ပုခက်လွှဲသောလက်


အကယ်၍သာ လွန်ခဲ့တဲ့ နှစ်ပေါင်း
နှစ်ဆယ်ကျော်လောက် က လူကြီးတွေသာ
စည်း/ကော်၊ စည်းထိန်း တွေ မဖွဲ့စည်း
ဖြစ်ခဲ့ဖူးဆိုပါစို့ ....

အဲဒီအချိန်က ငြိမ်းချမ်းနေတဲ့ အချိန်မို့
မဖွဲ့ လည်း ဘာမျှ မဖြစ်ဖူးလို့ ထင်စရာ
ရှိပါတယ်။

ဖွဲ့စည်းတယ်ပဲ ထားပါအုံး။မှီခိုသူရဲမေ
တွေ ကို စစ်ပညာသင်တန်း တွေ လုံခြုံရေး
အရ စုဖွဲ့မှုတွေ မလုပ်မိခဲ့ဘူးဆိုပါစို့ ဆိုတဲ့
 အတွေး။

ဒီအတွေးတွေနဲ့အတူ ဖြစ်ပေါ်လာမဲ့ အကျိုး
ဆက် ကို ဒီကာလ အဖြစ်အပျက်တွေနဲ့
နှိုင်းယှဥ် ခန့်မှန်းတွေးကြည့်မိတဲ့အခါ
စိုးရိမ်စရာတော်တော်လေး ဖြစ်မိတယ်။
မလွယ်ပါလားလို့ ဆိုတဲ့ အတွေးနဲ့ အတူ
စိတ်မောမိတာ အမှန်ပဲ။

အခုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်
ကျော်က စိုက်ခဲ့တဲ့ အသီးအပွင့် ခံစားခွင့်
ရကြပါပြီ။စည်းထိန်း ကနေ အာဇာနည်
သူရဲကောင်းရဲမေ ၁၃ ဦး ပေါ်ထွက်ခဲ့လို့
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့
သူရဲကောင်း လက်မှတ်ရခဲ့ကြတာကလည်း
ဂုဏ်ယူစရာ ကောင်းပါတယ်။

တနည်းပြောရရင်
ဒါဟာ ပြည်သူ့စစ်မဟာဗျူဟာပါပဲ။

ဒီနေရာမှာ 
အချို့မနာလိုတဲ့ သူတွေကတော့ အမျိုးမျိုး
ပုတ်ခတ်မှိုင်းတိုက်ကြမှာပါ။

စစ်သားမဟုတ် ဘဲ စစ်သားလို တာဝန်
ထမ်းဆောင်ရတာတို့။အလုပ်ရှုပ်တာ တို့
စသဖြင့် ပေါ့လေ။

ဒါပေမဲ့ ရန်သူဆိုတာက တပ်ရင်းတွေကို
လာတိုက်တဲ့ အခါ စစ်သားကြီးပဲ ရွေးတိုက်
မှာ မဟုတ်သလို မိန်းမသား ရဲမေ မို့လို့
ချမ်းသာပေး မှာ လည်း မဟုတ်ပါဘူး။

ခလေး သူငယ် စလို့ ရဟန်း သံဃာ ပါမချန်
အကြမ်းဖက်Thet ဖြတ် နေကြတဲ့ ဒီခေတ်
သူပုန်တွေ နဲ့သာဆိုရင် စစ်ပညာ မသင်ထား
လို့ကတော့ မတွေးဝံ့စရာပါ။

ဖြတ်သန်းခဲ့တဲ့ သမိုင်းတွေ အရဆိုရင်လည်း
မပခ ထဲ က ခမရ ( ၆၀၁ ) ရလခ ထဲ က 
ခလရ ( ၂၈၆ ) ရမခ ထဲ မှာ ဆိုရင် ခလရ( ၁၂၅)
ခလရ ( ၁၂၉ ) တပ်ရင်းတွေ ရှေ့တန်း ထွက်
နေတာကို အခွင့်ကောင်းယူပြီး ဝင်တိုက်ခဲ့ကြ
တဲ့ ရန်သူတွေ ကို ရဲရဲဝံ့ဝံ့ခုခံကာကွယ်ခဲ့ကြ
တဲ့ သူရဲကောင်း ရဲမေများရဲ့ သမိုင်းကလည်း
ခမ်းနားလွန်းပါတယ်။

ဒါကြောင့် ဒီကာလ မှာ မှီခိုသူ မိသားစုတွေ
အတွက် ဘာတွေ လိုအပ်သလဲ လို့ လေ့လာ
ကြည့်မိတဲ့အခါ သူတို့ လုပ်ဆောင်ချက်တွေ
အပေါ် ချီးကျူးအသိမှတ်ပြုမှု တွေ များများ
လုပ်ပေးဖို့ မကြာခဏ ချီးမွမ်းပေးဖို့ လိုအပ်
ပါတယ်။ဒါ့အပြင် သက်သာချောင်ချိရေးနဲ့
အုပ်ချုပ်ထောက်ပံ့မှုတွေ ကို များများလုပ်
ပေးနိုင်ရင်တော့ အတိုင်းထက်အလွန် ကောင်း
တာပေါ့။

တကယ်တော့ သူတို့ တွေ ဟာ ပုခက်လွှဲသော
လက်တွေ ဖြစ်ပေမဲ့ လိုအပ်ရင် သေနတ်ဆွဲ
ပြီး အသက်ပေးကာကွယ်ကြဖို့ ဝန်မလေးသူ
တွေမို့ ဒီကဗျာလေးနဲ့ ပဲ ဂုဏ်ပြုလိုက်ပါရစေ....

"ပျော့လျှင်ဖယောင်း ၊ မာလျှင်သံချောင်း
တိုင်းပြည်ကောင်းဖို့ ၊ တပ်ကောင်းဖို့ရေး
ရဲရင့်သွေးဖြင့် ၊ ပေးဆပ်သည့်ပန်း
ပြည်ကိုလွှမ်းစေ၊ ပြည်ပန်းဝေဖို့
မျှော်ရည်ဓိဌာန် ၊ ဆန္ဒမှန်ဖြင့်
နိုင်ငံကာကွယ် ၊ စောင့်ရှောက်တယ်လေ
ရန်စွယ်ကြုံက ၊ ရဲရင့်ကြသည်
အာဂရဲစွမ်း ၊ အံ့မခန်းပဲ
ပုခက်လည်းလွှဲ ၊ သေနတ်ဆွဲလို့
ရဲရင့်သူများ ဖြစ်ပေတကား။
ရဲမေစွမ်းပကား ဂုဏ်မြင့်မား။"

#SaiHlyan
အောင်နိုင်သူ ( ဇွဲကပင် )

Post a Comment

Previous Post Next Post