မ, အ ကြဘို့ ...



ဗဟိုဘဏ်ထုတ်ပြန်ချက်၊ ရောယိမ်းလိုက် ဘသားယိမ်းလိုက်နှင့် venture capitalist တွေအကြောင်း 


ဒီနေရာမှာ အမြင်မတူတဲ့ရှုထောင့်ကို ပြောချင်တယ်။ ပထမဆုံး နိုင်ငံခြားချေးငွေ ယူထားတဲ့ကုမ္ပဏီတွေ အနေနှင့်ပြည်ပချေးငွေတွေကို ပြန်မဆပ်ဖို့ ဗဟိုဘဏ်က ထုတ်ပြန်တဲ့သတင်းနဲ့ဆိုင်ပါတယ်။ ကျနော်တို့သိထားဖို့က မြန်မာပြည်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုနဲ့ ၀င်ရောက်လာတဲ့ ကုမ္ပဏီတွေအကြောင်းပါ။ အရင်ကလည်း ရေးဘူးပါတယ်။ ဒီကုမ္ပဏီတွေ။

 မြန်မာပြည်ထဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လာတဲ့ကုမ္ပဏီတွေအားလုံးနီးပါးဟာ venture capatilist တွေဖြစ်ကြတာများပါတယ်။ 

ဒဲ့ပြောရရင် အရင်းနှီးတစ်ပြားမှပါမလာဘဲ စီးပွားရေးလာလုပ်တာပေ့ါဗျာ။ ကမ္ဘာကြီးမှာ ဒီလို ဖွံဖြိုးမှုနိ့်မ့်ကျတဲ့နိုင်ငံတွေ လိုက်ပြီး ဒီလိုလုပ်စားနေတဲ့ ကုမ္ပဏီတွေအများကြီးပါ။ 

သူတို့ဟာဘယ်လိုလုပ်သလဲ။ ပထမဆုံး ကုမ္ပဏီ ပရိုဖိုင်းကောင်းကောင်းနဲ့ ပြည်တွင်းကို၀င်လာပါတယ်။ နောကျေနေတဲ့ အတွေအကြုံအရ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကို ကပ်ပါတယ်။

တနည်း လာဘ်ထိုးပါတယ်။ မြန်မာထဲက လည်လည်ဝယ်ဝယ်ရှိတဲ့ အဂ်လိပ်စာတတ်သူတွေကို ပွဲထုတ်အသုံးချပါတယ်။ ဒီလိုနည်းနဲ့ ဌာနဆိုင်ရာထဲ ၀င်တိုးပြီး လုပ်ပိုင်ခွင့် ရအောင်၊ ပရောဂျက်လိုင်စင်ရအောင် နည်းမျိုးစုံနဲ့ ကျိုးစားပါတယ်။ 

ဒီကုမ္ပဏီတွေ အစိုးရဆီက လုပ်ပိုင်ခွင့်ပရောဂျက် လုပ်ငန်းလိုင်စင်ရသွားပြိဆိုရင် သူတို့ရဲ့ အလုပ် ၆၅ % အောင်မြင်သွားပါပြီ။ ဒီကုမ္ပဏီဟာ အစိုးရဆီက ပရောဂျက်ခွင့်ပြုချက် လုပ်ငန်းဆောင်ရွက်မှုအစီအစဉ် ဘဏ္ဍာရေးပေးခြေမှုအစီအစဉ် အရှုံးအမြတ်ဇယား တွေနှင့် နိုင်ငံတကာဆီပိုက်ဆံလှည့်ပတ်ချေးတော့တာ ဖြစ်ပါတယ်။ 

