ပင်လည်ဘူး-ဗန်း​မောက် စပ်ကြားနယ်​မြေ တိုက်ပွဲမှတ်တမ်း

၁။ ပင်လည်ဘူး အ​ရှေ့​မြောက်​ဒေသ ပင်လည်ဘူး - ဗန်း​​မောက် နယ်စပ် ​တောင်​ခြေရင်းရွာ၏ အ​နောက်ဘက် ၁၁ မိုင်ခန့်အကွာ ​တောင်​ကြော​တွင် ​စခန်းချခြေကုပ်ယူထားသည့် KIA/PDF စခန်းက ​ရွှေ​မှော်​ဒေသရှိ တစ်ပိုင်တစ်နိုင်​ရွှေလုပ်သားများအ​ပေါ်  ​လက်နက်အားကိုး အနိုင်ကျင့် ခြိမ်း​​​​ခြောက်မှုများ၊အကြမ်း ဖက် နှိပ်စက်ခြင်းအပါအဝင် ၊ရွှေလုပ်သားများ၏ လုပ်အားအ​ပေါ် ခေါင်းပုံဖြတ်အမြတ်ယူကာ မတန်တဆ ဆက်​ကြေး​ငွေ​ကောက်ခံ​နေ​ကြောင်း။
၂။ အဆိုပါ KIA / PDF စခန်း၏ ခြိမ်း​ခြောက်အကြပ်ကိုင်မှုများကို လက်မခံနိုင်တော့သည့် ​ဒေသခံပြည်သူများမှ  အဆိုပါစခန်းအားရှင်းလင်းဖယ်ရှား​ပေးနိုင်ပါရန် ​ နစက စစ်​ကြောင်းထံ ဆွယ်သွယ်သတင်းပို့လာခဲ့​ကြောင်း။

၃။ နစက စစ်​ကြောင်းများအ​နေဖြင့် ​စစ်​ကြောင်း ၃ ​ကြောင်းဖြန့်ခွဲကာ  ​ဒေသခံလမ်းပြအရပ်သားများစွာ၏ အကူအညီဖြင့် ယခုလ ၁၄ ရက်​နေ့၌ KIA+PDF အဖွဲ့အား ကြုံးသွင်းခဲ့​ကြောင်း။

၄။ မ​နေ့က ​နေ့လည် ၁ နာရီခန့်တွင် KIA/PDF များ ​​ခြေကုန်စခန်း​နေရာသို့ ချဥ်းကပ်နိုင်ခဲ့ပြီး KIA / PDF အဖွဲ့အား အနီးကပ်ထိန်းချုပ်ထားခဲ့​ကြောင်း။

၅။ နံနက် ၀၃: ၀၀ နာရီအချိန်တွင် တိုက်စစ်​ဆောင်ရွက်ရန်အတွက် H-Hour (န-နာရီ)သတ်မှတ်ပြီး ၀၃၄၅ နာရီချိန်တွင် လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခဲ့​ကြောင်း။

၆။ အာရုံဦးတိုက်ပွဲ(Down Attack) ပြုလုပ်ချိန် မိနစ် ၄၀ ခန့်မျှကြာမြင့်ခဲ့ပြီး KIA/PDF ဘက်မှ ပြန်လည်ပစ်ခတ်သံ မကြားရ​တော့၍ လက်နက်ကြီး ပစ်ခတ်မှု ရပ်ဆိုင်းခဲ့ပြီး ပွိုင့် တပ်စိတ်ဖြင့် ယ​နေ့ နံနက် ၀၈၃၀ ချိန်ခန့်တွင်ရန်သူ့စခန်းကုန်းသို့ ဆက်လက်ရှင်းလင်းခဲ့ရာ ဦး​နှောက်ပွင့်ထွက် ​ဒဏ်ရာဖြင့် ​သေဆုံး​နေသူ လက် နက်ကိုင် အမျိုးသား ရုပ်အ​လောင်း ၄ ​လောင်း၊ KIA ထုတ်လက်နက် ၄ လက်၊ လက်ကိုင်စကား​ပြောစက် ၁၈ လုံး၊ ဂြိုလ်တုဆက်သွယ်​ရေးတယ်လီဖုန်း ၁ လုံးနှင့်၊ အမျိုးသမီးသုံးပစ္စည်းအချို့၊ ရခိုင်သူပုန်​ခေါင်း​ဆောင် ထွန်းမြတ်နိုင် ပုံဟုယူဆရသည့် တံဆိပ်​ခေါင်းပါ ​ငွေစက္ကူပုံစံ ၁၀ ရွက်၊ စက်ဘီး​ဘောသီးများစွာအား ​ဖောက်ခွဲယမ်းအုံဖြင့် မံထားသည့် မိုင်းဟုယူဆရသည့် ပစ္စည်းစုံနှင့် စခန်းတွင်း အုပ်ချုပ်မှု ပစ္စည်းများ ​တွေ့ခဲ့ရ​ကြောင်း။

၇။ ဆက်လက်၍ စခန်းအ​ခြေ ပတ်လည်တစ်ဝိုက်အား ဆက်လက်ရှင်းလင်းရာ လက်နက်ကြီးထိမှန်ခံထားရပြီး စိုးရိမ်ရဒဏ်ရများဖြင့် ကစဥ့်ကလျားထွက်​ပြေးသည့် ​သွေးစွန်း စွတ်​ကြောင်း၊ ပြုတ်ကျကျန် အူအ​ခွေများ၊ လက်​မောင်းပြတ်စ အစိတ်အပိုင်းများ ​တွေ့ခဲ့ရ​ကြောင်း၊၊

၈။ ရန်သူသည် နစက စစ်​ကြောင်းများ၏ တိုက်စစ်အဟုန်ကို ရင်ဆိုင်အံတုနိုင်စွမ်း မရှိဘဲ ဗန်း​မောက်မြို့နယ် ​တောင်ပိုင်း​ဒေသအတွင်းသို့ ကစဥ့်ကလျား ဆုတ်ခွာထွက်​ပြေးသွားသဖြင့် နစက စစ်​ကြောင်းများက လိုက်လိုက်ပိတ်ဆို့ ရှာ​ဖွေရှင်းလင်းခြင်းများ ​ဆောင်ရွက်လျက်ရှိပါ​ကြောင်း။    

အမဲလိုက်နယ်မြေက ရွှေဘများ တိုက်ပွဲတိုင်း
ဒီထက်မက အောင်မြင်ပါစေ
#banyunt

Post a Comment

Previous Post Next Post