KNU ၊ ထိုင်းအစိုးရနဲ့ နယ်ဒါးမြ ပြဿနာ


နယ်ဒါးမြ အကြောင်း ပြောရတာလည်း အက်ကြောင်းက ထပ်နေပြန်ပီ...ကောင်းတာဘာရှိလဲဆိုတော့ ဘာမှ ကောင်းတာ မရှိပါဘူး..အလုပ်သမား ၂၅ ယောက် အစုလိုက်အပြုံလိုက် Tတ်ခဲ့လို တာဝန်ရပ်စဲတယ်...ထိုင်းနိုင်ငံသား ခံယူထားသူမို အရေးယူလိုမရဘူး ပြောပြီး ထပ်ပါလုပ်တယ်.....နယ်ဒါးမြ ကိစ္စ ထိုင်းနဲ့ KNU က ဘော်လီဘောပုပ်နေကြတာ...ဘာအရေးယူမှုမှ မရှိဘူး...

အခု KNU က တပ်ဖွဲဝင်မဟုတ်လို အရေးယူလို မရပါဘူးဆိုပြီး မှိန်းနေတယ်..ဒါပေမဲ့ ထိုင်းနိုင်ငံအနေနဲ့တော့ အကြမ်းဖက်ခေါင်းဆောင် နယ်ဒါးမြကို အရေးယူမှုတခုခုတော့ လုပ်သင့်တယ်...အခုချိန်ထိ စာထုတ်ထားတာကို မရှိခဲ့ဘူး...လက်နက်ကိုင်ပြီး မြန်မာပြည်ထဲ ကျူးကျော်နေတဲ့ ကိုယ့်နိုင်ငံသားကို ထိုင်းက ဘာမှမလုပ်တာတော့ မြန်မာပြည်သားတစ်ယောက်အနေနဲ့ ရှုတ်ချပါတယ်...အကြမ်းဖက်သမားအနေနဲ့လည်း ထင်ရှားနေတာ...သက်သေတွေမှ အများကြီးပဲ...ထိုင်းအနေနဲ့ စာတစ်ခုခုလောက်ပဲထုတ်ပြန်လိုက်စေချင်တယ်..ဒါမှ အိမ်နီးချင်းကောင်းပီသတဲ့လုပ်ရပ်တစ်ခု ဖြစ်မှာပါ...

KNU ဘက်ကကြည့်ပြန်တော့လည်း မှန်နေတယ်လို ဆိုရမယ်...ကိုယ့်တပ်ဖွဲဝင်မဟုတ်လိုဆိုတာ အတော်ကောင်းတဲ့ ဆင်ခြေအဖြစ်ရှိနေတယ်...ဒါပေမယ့် နယ်ဒါးမြက KNU တမဟ ၆ မှာနေပြီး KNDO စစ်ဦးစီးချုပ် ပါလို ခံယူထားတယ်...KNU ရဲ့ စာထုတ်ပြန်ထားတာကိုလည်း အလေးမထားဘူးလို ပြောထားတဲ့သူကို KNU ဗဟိုကမပြောရဲ မဆိုရဲ ဖြစ်နေတာ ငွေကြေးတစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်တော့ဘူး..တစ်ခြားကိစ္စတွေပါ ရှိလာနိုင်ပါတယ်..KNU ရဲ့.အုပ်ချုပ်မှုပိုင်းမှာ အတင့်ရဲလာတာ တစ်ခုက ဒီကနေ့ရက်စွဲနဲ့ပဲ ကော်သူလေအစိုးရ နဲ့ ကော်သူလေတပ်ဖွဲကို ဖွဲစည်းတယ်လို သိရပြန်တယ်..ကော်သူလေအစိုးရကိုလည်း နယ်ဒါးမြ ခေါင်းဆောင်ပြီး ဖွဲစည်းတယ်လို သိရတယ်...မထောက်ခံသူတွေရှိသလို ထောက်ခံတဲ့သူတွေကတော့ ပိုများနေတာ တွေ့ရတယ်...ပြီးတော့ KNU Page ကတင်ထားတဲ့ KNDO စစ်ဦးစီးချုပ် စောရှီးလေ အားပေးစကားပြောတဲ့ post အောက်မှာ စောရှီးလေကို ဘယ်ကရင်ပြည်သူကမှ လက်မခံတဲ့ comments တွေကို တွေ့နေရတယ်..ငါ့တိုရင်ထဲမှာ ဖူးနယ်ဒါးမြပဲ ရှိတယ် ဆိုတာတွေပါ တွေ့ရလို KNU ရဲ့ အကွဲအပြဲ ဇာတ်လမ်းကတော့ ရေးရေးလေး မြင်နေရတယ်...KNU ဗဟိုရဲ့ ပြန်ကြားရေးတာဝန်ခံ စောတောနီးတို တာဒိုးမူတိုလည်း ပါးစပ် ဟ မဟတော့ စောင့်ကြည့်ဖို လိုနေပြီ ဖြစ်ပါတယ်...ဘာမှမပြောရင်..သေချာပြီ သူတိုလဲ KNU ပျက်ဆီးလိုတဲ့အထဲ ပါဝင်တယ်ဆိုတာ..

KNU ဗဟို မှာ နယ်ဒါးမြနဲ့ ပါတ်သက်လို နှစ်ခြမ်းကွဲနေပြီး ပြဿနာတော်တော်လေး တက်နေတယ်လို သိရတယ်...မကြာခင် နယ်ဒါးမြအကြောင်း KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တခုခုများထွက်လာမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..

လင်းနေ

Post a Comment

Previous Post Next Post