အထူးသဖြင့် မြန်မာပြည်မှာတော့ ကမ္ဘာ့ဘဏ်ရဲ့ IFC လို အဖွဲ့အစည်းတွေကနေ ချေးယူနိုင်အောင်ကျိုးစားကြတာပါ။ အိုင်အက်စီ ဆိုတာကလည်း အဖြူကောင်တွေဘဲ ကြီးစိုးထားတာပါ။ မြန်မာပြည်ကိုလာတဲ့ ကုမ္ပဏီ ဘော့စ် တွေကလည်း အဖြူကောင်တွေပါဘဲ။ သူတို့ အဖြူကောင်အချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး အပေးအယူလုပ်ပါတယ်။ ချေးငွေရယူနိုင်ဖို့။ ရာခိုင်နှုန်းတွေလည်း ပါနိုင်ပါတယ်။ 

ကမ္ဘာ့ဘဏ်ရဲ့. IFC international Financial Corporation လို့အဖွဲ့ကြီးတွေကလည်း ဒီလို venture capatilist တွေကို တစ်ကမ္ဘာလုံးလှည့်ပတ်ပြီး ချေးနေကြတာပါ။အဖြူကောင်တွေအချင်းချင်းမှာ ညာညှိထားတဲ့ အပေးအယူက ရှိပြီးသားပါ။ ဘယ်မြန်မာ၀န်ထမ်း၊ ဌာနဆိုင်ရာကမှ မသိနိုင်ပါဘူး။ မြန်မာပြည်က ပြည်တွင်းကုမ္ပဏီတွေ ဘယ်လောက် ဂုဏ်သတင်းကျော်ဇောကျော်ဇော အိုင်အက်ဖ်စီက ချေးလို့ရတာ မကြားမိပါ။  ဒါက ကမ္ဘာ့ဘဏ်ကနေ IFC ကတဆင့် နိုင်ငံခြားကုမ္ပဏီတွေ နိုင်ငံခြားငွေ အရင်းအနှီး ရှာတဲ့လမ်းကြောင်းဖြစ်ပါတယ်။ 

ဒီလိုလည်း နိုင်ငံခြားဘဏ်တွေဆီကနေလည်း ချေးယူနိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားဘဏ်တွေအားလုံးဟာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုလုပ်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေကိုဘဲ ချေးပေးပါတယ်။ 

အခု မြန်မာတနိုင်ငံလုံး မှိုလို ပေါက်နေတဲ့  microfinance လုပ်ငန်းတွေအားလုံးရဲ့ ရင်းနှီးငွေ၊အရင်းအနှိးဟာ နိုင်ငံခြားဘဏ်တွေဆီကနေ လာတာဖြစ်ပါတယ်။ အရင်းအနှီးကြီးတဲ့ infrastructure လုပ်ငန်းတွေမှာ သူက ပိုချေးကြပါတယ်။ Long term loan တွေ ပိုဖြစ်တာ များပါတယ်။ 

အခုလို စီးပွားရေးရပ်တန့်၊ ၀င်ငွေ၊ အင်ဖလေးရှင်း၊ အကြွေးတွေ ပြန်မဆပ်နိုင်၊ လုပ်ငန်းတွေ ရပ်ဆိုင်းတဲ့အခါကျမှ နိုင်ငံခြားဘဏ်၊ အင်စတီကျူးရှင်းတွေဆီက ချေးထားတဲ့ပိုက်ဆ တွေအတွက် အတိုးတက်တာပါ။ နိုင်ငံခြားချေးငွေ တနည်း commercial loan တွေနဲ့ပတ်သက်ပြီး မြန်မာကုမ္ပဏီများ ဘာအခွင့်အရေးမှ မရကြပါဘူး။ 

ဒီနေရာမှာ မေးစရာမေးခွန်း ရှိပါတယ်။ venture capatilist နဲ့လာတဲ့ ကုမ္ပဏီတွေရဲ့ ချေးငွေ ဘယ်လောက် ပမာဏအထိ ရှိသလဲ။

