်ကျေးမှုအတွက် တစ်လင်တစ်မယားစနစ်၊မြန်မာအမျိုးသမီးလေးတွေကိုကာကွယ်ပေးထားတဲ့ ဥပဒေစတဲ့ အချက်တွေပါဝင်ခြင်းဟာ ကျုပ်တိုမြန်မာလူမျိုးဗုဒ္ဓဝင်တွေအတွက်သာဖြစ်ပြီး ဘယ်သူနဲ့မှသက်ဆိုင်ခြင်းမျိုးမရှိဘူး ကိုယ်နိုင်ငံအတွက် ဒီလောက်တော့ကာကွယ်မှုရှိရမှာပေါ့။

နိုင်ငံတိုင်းဟာ သူလူမျိုးသူဘာသာအရ ကန့်သတ်ချက်တွေရှိတယ်၊ဘာသာခြားနဲ့ လုံးဝယူခွင့်မရှိတဲ့ပြင်းထန်တဲ့ဥပဒေတွေရှိတယ်၊ ဗုဒ္ဓဘာသာမှာမရှိဘူး၊ မျိုးစောင့်ဥပဒေဆိုတာဘာသာခြားနဲ့မယူရဘူးလို ကန့်သတ်ထားတာမျိုးမရှိဘူး၊ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးတွေကိုတရားမျှတမှုရှိအောင် တရားဥပဒေကြောင်းအရဥပဒေပြုထားတာပဲဖြစ်တယ်။

နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို အတွက် သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေတွေ ရှိတယ်၊ အဲဥပဒေအတိုင်း မလိုက်နာရင် ဖြစ်ခွင့်မရှိဘူး။

မြန်မာနိုင်ငံမှာလည်းထိုအတူပဲ ၁၉၈၂ ဥပဒေအတိုင်းပဲ၊ ဥပဒေအတိုင်းလိုက်နာရင်ဖြစ်ခွင့်ရှိမယ်၊ မလိုက်နာရင်ဖြစ်ခွင့်မရှိဘူး၊ အဲဒါမြန်မာရဲ့စံသတ်မှတ်ချက်ပဲ။

နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ဥပဒေတွေ ဖျက်ပေးရအောင် မြန်မာဆိုတာသာလာယံဇရပ်မဟုတ်ဘူး။

Post a Comment

Previous Post Next Post