အောက်တန်းအကျဆုံး‌ တော်လှန်ရေးမျိုးဆက်လို့ ပြောရင် ခု လက်ရှိ PDF မျိုးဆက်တွေပဲ

သူတို့ကိုယ်တိုင်ကျ စစ်အစိုးရခေတ်မှာ ပညာသင်လာခဲ့ပြီးမှ ကလေးတွေ ကျောင်းမတက်ရအောင် နည်းမျိုးစုံနဲ့ ဖိအားပေးတယ်။ စာသင်ကျောင်းတွေကို မိုင်းထောင်တယ်။ တက္ကသိုလ်ကျောင်းတွေကို ဆေးနီတွေ သုတ်ပြီး ကန့်ကွက်တယ်။ ရွယ်တူခြင်း တက္ကသိုလ်တက်မယ့်သူတွေကို နာမည် List တွေတင်ပြီး အရှက်ခွဲတယ်။ အဆိုးဆုံးကတော့ သူတို့လက်ထက်မှာမှ ကိုယ့်ဆရာမကို ပြန်ပြီး သတ်တဲ့အထိ မိုက်လုံးကြီးခဲ့ကြတယ်။ 
ဝန်ထမ်းတွေထဲမှာလည်း ဒီလိုပဲ။ ကိုယ့်ယုံကြည်ချက်ကြောင့် CDM လုပ်တာကို အပြစ်မဆိုလိုဘူး။ ပတ်ဝန်းကျင်မှာ ဘယ်သူ CDM မလုပ်ဘူးလည်းဆိုပြီး အပြစ်တင်ရှုံ့ချဖို့ မျက်စိဒေါက်ထောက်ကြည့်နေကြတယ်။ CDM မလုပ်ရင် ဒလံဆိုပြီး လက်တို့ဖို့ ဝန်မလေးကြဘူး။ အဆိုးဆုံးနဲ့ စောက်ရှက်မရှိဆုံးကတော့ ကျန်းမာရေးဌာနလောကပဲ။ အစိုးရ ဆေးရုံကနေ CDM လုပ်ပြီး အပြင်ဆေးခန်းမှာကျ မိန့်မိန့်ကြီး ဆေးကုစားနေကြတာကို မြင်ရတာ အတော်လေး အော့နှလုံး နာစရာ ကောင်းတယ်။ 


၈၈ က စောက်ချိုးတွေ ၊ ဒီဘက်ခေတ်မှာ လာမချိုးနဲ့တဲ့။ ၈၈ မှာ ယုံကြည်ချက်ကြောင့် တောခိုခဲ့တဲ့ ကျောင်းသားတွေကမှ အဆင့်အတန်းတခုရှိတယ်လို့ သတ်မှတ်လို့ရသေးတယ်။ သူတို့ ဦးတည်တိုက်ခိုက်တာက စစ်အစိုးရ၊တပ်မတော် တခုတည်း။ ဘယ်ဘုန်းကြီးမှ သူတို့မသတ်သလို ဘယ်အုပ်ချုပ်ရေးမှူးကိုမှလည်းသူတို့ မသတ်ဘူး။ ဘယ်ဈေးသည်မှ မသတ်သလို ဘယ်သူထိထိ ဆိုတဲ့စိတ်နဲ့ အများသူငှာသွားတဲ့ လမ်းမကြီးတွေမှာလည်း ဘယ်သူကမှ မိုင်းမထောင်ခဲ့ကြဘူး။ 


ခုတော့ သက်တော် ၉၂ နှစ်ရှိတဲ့ ဆရာတော်လည်း သတ်တာပဲ။ ထီရောင်းတဲ့ ဆိုင်လည်း မိုင်းထောင် လူသတ်တာပဲ။  မာလကာသီးရောင်းတဲ့ ဈေးသည်အမျိုးသမီးလည်း သတ်တာပဲ။ စစ်အစိုးရကို တော်လှန်တာဆိုပြီး တိုးဂိတ်တွေကိုလည်း  မီးရှို့လို့ရှို့။ ရန်ကုန်မြို့လည်က ယာဉ်ထိန်းရုံတွေ ဗုံးခွဲပြီး အောင်ပွဲခံလို့ခံ။  လက်ထဲ သေနတ်လေးရှိလာတော့ ရှေးဟောင်းပစ္စည်းလာရှာတဲ့ အမေအရွယ်တွေကိုလည်း တုတ်နဲ့ ရိုက်လို့ရိုက်။ တော်လှန်ရေး အကြောင်းပြပြီး အသတ်ခံရတဲ့ ဆရာတော်အရေအတွက်တင် အပါး ၅၀ ကျော်လာပြီ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဆိုတာ နည်းမှမနည်း။ ဘယ်မှာလဲ စစ်အစိုးရပြုတ်ကျဖို့ တော်လှန်တိုက်ခိုက်တဲ့ ရည်ရွယ်ချက်။ ဘယ်မြို့၊ ဘယ်ရပ်ရွာတွေမှာ  စစ်စခန်းတွေ အခြေစိုက်နေတာ သိတာပဲ။ သွားတိုက်ပေါ့။ ခုတော့ ဘာမှမဟုတ်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ကိုယ့်ကို မထောက်ခံတဲ့ ကျေးရွာတွေ ၊  ရွေးကောက်ပွဲအကြိုကာလက အပြိုင်အဆိုင် ဖြစ်ခဲ့ဖူးတဲ့ USDP ပါတီဝင်တွေ၊ ကိုယ့်မြို့ရပ်ရွာမှာရှိတဲ့ စစ်သားနဲ့ ရဲမိသားစုဝင်တွေ။ သူတို့‌ တွေကို သတ်လိုက်ရုံနဲ့ နစက အစိုးရပြုတ်ကျပြီး တော်လှန်ရေးကြီးအောင်တော့မယ်လို့ ဘယ်‌ လင်းတ တွေကများ မြှောက်ပေးနေခဲ့ကြတာလဲ။ 


ကိုယ်ကြုံဖူးသမျှထဲမှာတော့ အတော်လေးကို ဘုရားတရားမသိတဲ့ အောက်တန်းကျတဲ့ မျိုးဆက်တစ်ခုပဲ။ 

#ဖိုးစီ

Post a Comment

Previous Post Next Post