 တော်ရုံမသိပါဘူး။ ကျနော်ထင်တယ် ဒီလို စာရင်းဇယားပမာဏကိုလည်း ဗဟိုဘဏ်ကို တင်ပြမယ်တောင် မထင်ပါဘူး။ အခုကျမှ ဒုက္ခရောက်တာဖြစ်ပါတယ်။ ဘယ်လောက်ချေးထားတယ်၊ ဘယ်လိုပြန်ဆပ်တယ်၊ ဘယ်လိုညှိနှိုင်းဆောင်ရွက်တယ်ဆိုတာကို ကျနော်အထင် သိတ်မသိကြပါဘူး။ 

ဒါကြောင့် တလောက ဗဟိုဘဏ်က ကန့်သတ်ချက်နဲ့ ခွင့်ပြုလိုက်တဲ့အပေါ်  အကြွေးရှိတဲ့ venture capatilist တွေဟာ အဲဒီကန့်သတ်ချက်ခေါင်းစဉ်အောက်ကနေ ဒေါ်လာကို စီးဆင်းချင်သလိုစီးဆင်း၊ ထွက်ချင်သလိုထွက် လုပ်နေပုံရပါတယ်။

 ဒေါ်လာတွေ အပြင်ကိုထွက်ချင်တဲ့ တခြားကုမ္ပဏီတွေအတွက်လည်း ပွဲစားများလုပ်ပေးနေသလား မသိပါ။ (ဒါဟာ ကျနော့် တွေးထင်ချက် ခန့်မှန်းချက် ဖြစ်ပါတယ်။) 

၂၀၁၄-၁၅ခုနှစ်တွေတုန်းက IFC ဟာ ပုဂ္ဂလိက ကဏ္ဍဖွံဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်ကနေ ဖွဲ့စည်းပြီး အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံတွေ အပေါ်မှာ လုံး၀ကူညီတယ်၊ ပိုက်ဆံချေးပေးတယ်ဆိုတော့ ဘာကြောင့်မြန်မာပြည်တွင်းက ကုမ္ပဏီတွေ ခင်ဗျားဆီက ပိုက်ဆံချေးလို့ မရတာလဲ။ ဘာ requirement လိုသလဲ။ ဘယ်လို standard တွေ လိုသလဲ။ ခင်ဗျားတို့က ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့  ပုဂ္ဂလိကကဏ္ဍကို မြင့်တင်ဖို့ဆို။ သွားအင်တာဗျူးတော့ မောင်းထုတ်ခံရတယ်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ ဘဏ္ဍားရေးလုပ်ထုံးလုပ်နည်းတွေကြောင့် မကြာခင် သိရီလင်္ကာလို အကြပ်အတည်းတွေတော့မယ်။ ဘဏ္ဍာရေး ရှော့ဖြစ်တော့မယ်ဆိုပြိး သတင်းတွေတက်လာတာ တွေ့လိုက်သေးတယ် ။ အဲဒါနဲ့ လိုက်မွှေဖတ်ကြည့်တယ်၊ အဲဒီသတင်းခေါင်းစဉ်မတွေပါဘူး။ ဒါ သူတို့ထိသွားလို့ ကမ္ဘာ့ဘဏ်ကို ဆွဲထည့်တာ ဖြစ်မှာပါ။ 

ဆိုလိုတာက အဲဒီလို venture capatilist တွေ ဖွံဖြိုးဆဲနိုင်ငံတွေရဲ့ မသိနားမလည်မှုအပေါ်စီးပွားရှာနေတာဟာ အစဉ်အလာလို ဖြစ်ပါတယ်။ ဘာနိုင်ငံခြားငွေမှ ပါမလာဘူး။ ဘာနည်းပညာမှာ လက်ပြောင်းလက်လွဲမလုပ်ဘူး။ 

