မြန်မာ့တပ်မတော် အစစ်

         ဥကရစ်ထ ဆိုတဲ့ အင်အား (၃၀) အထိုင်ချထားတဲ့ ပေ ၁၀၀ × ၂၀၀ လောက် စခန်းကို KNU နဲ့ ပဒက်တွေ အင်အား ၃၀၀ နဲ့ အကြိမ်ကြိမ်ဝင်တိုက်နေတာ ဘယ်လိုမှ တိုက်မရပဲ အလဲလဲ အပြိုပြိုနဲ့ ပြန်ပြေးလိုက် ဝင်တိုက်လိုက် လုပ်နေရတဲ့သတင်း အားလုံးသိကြမှာပါ ။ 

         ယခင်က တပ်မတော်စခန်း အသေးလေးတွေ အတိုက်ခံရရင် အသိမ်းခံရ အဖမ်းခံရနဲ့ အင်မတန် စိတ်မချမ်းသာဖွယ်ဖြစ်ခဲ့ရပါတယ် ။

        ဘာကြောင့်လဲဆိုတော့ အသေခံ မီးကုန်ယမ်းကုန် တိုက်လေ့ရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ စွမ်းရည်သတ္တိတွေ ကျဆင်းနေပြီလားလို့ တွေးမိလို့ပါပဲ ။ 

        ယခု ဥကရစ်ထ တိုက်ပွဲကတော့ ပွဲကြီးလမ်းကြီး မဟုတ်ပေမယ့် တပ်မတော်နဲ့ ပြည်ပအားကိုး ပုဆိန်ရိုး သူပုန်တွေရဲ့ စွမ်းရည်သတ္တိကို မှတ်ကျောက်တင်တဲ့ပွဲမို့ သေးငယ်ပေမယ့် အရေးပါတာ တွေ့ရပါတယ် ။

         ပြည်ပကြေးစားတွေနဲ့ KNU ၊ PDF တို့ ကျကျနန အချိန်ယူ တိုက်ကွက်ဖော်ပြီး စခန်းသေးသေးကို အောင်ပွဲခံပြီး ကမ္ဘာကိုကြွားဖို့ စီစဉ်ထားတာ မထင်မှတ်တဲ့ မြန်မာ့တပ်မတော်ရဲ့ မာကျောခက်ထန်တဲ့ ခံစစ်နဲ့ တွေ့ရပြီး အသေအပျောက်များစွာနဲ့ လန်ကျခဲ့ရတာ အားရစရာပါပဲ ။ 

         ဒီပွဲမှာတော့ အားရစဖွယ် အုပ်ချုပ်ထောက်ပံ့မှု ဗျူဟာကိုလည်း တွေ့မြင်ရပါတယ် ။ ကြည်တပ်ရဲ့ အမြှောက်ပစ်စွမ်းရည်ကလည်း အင်မတန်တိကျထိရောက်လှတာမို့ ယိုးဒယားစသ်တပ်ကပဲ ပစ်ကူပေးနေသလို ထင်မှတ်မှားပြီး တောပြောတောင်ပြော ပြောနေကြတာလည်း ရီစရာပါပဲ ။ 

         ဝေါလေမှာထိုင်ထားတဲ့ လက်နက်ကြီးစခန်းက နယ်နမိတ်အကွေ့မှာ အဖြောင့်တိုင်း ဝါးလုံးထိုးပစ်ပြတော့ ယိုးဒယားပိုင်နက်နယ်ထဲကနေ အမြှောက်ကျည်ဖြတ်သန်းပြီးမှ ပစ်မှတ်ကို မှန်တဲ့အတွက် သူပုန်တွေ မျက်စိလည်ပြီး စွတ်စွဲကြတာပါပဲ ။ 

         အနောက်အုပ်စုရဲ့ လက်ရာမကင်းတဲ့ ဒီပွဲမှာ ယိုးဒယားက ဆေးကုပေးဖို့ထိ ပြင်ဆင်ထားတာတွေ့ရပါတယ် ။ လူသားခြင်းစာနာမှုခေါင်းစဉ်နဲ့ မြန်မာကို လူပါးဝခြင်းပါပဲ ။ 

          သူပုန်တွေ ငယ်သံပါအောင် အော်ပြနေတာကတော့ လေကြောင်းထိုးစစ်ပဲ ဖြစ်ပါတယ် ။ တိကျတဲ့ ဒုံးပသ်ချက်များနဲ့ ဗုံးဆန်များကြောင့် မွမွကြေနေတာ အင်အားအပြည့်မသုံးသေးတဲ့ ထိရောက်မှုပမာဏပါပဲ ။ 

       လေယာဉ် ရဟတ်ယာဉ်တွေအုပ်လိုက်သာ အပီးဖြုတ်မယ်ဆိုရင် အဲဒီနေရာတွေမှာ လူသူ တိရိစ္ဆာန် မပြောနဲ့ ရုက္ခဆိုးတောင် ပြေးလို့လွှတ်မှာမဟုတ်ပါဘူး

