မင်းတို့ရဲ့ ဘုန်း

ရုရှားနိုင်ငံ မိုးလေဝသက ရွာရန်ရွာနှုန်း ၈၈ အထိခန့်မှန်းထားလို့ မနေ့က ပြုလုပ်တဲ့ စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်အခမ်းအနားအတွက် စိတ်ပူနေခဲ့ရပါတယ်။ ညဦးကတည်းက ကောင်းကင်တခုလုံး အုံ့မှိုင်းနေခဲ့တာဖြစ်လို့ နောက်နေ့မှာလည်း မိုးရွာမယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။
တကယ့်ကို ထူးခြားဖြစ်စဉ်ပါပဲ။ အခမ်းအနားစခဲ့တဲ့အချိန်က စလို့ အောင်မင်္ဂလာ ပြီးဆုံးသည်အထိ ထီးတော်တင်လှူတဲ့ ကာလုကာပြည်နယ်၊ ကမ္ဘာ့ဗုဒ္ဓ ယဉ်ကျေးမှု နယ်မြေတဝိုက်မှာ ပတ်ဝန်းကျင်တခုလုံး အုံ့မှိုင်းနေပေမယ့် ထီးတော်တင်လှူတဲ့ ရွှေစည်းခုံစေတီနားမှာတော့ နေရာကွက်ပြီး နေသာခဲ့ပါတယ်။
အခမ်းအနားပြီးလို့ အောင်ပြီရေရွတ်တဲ့အချိန်မှသာ မိုးဖွားဖွားလေးကျလာတယ်လို့ သိရပါတယ်။ ဒါဟာ သီလ သမာဓိအားကောင်းတဲ့ဆရာတော်တွေကြောင့်လို့ ဆိုလို့ရသလို စိန်ဖူးတော်တင်လှူတဲ့ မင်းရဲ့ ဘုန်းကံ အရှိန်‌ ကြောင့်လို့လည်း ပြောလို့ရပါတယ်။ ဒီလိုကိစ္စတွေဆိုတာ ကြုံဖူးမှ သိနိုင်မယ့်အရာတွေ မဟုတ်လား။ 
#DGF21News

Post a Comment

Previous Post Next Post