တလောကပြောခဲ့ဘူးပါတယ်၂၀၁၁ နောက်ပိုင်း telecom sector သူတို့တွေလက်ဝါးကြီးအုပ် လုပ်သွားတာပါ။ အမှန်တကယ်က အဲဒီ venture capatilist တွေနဲ့သီးသန့် လုပ်စားတဲ့ financial institution အရူပ်ထုပ်ကြီးကိုအခုမှ ကိုင်တွယ်လိုက်ပုံရပါတယ်။ 

 နောက်ကျတော့ ပိုင်ဆိုင်မှုတွေကို ရောင်းထုတ် ဖုတ်ဖက်ခါပြီးတောင်ထွက်သွားကြတာ။ ဥပမာ - ဧရာ၀တီ green tower လိုမျိုးဖြစ်ပါတယ်။ ရှယ်ယာ၀ယ်ထားတဲ့သူက ချေးထားတဲ့အကြွေးကို လုပ်ငန်းထဲက ပြန်ရှာပြီးဆပ်ပေါ့။ လုပ်ငန်းတွေ အဆင်မပြေဖြစ်တဲ့အခါ နားကားသွားတာ အရှုံးပေါ်သွားတာမျိုး ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း လူတွေကလည်း နိုင်ငံခြားအကြွေးတွေ မဆပ်နိုင်တာ မြန်မာပြည်တွင်းက ကုမ္ပဏီတွေမဟုတ်ဘူး။ သူဟာသူ ဇတ်တိုက်ပြီး လုပ်နေတုန်းက အခြေအနေကောင်းတော့ ဘာသံမှမထွက်ဘူး အခု စီးပွားရေးတုန့်ဆိုင်းလာတော့ ဒီ venture capatilist တွေ အကြပ်အတည်းတွေတော့ မလွတ်ကင်းတဲ့ အလုပ်တွေလုပ်။ ဒါကို ဗဟိုဘဏ် ကထိန်းချုပ်လိုက်တာကို မသိတဲ့သူတွေက ဘေးတီးကြနဲ့။ အမှန်တကယ်က အဲဒီ venture capatilist တွေနဲ့သီးသန့် လုပ်စားတဲ့ financial institution အရူပ်ထုတ်ပါ။ 

ဒီအချိန်မှာ ဗဟိုဘဏ်က ဒီလိုဘဲ ထုတ်ပြန်ပါလိမ့်မယ်။ ဗဟိုဘဏ်ရဲ့ ချွင်းချက်ပေးထားချက်ကနေ ဒေါ်လာကို အပြင်ထုတ်နေကြပုံရပါတယ်။ နိုင်ငံတကာဘဏ္ဍာရေးကုမ္ပဏီတွေ ငွေကြေးကုန်သည်တွေဟာ ဒီလိုနည်းနဲ့ သူတို့ရပိုင်ခွင့်ရှိတဲ့ ဒေါ်လာတွေကို အပြင်ထုတ်တတ်ကြပါတယ်။ သူတို့ရဲ့အင်စတီကျူးရှင်းကုမ္ပဏီ ငွေပွဲစားတွေပေါင်းပြီး လုပ်နေကြတာပါ။ ဒီနေရာက ဒေါ်လာငွေယိုပေါက်ကြီး စီးထွက်နေပုံရပါတယ်။

ဒီအဖြစ်အပျက်က ဘာနဲ့သွားတူသလဲဆိုရင် ၁၉၉၇ အာရှငွေကြေးအကြပ်အတည်းဖြစ်တော့ မလေးရှား၊ ထိုင်းမှာ ရှိတဲ့အနောက်ရဲ့အရင်းအနှိးတွေကို အနောက်ဘဏ္ဍာရေးအင်စတီကျူးရှင်းအကူအညီနဲ့ ပြန်ထုတ်သွားတာနဲ့ အလားသဏ္ဍာန်တူပါတယ်။ 

မ, အ ကြဘို့ပါ။

သန်းစိုး (ဘောဂဗေဒ)
Than Some Economics🇲🇲

Post a Comment

Previous Post Next Post