       စခန်းရှိရဲဘော်များအတွက် လက်နက်ခဲယမ်းအလုံအလောက်နဲ့ စည်သွတ်ဗူးစား စစ်တိုက်နိုင်အောင်ပင် ထောက်ပံ့ရေးကောင်းမွန်တာ တွေ့ရပါတယ်
       စိတ်မကောင်းစရာက ပဒက်တွေချည်း မြေသြဇာဖြစ်နေရတာကို ပါပဲ တကယ်တမ်းကျတော့ကရင်သူပုန်က တပ်မတော်အကြောင်းကောင်းကောင်းသိပါတယ် ။ ဒါကြောင့် ပဒက်လေးတွေကို မူးယစ်ဆေးကြွေးပြီး အသေခံတိုက်ခိုင်းရုံပဲ ပြုလုပ်ကာ သူတို့က နောက်ကနေကြပါတယ်

       ဒါကြောင့်လည်း ပဒက် ၃၀ လောက်ကျမှ KNU တယောက်လောက်ပဲ ကျဆုံးပါတယ် ။  ပဒက်တွေ သိဖို့က တိုင်းရင်းသား သူပုန်ဆိုတာ ဘယ်ဗမာကိုမှ မယုံဘူး ။ သူတို့ကရင်ချင်းတောင် ခရစ်စယံမှ ဗိုလ်ရာထူးပေးကြတာပါ ။ ( ရေငုပ်တွေ ကြီးစိုးတဲ့ တပ်မဟာတွေပေါ့)
         ပဒက်တွေ အသက်စွန့်နေကြတာ တိုင်းပြည်အတွက်မဟုတ်ဖူး သူပုန်အတွက်ပဲ ။ တချိန်က ABSDF ဆိုတဲ့ အဖွဲ့ သီးခြားရပ်တည်ခဲ့တာ ဒါမျိုးတွေကြောင့်ပါပဲ ။ လူအတွေ သေကြပေါ့လေ ဘယ်တတ်နိုင်မလဲ
      ဥကရစ်ထ ရှိ အရာရှိစစ်သည်တွေနဲ့ အုပ်ချုပ်ထောက်ပံ့မှုစနစ် ၊ အ​မြှောက်နဲ့ လေကြောင်းပစ်ကူများအတွက် လက်ဖျားခါရလောက်အောင်ချီးကျူးရပါမယ်
        ချီးကျူးပြီး ဝေဖန်ကြရရင်တော့ နစက အနေနဲ့ ဒီလိုစံပြတိုက်ပွဲအတွက် သတင်းထုတ်ပြန်ရာမှာ အားတက်ဖွယ်ဖြစ်အောင် ဖန်တီးထုတ်ပြန်နိုင်ခြင်းမရှိပါဘူး
        နောက်ပြီး အသက်စွန့်တိုက်ကြရတဲ့ အရာရှိနဲ့ ရဲဘော် ၃၀ ကို တဆင့်မြင့်ရာထူးတွေ ချက်ခြင်းပေးလိုက်ရင် နူကုန်မှာစိုးရိမ်နေလားမသိပါဘူး ဗျာ ။ ချီးမြှောက်မှုတွေက အင်မတန် နှေးကွေးလေးလံလွန်းလှပါတယ် ။ မလုပ်မရှုပ်မပြုတ်ဆိုတဲ့ အရာရှိတွေ များနေသရွေ့တော့ သူရဲကောင်းတွေ ချီးမြှောက်ခံရဖို့ ခက်နေအုံးမှာပါပဲ
       ဘာပဲပြောပြော ကိုယ့်စခန်းဝင်တိုင်တဲ့ KNU တို့ရဲ့ ဌာနချုပ်တွေကို ပြင်းပြင်းထန်ထန် ချေမှုံးသင့်ပါပြီ ။ သူက စိတ်ကြိုက်လာတိုက် ၊ ကိုယ်က ကုန်းခံ ပြန်ပြေးတော့ လိုက်မတိုက်ဘူး ။ ဒီဗျူဟာမျိုးနဲ့တော့ ထိပ်ပုတ်ခေါင်းပုတ်လုပ်နေကြအုံးမှာပါပဲ
         ဒီလိုစော်ကားမှုအတွက် ထိုက်ထိုက်တန်တန် လက်စားချေရပါ့မယ် ။ သူပုန်ဆီက အချစ်ကို မျှော်လင့်မနေနဲ့ ဘယ်***မှ စစ်တပ်ကို ချစ်မလာဘူး ။ အခွင့်အရေးရရင် သတ်နေမှာပဲ ။ သိပ်ပြီး မေတ္တာထားချင်နေရင်တော့ စစ်ရုံးကြီးကို အဲလို အစွန်အဖျားမှာ ချထားပြီး အုပ်ချုပ်ကြည့်ပေတော့ဗျာ
        ဘာပဲပြောပြော မတွေ့ရတာကြာပြီ ဖြစ်တဲ့ မြန်မာ့တပိမတော်ရဲ့ ရဲစွမ်းသတ္တိ ၊ စစ်ရေးဗျူဟာတွေကို ဥကရစ်ထကတဆင့် သိခွင့်ရလိုက်လို့ ကျေနပ်ပါတယ်

နယ်စပ်မျဉ်းပေါ်က စခန်းသေးသေးတောင် အပိုင်တွက်တိုက်ပါရဲ့နဲ့ မနိုင်တဲ့ သူပုန်တွေဆီက စစ်ပညာသင်ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်မယ်ဆိုတဲ့ ပဒက်လေးတွေ လားရာကောင်းကြပါစေ
#ကိုရွှေမျိုးဝင်း
Cred ;စောကြယ်ဖြူ
https://t.me/naywin331

Post a Comment

Previous Post Next Post