CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား ကြိုဆိုရေးစခန်းများ ဖွင့်လှစ်လက်ခံခြင်းနှင့် နီးစပ်ရာလုံခြုံရေးစခန်းများ၌ လက်ခံမည်

နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူ ငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်း ပို့ဆက်သွယ်သူများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင် နိုင်ရေး အာမခံချက်ပေး
သွားမည်ဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပြင် အခြားကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်
လျက်ရှိသည်။ ထို့အပြင် ပြည်ထောင်စု
အတွင်းရှိ ဒေသအသီးသီးတွင် တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေးအတွက်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ်
လုံခြုံရေးလုပ်ငန်းများကို ထမ်းဆောင်လျက်
ရှိသည်။ မိမိတို့ အနေဖြင့် တိုင်းရင်းသား
ညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာ
သည့် ညီညွတ်သော စုပေါင်းအားကို တည်
ဆောက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေး
ရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိ သည်။

ထို့အပြင် နိုင်ငံတော်၏ လူသားအရင်းအမြစ်
များ မလိုအပ်ဘဲ ဆုံးရှုံးမှု မရှိစေရေးအတွက် တာဝန်မှကင်းကွာနေသော အခြေခံပညာရေး
ဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခြင်း၊ 
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး
အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်နေသူများ
အနက်မှ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများကို ပြန်လည်ဖိတ်ခေါ်
ခြင်းတို့အား အသိပေးထုတ်ပြန်ခဲ့ရာ ပြန်လည်
ဝင်ရောက်လာသူများကိုလည်း စနစ်တကျ
လက်ခံပေးလျက်ရှိသည်။

နိုင်ငံတော်အားအလုံးစုံပျက်သုဉ်းစေလိုသည့် CRPH နှင့် NUG အကြမ်းဖက်အုပ်စုများက ဆွဲဆောင်စည်းရုံးမှု၊ သွေးထိုးလှုံဆော်မှု၊ ခြိမ်းခြောက် အကျပ်ကိုင်မှုများကြောင့် အချို့
သော CDMဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူ များ၊ လူငယ်လူရွယ်များတို့သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ တည်ရှိရာ နယ်မြေဒေသများသို့ ရောက်ရှိသွား
ခဲ့ပြီး လက်နက်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်
ဆီးရေးသင်တန်းများသို့ စာရင်းသွင်း ပါဝင်
တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ထိုသို့သင်တန်းတက်ရောက်ခဲ့သူများအနက်မှ အချို့သောသူများသည် အကြမ်းဖက် တိုက်
ခိုက်သည့် လုပ်ရပ်များတွင်ပါဝင်လိုခြင်း
မရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်ပြီး 
ပြည်တွင်း/ပြည်ပဒေသအချို့၌ သွားရောက်
အလုပ် လုပ်ကိုင်လျက်ရှိကြောင်းကို ကြားသိရ
သည်။ ၎င်းတို့သည် NUG အမည်ခံအကြမ်း ဖက်အုပ်စုနှင့် ၎င်းတို့၏လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်
များကို မျက်ဝါးထင်ထင်တွေ့မြင်လာပြီး လက်ခံနိုင်မှုမရှိခြင်း၊ နိုင်ငံတော် အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ထာဝရငြိမ်းချမ်း
ရေးရရှိရန် ကြိုးပမ်း ဆောင်ရွက်နေမှုများကို ယုံကြည်လက်ခံလာခြင်း၊ မိမိတို့၏ နေရပ်
ဒေသအသီးသီးရှိ မိဘဆွေမျိုးများနှင့် အတူတည်ငြိမ်အေးချမ်းစွာ ပြန်လည်နေ
ထိုင်လိုခြင်းတို့ကြောင့် မိမိတို့နေရပ်ဒေသသို့ ပြန်လည် ဝင်ရောက်လိုသော်လည်း CRPH 
နှင့် NUG အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏လက်ဝေခံများက ထိန်းချုပ်အကျပ်
ကိုင် ခြိမ်းခြောက်ထားမှုတို့ကြောင့် ပြန်လည်
ဝင်ရောက်ခြင်း မပြုနိုင်ကြသည်ကိုလည်း ဆက်သွယ်သတင်းပေးပို့ချက်များအရ သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ထိုသို့သော မြန်မာနိုင်ငံရှိနေရပ်အသီးသီးသို့ ပြန်လည်ဝင် ရောက်လိုသူများအား ကြိုဆိုလက်ခံနိုင်ရေး
အတွက် နယ်စပ်ဒေသ အသီးသီးတွင် ပြန်လည် ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်
ပေးသွား မည်ဖြစ်ပြီး အဆိုပါစခန်းများအပြင်  နီးစပ်ရာတပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့လည်း ဆက်သွယ်ဆောင်
ရွက်နိုင်ပါကြောင်းနှင့် ယင်းသို့သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်း
ချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝ တွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်
ပေးသွား မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန် ထားကြောင်းသိရသည်။

Post a Comment

Previous Post Next Post